Friday, April 19, 2024

နားမခေါ်အုပ်စု

သီပေါ စစ်ရှောင်ရွာသားတဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာ့လုံရွာအနီးယနေ့ဖြစ်ပွါးသောတိုက်ပွဲကြောင့်  စစ်ဘေးရှောင်ရွာသားတဦး ကျည်စထိမှန်ဒဏ်ရာအပြင်းအထန်ရရှိသဖြင့်သီပေါဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုနေရကြောင်းသိရသည်။ ဇန်နဝါရီလ ၂၂ ရင် ယနေ့မွန်းလွဲပိုင်းက နားမခေါ်အုပ်စု တာ့လုံရွာအနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ ရွာသားများနည်းတူ ရွာသားစိုင်ကမ် (အသက် ၂၂ နှစ်) စစ်ဘေးရှောင်နေစဉ် လမ်းတွင်လက်နက်ကြီးကျည်ကျသဖြင့် ကျည်စထိမှန်ကာဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နားမခေါ်ဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်အမျိုးသား စိုင်းစိုင်း က- “ပစ်ခတ်သံစစကြားတုန်းက သူထွက်မပြေးရဲဘူး။...

Latest news