Tuesday, January 27, 2026

ဒုဌဝတီမြစ်ပေါ် ရေအားလျှပ်စစ်စီမံကိန်းအားလုံးရပ်တန့်ရန် လွှတ်တော်အမတ်နှင့်ပြည်သူလူထု စုပေါင်းတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း ဒုဝတီမြစ် ခေါ် နမ္မတူမြစ်ပေါ်တည်ဆောက်မည့်ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်စီမံကိန်းများအားလုံးရပ်တန့်ရန် လွှတ်တော်အမတ်များ နှင့်ဒေသခံပြည်သူများက စုပေါင်းတောင်းဆိုနေကြသည်။

SNLD လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့်ထိခိုက်နစ်နာမည့် နားမခေါ်ရွာသားများအားသွားရောက်တွေ့ဆုံပြီး နမ္မတူမြစ်ကမ်းတလျှောက် ဒေသခံများ၏လယ်ယာမြေများအားသွားရောက်ကြည့်ရှုစဉ် ( Photo by SNLD)

သီပေါမြို့နယ်အတွင်းရှိ တာလုံရွာတွင်တည်ဆောက်မည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအား မကန့်ကွက်နိုင်ပါက ဒုဌဝတီမြစ် ပေါ်တွင် ဆက်တိုက်တည်ဆောက်သွားမည့်ဆည်များကိုဆန့်ကျင်နိုင်မည့်အလားအလာမရှိကြောင်း ကျားခေါင်းပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်သည်။

“တကယ်လို့ဒီဆည်ကြီးကိုအောင်မြင်စွာမကန့်ကွက်နိုင်ခဲ့ရင် ဆည်ဆောက်မယ့်ကုမ္မဏီက ဆက်ပြီးဆောက်သွား မယ်လေ။ ဒီတခုဆောက်ပြီးရင် ဒီဒုဌဝတီမြစ်ပေါ်မှာ ထပ်ဆောက်ဖို့ပြင်ထားတာက ၂ ခု ၃ ခုရှိတယ်။ အဲလို ဆိုရင် နမ့်တူမြစ်ပေါ်မှာဆည်ကြီးက ၂ ခု ၃ ခု ရှိသွားမယ်။ ဆိုးကျိုးက သီပေါဒေသခံသာမက သျှမ်းပြည် တခွင်လုံးကို ထိခိုက်နိုင်တယ်လို့ ကျနော်တို့လေ့လာချက်အရသိရပါတယ်။” – ဟု အမှတ် ၃ မဲန္ဒနယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ကျားခေါင်းပါတီမှ စိုင်းဝမ်းလျန်းခမ်းက သျှမ်းသံတော်ဆင့်အားပြောဆိုသည်။

SNLD လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့်ထိခိုက်နစ်နာမည့် နားမခေါ်ရွာသားများအားသွားရောက်တွေ့ဆုံ စဉ် ( Photo by SNLD)

၄င်းပါ၀င်သော မူစယ်၊ သိန္နီ၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့တို့မှ SNLD ဌာနချုပ်ရုံးခွဲ၊ အလုပ်အမှုဆောင်များနှင့် SNLD လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးတို့သည် အထက် ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေလွှမ်းထိခိုက်မည့် ပြည်သူများအရေး သီပေါမြို့ ဒေသခံလူထုနှင့် သြဂုတ်လ ၁၁ ရက်နေ့ကတွေ့ဆုံကာ ရေကာတာ ဆောက်လုပ်ရေး ရပ်တန့်သည်အထိ ကန့်ကွက်သွားမည်ဟု သဘောတူခဲ့ကြသည်။

နားမခေါ်ကျေးရွာအုပ်စု၊ တာလုံကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် နားမခေါ်အုပ်စုဒေသခံလူထုနှင့်တွေ့ဆုံခဲ့ပြီး ရွာသားများ၏ အခက်အခဲများကို မေးမြန်းမှတ်တမ်းရယူကာ ဒေသခံများ၏ နေအိမ်များသို့ သွားရောက် လည်ပတ်ခဲ့ပြီး ဒုဌဝတီမြစ်နံဘေးရှိ ဒေသခံရွာသားများ၏ ဥယျာဉ်စိုက်ခင်းများအား သွားရောက်ကြည့်ရှု ခဲ့ကြောင်း လိုက်ပါသည့် သီပေါဒေသခံလူငယ် စိုင်းစိုင်းကလည်းပြောသည်။

“အီးအိုင်အေ ၊အက်စ်အိုင်အေ တွေကလည်း စစ်တမ်းကောက်ယူပြီး ဆိုးကျိုးကောင်းကျိုးတွေကို ပွင့်ပွင့်လင်းလင်းမရှင်းပြဘူးလေ။ ဖြစ်လာရင် ဒီဆည်ကြီးက တာလုံရွာတခုကိုဘဲဆိုးကျိုးပေးမှာမဟုတ်ဘူး။ တကယ်လို့တာကျိုးရင် သျှမ်းပြည်တခုလုံးကို ထိခိုက်နိုင်တယ်။ ဒီဆည်ကြီးက ကျောက်မဲအထက်ဘက်မှာရှိတယ်လေ။ လာအိုနိုင်ငံက ဆည်ကျိုးတဲ့ဟာကိုသင်္ခန်းစာယူသင့်တယ်။ ဆည်စီမံကိန်းကြီးအတွက် တကယ်လို့တာလုံဒေသခံတွေ လက်ရှိနေရပ်ကနေ ပြောင်းရွှေ့ခဲ့ရသည်တောင်မှ သူတို့သွားနေတဲ့နေရာမှာ လယ်ယာမြေတွေက ပိုင်ရှင်ရှိနေပြီးသားဆိုရင် သူတို့ လုပ်ကိုင်စားသောက်ဖို့အတွက် ထပ်ပြီးခုတ်ထွင်ရမယ်။အစကနေပြန်လုပ်ရမယ်။ ဒေသတွင်းပြသနာကိုပိုမိုကြီးထွားစေမယ်။ သူတို့ပြောင်းတဲ့နေရာအထိကော် ရေမရောက်နိုင်ဘူးလား။ အကြိမ်ကြိမ်ပြောင်းရွှေ့နေရင် ပိုမခက်ဘူးလား ။ ဒါကြောင့် ဒီပထမစီမံကိန်းကိုအောင်မြင်အေင် ဆန့်ကျင်ကန့်ကွက်နိုင်ရင်ပိုကောင်းပါမယ်။ ”- ဟု စိုင်းဝမ်းလျန်းခမ်းက ဆက်လက်ပြောပြသည်။

