Wednesday, January 28, 2026

အဝေးသင် ကျောင်းသား အနီးကပ် ၂ ကြိမ် တက်ရမည့်အပေါ် အခက်အခဲရှိဟုဆို

 

အဝေးသင် ဝိဇ္ဇာဘာသာရပ်အထူးပြု ကျောင်းသားများ အနီးကပ် ၂ ကြိမ် တက်ရမည့်အတွက် အခက်အခဲများစွာ ရှိကြောင်း သိရသည်။

အဝေးသင် ပညာရေး အရည်အသွေး မြင့်မားစေရန် တနိုင်ငံလုံးရှိ အဝေးသင် (ဝိဇ္ဇာ) အနီးကပ် ၁၀ ရက်အစား ၅ ရက် ၂ ကြိမ် တက်ရန် လုပ်ဆောင်နေကြောင်း အဆင့်မြင့် ပညာ ဦးစီးဌာန ထုတ်ပြန်ခဲ့သည်။

“ ငွေကြေးဆိုင်ရာ အခက်အခဲ ရှိလို့အဝေးသင်တက်တာပါ။ အဝေးသင် တက်နိုင်ဖို့ကလည်း အလုပ်လုပ်ပြီးတက်ရတာလေ။ စနစ်ဟောင်းတုန်းကဆိုရင် အဆင်ပြေပါတယ်။တနှစ်လုံး ငွေစုပြီး သွားတက်ရုံပဲ” ဟု မူဆယ်မြို့ မှ တတိယ နှစ် ဒဿနိက ဗေဒ အထူးပြု စိုင်းဆိုင်လျန်း က ပြောသည်။

လက်ရှိ အဝေးသင် ဝိဇ္ဇာ အထူးပြုကို တနှစ် လျှင် ၂ ကြိမ် တက်ရပါက အဆင်မပြေကြောင်း၊ တကြိမ်ကို ၅ ရက်သွားပါက ကုန်ကျစရိတ်များမည်ဖြစ်သဖြင့် တချို့ ကျောင်းသားများ ကျောင်းတက်ရန် ခက်ခဲကြောင်း လည်း စိုင်းဆိုင်လျန်းက ပြောသည်။

“ တချို့ကျောင်းသားဆိုရင် ကျောင်းသွားတက်လို့ ပြန်လာရင် အလုပ်အသစ်ပြန်ရှာရတယ်။ တချို့ဆိုရင် ၂လ၊ ၃လ နေမှ အလုပ်ပြန်ရတယ်။ အခု စနစ် က ကျောင်းသားဘက်ကနေ ကြည့်ရင် ဘယ်လိုမှ အဆင်မပြေဘူး” ဟု စိုင်းဆိုင်လျန်း က ဆိုပြန်သည်။

အဝေးသင်တက်ရောက်သူများသည် လုပ်ငန်းခွင်တွင် ဝင်ရောက် လုပ်ကိုင်သူများဖြစ်ကြပြီး၊ တချို့ မှာ ကုမ္ပဏီ ဝန်ထမ်းများဖြစ်သည့်အတွက် ခွင့်ယူရန် ခက်ခဲကြောင်း၊ ခွင့်ယူသည့်အခါတွင်လည်း လုပ်ငန်းရှင်များက မကြည်ဖြူမှုများခံရကြောင်းလည်း အဝေးသင် တက္ကသိုလ်ကျောင်းသားများက ပြောသည်။

“ ပညာရေးမှာ ဘယ်လို အထောက်အကူ ဖြစ်လို့ အဲ့လိုစနစ် ပြင်လိုက်လဲ တော့ မသိဘူး။ ကျနော် အမြင်ကတော့ ဒီလို ပြင်လိုက်တာဟာ ပညာရေး တိုးတက်ဖို့အတွက် မယောင်ရာ ဆီလူးနေတာပဲ လို့ မြင်မိတယ်” ဟု စိုင်းဆိုင်လျန်းက ထောက်ပြပြောဆိုလိုက်သည်။

ဆက်လက်ပြီး ဒုတိယနှစ် သမိုင်းအထူးပြု နန်းမို့ က “ အဝေးသင် ၂ ကြိမ်ခွဲ တက်တာတော့ အဆင်မပြေဘူး။ အလုပ်တဖက်နဲ့ ကျောင်းတက်ရတာ သွားဖို့ခက်တယ်။ အဝေးသင် စနစ်သစ်တကယ်ပြောင်းရင်တော့ ကျောင်းပြန်တက်ဖို့ခက်ခဲပါမယ် ” – ဟု နန်းမို့ ကပြောသည်။

