Thursday, January 29, 2026

CATEGORY

သတင်း

နမ္မတူမြို့တွင်ကိုယ်ထူကိုယ်ထမူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်း

သျှမ်းပြည်မြောက်ပိုင် နမ္မတူမြို့တွင် ဒေသတွင်းလူငယ်များ မူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရေး အတွက်ရည်ရွယ်ကာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ၂၆ ရက်နေ့က လူမှုအသင်းအဖွဲ့ ၊ NGO အဖွဲ့၊ ရပ်ကွက်၊ အုပ်စုအုပ်ချုပ်ရေးမှူး ၊ ကျောင်းဆရာများအဖွဲ့၊ ရဲ အာဏာပိုင်များနှင့်နမ္မတူဒေသခံများ စုပေါင်းကာ နမ္မတူမြို့ ဓမ္မာရုံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို...

သံလွင်မြစ်ရေကာတာနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရမှ တိတ်တဆိတ်အကောင်အထည်ဖော်မည်ကို စိုးရိမ်

တာ့ဆန်း ခေါ်သံလွင်မြစ်အထက်ပိုင်း (မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်း နှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရမှ တိတ်တဆိတ်အကောင်အထည်ဖော်မည်ကို အရပ်ဖက်အဖွဲ့ အစည်းများ မှစိုးရိမ် နေကြကြောင်းသိရသည် ။ “ဖေဖော်ဝါရီလတုန်းက Three Gorges တရုတ်ကုမ္ပဏီက နိုင်ငံခြားသားတွေ ကျမတို့ သျှမ်းအရှေ့ကိုရောက် လာတယ်။မိုင်းတုံမှာရှိတဲ့ဝမ်ဆာလားကိုဝင်လာတယ်ဆိုတဲ့သတင်းရတယ်၊ဒေသခံလူထုတွေကလဲစိတ်ပူပြီးကျမတို့ကိုသတင်းပို့တယ်။ကျမတို့အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့စိတ်ပူကြတယ်၊ဒါနဲ့ကျမတို့ဖတ်ရတဲ့စာအရ ပြည်ထောင်စုအစိုးရ ရဲ့ခွင့်ပြုချက်နဲ့သူတို့ဝင် လာ တယ် သျှမ်းပြည်နယ်အစိုးရတောင်...

မူစယ်မြို့ တရုတ်နယ်စပ်က တရုတ်စိုက်ပျိုးရေးဘဏ် ဒေသခံကုန်သည်များရဲ့ဘဏ်စာအုပ်ထပ်မံပိတ်သိမ်း

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တဘက်ကမ်း တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့ စိုက်ပျိုးရေးဘဏ်မှာ ၂ နိုင်ငံနယ်စပ် နေဒေသခံတွေရဲ့ ဘဏ်စာအုပ်တွေကို တရုတ်အာဏာပိုင်တွေက ထပ်မံပိတ်သိမ်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကတည်းက စတင်ပိတ်လိုက်တာဖြစ်ပြီး ကနေ့အထိ ပြန်မဖွင့်ပေးသေးဘူးလို့ မူစယ်ဒေသခံတွေက ပြောဆိုပါတယ်။ “အခုလောလောဆယ် ကျနော်တို့သိရတာကတော့ မူစယ်ဘက်က တယောက်ပါသွားတယ်။ တရုတ်ငွေ ၁...

လားဟူဒီမိုကရက်တစ်အစည်းအရုံး သျှမ်း/အရှေ့ ရ မြို့နယ်မှာလူထုနဲ့တွေ့ဆုံမယ်

မကြာသေးခင်က NCA စာချုပ်လက်မှတ်ရေးထိုးလိုက်တဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဟာ သျှမ်းပြည်အရှေ့ပိုင်း ရ မြို့နယ်က လူထုနဲ့တွေ့ဆုံကြမယ်လို့သိရပါတယ်။ တွေ့ဆုံမယ့်ရက်ကိုတော့ မကြေငြာသေးပါဘူး။ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်း၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းတုံ နဲ့ မိုင်းယောင်းတို့မှာရှိတဲ့လားဟူလူထုနဲ့ တွေ့ဆုံသွားကြမှာဖြစ်ပြီး စည်းလုံးညီညွတ်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။ LDU အထွေထွေအတွင်းရေးမှူး ဆရာဆော်လမွန်ကတော့ - "ရှေ့ဆက်လုပ်ငန်းစဉ်မှာ အမျိုးသားရေးအတွက်...

တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိနေအိမ်တလုံးမီးလောင်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရတနာသီရိရပ်ကွက် နီလာလမ်းရှိ နေအိမ်တလုံးမီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ပါတယ်။ အဆိုပါနေအိမ်ဟာ တောင်ကြီး-ရန်ကုန်-မန္တလေးပြေး ရွှေတောင်ရိုးဂိတ်ပိုင်ရှင် ရဲ့နေအိမ်ဖြစ်တယ်လို့ကနဦးသိရပါတယ်။ မတ်လ ၂၆ ရက် ညနေ ၃:၁၅ မှာ မီးစလောင်ကျွမ်းပြီး ၃:၂၅ နာရီမှာ မီးသတ်ကား ၄ စီး ရေသည်ကား ၃ စီးဖြင့် မီးငြိမ်းနိုင်ခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွါးရခြင်းအကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့...