တာ့လုံဒေသဘက်သို့ ယခင်ကလည်း လူမှုအခြေပြုအသင်းအဖွဲ့များ၊ လယ်သမားများအဖွဲ့၊ နိုင်ငံရေးပါတီများကလည်းမကြာခဏရောက်ရှိကာ ဗဟုသုတများ ၊ကောင်းကျိုးဆိုးကျိုးများကို ဆွေးနွေးဖလှယ်ခဲ့ဖူးကြောင်း သိရသည်။

တာလုံဒေသခံတခုဘဲရှိသေးတယ်အထက်ရဲရွာဆည်စီမံကိန်းကြီးရဲ့ဆိုးကျိုးကိုသိတာ။ ဆန့်ကျင်ကန့်ကွက် နေတာလည်း သူတို့ဘဲ ရှိနေတော့ ထိရောက်မှုရှိဖို့ခက်တယ်။ ဒါကြောင့် အားလုံးက လက်တွဲ ပူးပေါင်းမှုပေးပြီး ဆက်လက်ဆန့်ကျင်ကန့်ကွက်သွားဖို့လိုနေတယ်။ – ဟု ၄င်းကဖြည့်စွက်ပြောကြားသည်။

ကျောက်မဲမြို့နယ် အတွင်း တည်ဆောက်သည့် ရေကာတာသည် လွန်ခဲ့သည် ဖေဖော်ဝါရီ လ အတွင်း မြေပြိုမှု တကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်ပွားမှုကြောင့် ဒေသခံများ ထိတ်လန့်မှု များဖြစ်ပွားခဲ့ရသည် ဟုလည်း ဒေသခံတဦးဖြစ်သည့် နန်းလှိုင်းလှိုင်း က ပြောသည်။

ရေကာတာ တည်ဆောက်မှုတွေ အတွက် လယ်ယာမြေ အစားထိုး မည်ဟု ပြောဆိုသော်လည်း လက်ရှိ အချိန်ထိ မရရှိသေးကြောင်း၊ ထို့အပြင် လျော်ကြေးငွေ ကိစ္စ လည်း ပြောဆိုခြင်း မရှိသေးကြောင်း ဒေသခံများထံ သိရသည်။
ကျောက်မဲ ခရိုင် တွင် တည်ဆောက်လျက်ရှိသည့် အထက်ရဲရွာ ရေကာတာ တွင် ပါဝင်ပတ်သတ်သည့် နိုင်ငံများမှာ တရုတ်၊ ဆွစ်ဇလန်၊ ဂျာမနီ နှင့် ဂျပန် ကုမ္ပဏီများ ဖြစ်သည်။

အဆိုပါ စီမံကိန်း ပြီးစီးပါက တာလုံကျေးရွာမှ နေထိုင်သည့် လူဦးရေ ၆၈၃ ၊ကဗ္ဗလာ ဥယျာဉ်ခြံ မြေ ၁၈၄ဧက ၊ လယ်မြေ ၁၇၄ ဧက၊ စိုက်ခင်းများ၊ စေတီပုထိုးများ ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ ရေအောက်သို့ နှစ်မြှုပ်သွားမည် ဟုလည်းသိရသည်။နမ္မတူ ( ဒုဋ္ဌဝတီ ) ခေါ် မြစ်ငယ်မြစ်မြစ်ပေါ် သျှမ်းကုန်းမြင့် ဒေသတွင် အထက်ရဲရွာ ၊ အလယ်ရဲရွာ စသဖြင့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်ထည် ဖော်နေပြီး အများစုမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်းသိရသည်။

ဒုဌဝတီမြစ်ပေါ်တွင် တည်ဆောက်ရန်စီစဉ်ထားသည့် ဆည် ၅ နေရာရှိရာ မန္တလေးတိုင်းအတွင်း ကျောက်ဆည်မြို့နယ် ရဲရွာအတွင်း ၂ ခုနှင့် သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်အလယ်ရဲရွာ၊ ကျောက်မဲမြို့နယ် (တာ့လုံရွာ)တွင် အထက်ရဲရွာနှင့် သီပေါမြို့နယ် လီလုတာတေရွာရှိ မိုးတေရေကာတာ တို့ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...
Lashio_Hsipaw_Road_Cut_Out

သျှမ်းမြောက်လမ်းပိုင်းအား စစ်ကော်မရှင်နှင့် MNDAA အပြန်အလှန်ပိတ်ဆို့၍ လူထုအခက်ကြုံ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ဖိအားပေးမှုကြောင့် နှစ်ဘက်စစ်ရေး ပြန်လည်တင်းမာလာပြီး အပြန်အလှန် လမ်းပိတ်ဆို့မှု များကြောင့် ပြည်သူများ သွားလာရေးခက်ခဲနေကြောင်း စုံစမ်းသိရသည်။