ရလခ တိုင်းရုံးမှ စီစဉ်ညွှန်ကြားမှုဖြင့် မိုင်းပန်စစ်ဘေးရှောင်များ နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နောင်မွန်အုပ်စုအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးတင်းမာမှုကြောင့် နေရပ်မှ အသီးသီး စွန့်ခွါ စစ်ရှောင်နေသည့်ရွာသားများအား နေရပ်ရင်းပြန်ကြရန် ရလခတိုင်းမှ ဆင့်ဆို ညွန်ကြားခဲ့ပြီး စစ်ကား ရ စီးဖြင့် စစ်ရှောင်များအား ပို့ဆောင်ခဲ့ကြောင်းသိရသည်။

Photo by Mongpan Youth- လင်းခေးမြို့မှမိုင်းပန်စစ်ဘေးရှောင်များအား စစ်ကားကြီးဖြင့်နေရပ်ပြန်ပို့ရန် သယ်ဆောင်လာသည်ကိုတွေ့ရစဉ်

လင်းခေးမြို့သို့ စစ်ရှောင်အဖြစ်သွားရောက်ခိုလှုံနေသော မိုင်းပန်မြို့နယ် နောင်မွန်အုပ်စု လုံချိုရွာသား ရ၀ ကျော်အား ဇန်နဝါရီလ ၁၄ ရက် မွန်းတည့်ချိန်က စစ်ကားကြီး ရ စီးဖြင့်တင်ဆောင်ကာ နေရပ်ရင်းပြန်ပို့ ခဲ့ ကြောင်း မိုင်းပန်မြို့ တပ်တွင်းနှင့်နီးစပ်သူ ၀န်ထမ်းတဦးကပြောသည်။

“စစ်ကား ရ စီးနဲ့တင်လာတယ်။ တပ်ထဲမှာ နေ့လည်စာလာကျွေးတယ် ။ ညနေ ၃ နာရီလောက်မှာ နောင်မွန် အုပ်စုက သူတို့ရွာကိုပြန်ပို့ပေးတယ်။ ရလခ တိုင်းမှူးအမိန့်နဲ့လို့ ကြားရတယ် ”- ဟု ၄င်းက သျှမ်းသံတော်ဆင့် အားပြောပြသည်။

လင်းခေးသို့လည်းကောင်း ၊ သံလွင်အရှေ့ခြမ်း ၀ ထိန်းချုပ်နယ်မြေ ဟွေ့အော့ ဘက်သို့လည်းကောင်းသွားရောက်ခိုလှုံနေကြသည့်ရွာသားများအားနေရပ်ရင်းပြန်ရန် ပြီးခဲ့သည့်သောကြာနေ့ကတည်းက ရလခတိုင်းက ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းပန်ဒေသခံတဦးကလည်းပြောသည်။

“သံလွင်အရှေ့ခြမ်း ဟွေ့အော့၊နားကောင်းမူးဘက်ကို တိမ်းရှောင်သွားတဲ့ မိုက်ပုတ်၊ ပန်ပိရွာက ရွာသား ၃၀၀ ကျော်တော့ ပြန်မရောက်လာသေးဘူး။ နောက် ၁ ရက် ၂ ရက်လောက်မှ ပြန်လာမယ်လို့ ကြားရတယ်။ တာ့ဆန်းလမ်းကနေ ပြန်လာမယ်လို့ကြားရတယ် ။” – ဟု လည်းမိုင်းပန်ဒေသခံ က ဆက်လက်ပြောပြသည်။

Photo By Mongpan Youth- လင်းခေးမြို့မှမိုင်းပန်စစ်ဘေးရှောင်များအား စစ်ကားကြီးဖြင့်နေရပ်ပြန်ပို့ရန် သယ်ဆောင်လာသည်ကိုတွေ့ရစဉ်

နားမွန်အုပ်စုမှ ရွာသားများသည် ပြီးခဲ့သည့်ဒီဇင်ဘာလကတည်းက ဒေသအတွင်းလှုပ်ရှားသည့် PNLO ၊ RCSS/SSA နှင့်အစိုးရတပ်မတော် တို့ကြား စစ်ရေးတင်းမာမှု၊ လူအင်အား၊ ရိက္ခာအင်အားတောင်းဆိုမှုများကြောင့် ရွာတွင်မနေရဲကြတော့ဘဲ သံလွင်အရှေ့ခြမ်းသို့ ၃၀၀ ကျော်၊ လင်းခေးသို့ ရ၀ ကျော်နှင့် မိုင်းပန်မြို့တွင်းမှတဆင့် တခြားဒေသ (အများစုမှာ ထိုင်းနိုင်ငံ) သို့ အသီးသီးတိမ်းရှောင်ခဲ့ကြသည်။

လင်းခေးရောက် စစ်ရှောင်တဦးကမူ – “ရှင်းရှင်းပြောရင် ကျနော်တို့မပြန်ချင်သေးဘူး။ စစ်မှုထမ်းရမှာစိုးလို့။ ပြည်သူ့စစ်လုပ်ရမှာစိုးလို့။ ၀မ်းစာရှာစားလို့ခက်တဲ့အထဲ အခုလိုအခြေအနေကြောင့် ကလေးပညာရေးလည်းထိခိုက်တာကြောင့် ဖြစ်နိုင်ရင် အခြေအနေတကယ်ငြိမ်သက်ပြီးမှဘဲ ပြန်ချင်တယ် ” – ဟုပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များကြား ပဋိပက္ခကြောင့် ဒေသခံများ လယ်ယာလုပ်ငန်းခွင် ပျက်ခဲ့ရသည့်အပြင် ဘုန်းကြီးကျောင်းများပါ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ် စစ်ရှောင်နှစ်ဉီး စစ်တပ်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄)ရက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်တို့က မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့်...