သံဃာတော်များအမှူးပြုသည့်ဒေသလူထု စုပေါင်းအင်အားဖြင့် လင်းခေးမြို့မြောက်ဘက် ၁၁ မိုင်အရှည်လမ်းအား ကွန်ကရစ်လမ်းခင်း

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့မှာ သံဃာတော်တွေဦးဆောင်ဦးရွက်ပြုပြီး ဒေသခံကျေးလက်လူထုရဲ့ ငွေအားလူအင်အားနဲ့ အရှည် ၁၁ မိုင်ရှိတဲ့ လမ်းကို စုပေါင်းခင်းမှုတခု ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လ ၂၂ ရက်နေ့က ရွာသားတွေ စုပေါင်းလမ်းခင်းကြတာဖြစ်ပါတယ်။ လင်းခေးခရိုင် လင်းခေးမြို့နယ် ဟိုင်းကွေ ၊ နောင်လုံ၊ ၀မ့်စစ်အုပ်စုက ရွာပေါင်း ၃၀ က ရွာသားတွေဖြစ်ကြပါတယ်။ “ဦးဇင်းတို့ ဒီလမ်းဟာ...

အိန္ဒိယနယ်စပ် တမူးမြို့ရှိ တိုင်းလျန်သျှမ်းလူမျိုးများ ပထမအကြိမ် သျှမ်းစာပေနှင့်သျှမ်းစကားသင်တန်းပြုလုပ်

စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် ဒေသတွင်းအကြီးအကဲများနှင့်လူငယ်များစုပေါင်းကာ နွေရာသီ သျှမ်းစာပေနှင့်သျှမ်းစကားသင်တန်း တရပ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ စစ်ကိုင်းတိုင်း ကဘော်ဒေသ တမူးမြို့နယ် မန်းဆာရွာအထက်တန်းကျောင်း တွင် အဆိုပါသင်တန်းပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ “ တမူးက ပီနောင့်တိုင်းလျန် (သျှမ်းနီ) ရဲ့အကြီးအကဲဖြစ်တဲ့ စိုင်းကျော်သန်းနဲ့ စိုင်းထွန်းရှိန်တို့ကနေ တိုင်းလျန်လူငယ်တွေ ကို သျှမ်းစာပေနဲ့ သျှမ်းစကား ၂ ခုလုံး သင်ကြားပေးချင်တယ်လို့ပြောဆိုလာတယ်။...

ဆီဆိုင်မြို့နယ်မှ ကျေးလက်ရွာသားတဦးအား ဒေသခံပြည်သူ့စစ်မှ သေနတ်ပစ်ခတ်ခြိမ်းခြောက်ကာရိုက်နှက်

သျှမ်းပြည် တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုတွင် ဒေသခံရွာသားတဦးအား ဌာနေပြည်သူ့စစ်မှ တပ်ခွဲမှူးအဆင့်အရာရှိက ရိုက်နှက်မှုဖြစ်ပွါးခဲ့သည်။ မတ်လ ၂၀ ရက်နေ့က ရိုက်နှက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး အရိုက်ခံရသည့် ဒေသခံ ဦးထွန်းအောင်မှာ လက်ရှိတောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေကြောင်းသိရသည်။ “ထိကလိုင်း ရွာသူကြီး ဦးစောဆိုသူကို ဒေသခံ ပြည်သူ့စစ်အဖွဲ့ ဗျူ ဟာ(၁) တပ်ခွဲ...

NCA စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် လားဟူဒီမိုကရက်တစ်ယူနီယံ ဆဌမအကြီစုံညီ ညီလာခံ ကျင်းပ ဗဟိုကော်မတီဝင်များပြန်လည်ဖွဲ့စည်း

လားဟူဒီမိုကရက်တစ်ယူနီယံ LDU ဆဌမအကြိမ်မြောက်ညီလာခံကို ထိုင်းနယ်စပ်တနေရာတွင်ကျင်းပရာ ဗဟိုကော်မတီဝင်များပြန်လည်ဖွဲ့စည်းခြင်းအပါ၀င် လားဟူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားရန် အထူးဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ပြည်တွင်းပြည်ပရှိ လားဟူအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၅၀ ကျော်တက်ရောက်သည့် အဆိုပါ ညီလာခံအား မတ်လ ၁၉ နှင့် ၂၀ ရက်နေ့ ၂ ရက်တာကျင်းပခဲ့ကြောင်းသိရသည်။ “ဒီညီလာခံမှာ လားဟူတိုင်းရင်းသားကိုယ်စားလှယ် စုံစုံညီညီတက်ရော်ကဲ့ပါတယ်။ ဗဟိုကော်မတီဝင်တွေအပြင် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ရယ်...

မိုင်းဖြတ်မြို့နယ် နမ့်ပန်ချောင်းအတွင်း ရွှေတူးဖော်ဆယ်ယူသည့် ဖောင်အားဖမ်းဆီးရမိ  

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်ရှိ နမ့်ပန်ချောင်းအတွင်း ရွှေတူးဖော်ရေးစက်ပစ္စည်းများတင်ဆောင် ထားသော ပိုင်ရှင်မဲ့ဖောင်တစီးကိုဖမ်းဆီးရမိကြောင်းသိရသည်။ မတ်လ ၁၈ ရက် မနက်ပိုင်းက အဆိုပါဖောင်အား မိုင်းဖြတ်မြို့နယ် နမ့်ယောင်းရွာအနီး နမ့်ပန်ချောင်းအတွင်း ဖမ်းမိခြင်းဖြစ်သည်။ သို့သော် ဖောင်ပိုင်ရှင်အား ဖမ်းဆီးရမိခြင်းမရှိကြောင်း ဆိုပါသည်။ “ဒီအသေးစားဖောင်လေးနဲ့နမ့်ပန်ချောင်းထဲ ရွှေဆယ်ယူတဲ့လူတွေဟာ ဒေသတွင်းအာဏာပိုင်တွေ နဲ့စည်း ချက်ရိုက်ပြီးလုပ်နေတာ။ ဒေသတွင်းလူထုက ဒီရွှေဆယ်နေတာကိုအလိုမရှိကြောင်း အထက်ကိုတင်ပြတာရှိရင်...

Latest news