အဝေးသင် တက်ရောက်သည့် ကျောင်းသားများအတွက် နှစ်ကြိမ်ကျောင်းတက်ရမည့်ကိစ္စသည့် အခက်အခဲရှိနိုင်သော်လည်း အဝေးသင် ပညာရေး အရည်အသွေး မြင့်မားဖို့ အဓိက ဦးတည်ချက်ကြောင်း ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

အဝေးသင်ပညာရေး စနစ် ဝိဇ္ဇာ ဘာသာတွဲများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများအား ပုံမှန် တက်ရောက်နေသည့် မေလ ၅ ရက်တကြိမ်၊ နိုဝင်ဘာ လ တွင် နောက်ထပ် ၅ ရက် အဖြစ် နှစ်ကြိမ်ခွဲ တက်ရောက်ရမည် ဖြစ်သည်။

အဝေးသင် ဝိဇ္ဇာ ဘာသာရပ်အထူးပြု ကျောင်းသားများ အနီးကပ် နှစ်ကြိမ် တက်ရမည်ကို ပတ်သတ်ပြီး “ ကျောင်းသားထု ဆန္ဒမပါသော အဝေးသင် စနစ်သစ်အလိုမရှိ” “ ဖဲကြိုးနီလှုပ်ရှားမှု” ကို လူမှုကွန်ရက်တွင် ယနေ့ စတင်ပြုလုပ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံ ကလေး သန်းနှင့်ချီ ပညာရေးဆုံးရှုံးနေ

0
နှစ်စဉ် စက်တင်ဘာလ ၈ ရက်ရောက်တိုင်း ကမ္ဘာ့နိုင်ငံအနှံ့တွင် လူတိုင်းပညာသင်ယူခွင့်ရရှိစေရန် အသိပေးနှိုးဆော်သည့်နေ့အဖြစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပလေ့ရှိသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးသူ (၇) သန်းဝန်းကျင် ရှိနေသည်။ အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၉ ဒသမ...

ပညာရေးကို အားပေးမှသာ နိုင်ငံပြန်လည်အေးချမ်းလာနိုင်ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌပြော

0
သျှမ်းပြည်အတွင်း ကြုံတွေ့နေရသည့် အသေးအမွှား ပြဿနာများမှသည် နိုင်ငံရေးပြဿနာအထိ ဖြေရှင်းနိုင်ရန် ပြည်သူများအားလုံး ပညာရေးကို အားပေးမှသာ နိုင်ငံပြန်လည် အေးချမ်းလာနိုင်ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။ ယနေ့ (ဇွန်လ ၂၉ ရက်) တွင် သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ သျှမ်းကွန်မြူနတီကောလိပ် (Shan Community...

အခြေခံပညာကျောင်းသို့ ကလေးများကို စိုးရိမ်စိတ်ဖြင့် ပို့ရ

0
ယခုနှစ် ၂၀၂၄ ဇွန်လသည် ကျောင်းစတင်ဖွင့်သည့်ရက်ဖြစ်ကာ အခြေခံ ပညာကျောင်းသို့ ကလေးများကို စိုးရိမ်စိတ်ဖြင့် ပို့ဆောင်နေရကြောင်း မိဘများက ပြောသည်။ မြန်မာတဝှမ်းတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် မေ ၂၃ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ တွင် ကျောင်းအပ်ကာလအဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် ယမန်နေ့ (ဇွန်...

လားရှိုးတက္ကသိုလ်ရှိ အဝေးသင်စာမေးပွဲများ အားလုံး ရပ်ဆိုင်း။

0
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့‌‌ရှိ လားရှိုးတက္ကသိုလ်တွင် ကျင်းပလျှက်ရှိသော ၂၀၂၃-ပညာသင်နှစ် အဝေးသင်တက္ကသိုလ် တတိယအသုတ် မြန်မာစာနှင့် သမိုင်း အထူးပြုသင်တန်းများ အားလုံး၏ စာမေးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ်၏ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၁၆ရက် ယနေ့မှ စတင်၍ ရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင် မှ...

ရင်တထိတ်ထိတ် နဲ့ ပညာသင်ကြားနေရတဲ့ စစ်ရှောင်ကလေးများဘဝ

0
“တောထဲမှာနေရင်တော့ ကလေးတွေ စာကောင်းကောင်း မသင်ရဘူး။ အဲကြောင့် ကျနော်တို့လည်း ကလေးတွေရဲ့ ပညာရေးကို ကြည့်ပြီးတော့ ဒီဆီဆိုင်ဘက်ကို ပြောင်းလာလိုက်တာ” လို့ စိုင်းအောင်က ပြောပါတယ်။ စိုင်းအောင်တို့ မိသားစုဟာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် တောတောင်ထဲမှာ ပုန်းခိုနေခဲ့ရတဲ့ သူတွေဖြစ်ပါတယ်။ လက်ရှိမှာ...