Friday, April 19, 2024

မန္တလေး-မူစယ်ရထားလမ်းဖောက်လုပ်ရေး တရုတ်ကုမ္မဏီမြေနေရာ စတင်ကွင်းဆင်းမှတ်တမ်းကောက်

Must read

မန္တလေး-မူစယ် မီးရထားလမ်းဖောက်လုပ်ရေးအတွက် တရုတ်နိုင်ငံ China Railway Eryuan Engineering Group Co.,Ltd) မှ သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင်အစည်းအဝေးကျင်းပကာ မြေနေရာနှင့် မြေဆီမြေသားများကိုကွင်းဆင်းစစ်ဆေး မှုပြုနေကြောင်းသိရသည်။

Photo Credit to : https://www.scmp.com

ကုမ္မဏီအနေဖြင့် ဇန်နဝါရီလ ၅ ရက်နေ့က မူစယ်မြို့တွင် အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြေသားများ ကွင်းဆင်းမှတ်တမ်းရယူမှုအဖွဲ့သည် ဇန်နဝါရီလ ၆ မှစတင်ကာ ကွင်းဆင်းနေပြီဖြစ်ကြောင်း ၊ ဧပြီလ ၁၃ ရက်နေ့အထိ ကွင်းဆင်းမည်ဖြစ်ကြောင်းသိရသည်။

တဖွဲ့က နောင်ချိုကနေ လားရှိုးအထိ ကွင်းဆင်းမှာဖြစ်ပြီးတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ကျရင် နောက်တဖွဲ့က မူစယ်ကနေ လားရှိုးအထိ ကွင်းဆင်းသွားမှာဖြစ်တယ်။ အဲလိုဆိုရင် ဒေသခံတွေရဲ့ လယ်ယာမြေတွေအတွက် နစ်နာကြေး ပေးမလား ဘယ်လောက်ပေးမလဲ ၊ ဂက်စ်ပိုက်လိုင်းတုန်းကလိုဘဲ အဓမ္မသိမ်းယူမှုတွေရှိမလားဆိုတာစောင့်ကြည့်ဖို့လိုပါတယ် – ဟု သျှမ်းပြည်မြောက်ပိုင်းဒေသခံ လယ်ယာလုပ်ငန်းရှင်တဦးကပြောသည်။

မူစယ် – မန္တလေး မီးရထားလမ်းသစ်သည် ၄၃၁ ကီလိုမီတာရှည်လျားမည်ဖြစ်ပြီး ၄င်းအတွက် တံတား ၇၇ စင်းဆောက်ရမည်ဖြစ်ပြီး၊ တောင် ၇၇ နေရာ (အရှည် ၁၁၅ ကီလိုမီတာ)ဖောက်ရမည်ဖြစ်ကြောင်း၊ ကုန်နှင့်ခရီးသည် တင်ရန် ဘူတာ ၇ နေရာ ၊ ခရီးသည်တင်မည့်ဘူတာ ၅ နေရာ၊ လမ်းခွဲ ၂၄ နေရာရှိမည်ဖြစ်ကြောင်း၊ ရထားသည် တနာရီ ၁၆၀ ကီလိုမီတာ (၉၉ မိုင်) မောင်းနှင်မည်ဖြစ်ကြောင်းသိရသည်။

“တရုတ်အဂျင်္င်နီယာတွေကနေ လာဆောက်မယ်။ ဆောက်လုပ်ရေး ပစ္စည်းကလည်း တရုတ် ကနေ ယူလာမှာဖြစ်တယ်လို့ကြားရတယ်။ ဂက်စ်၊ရေနံပိုက်လိုင်းကြီးနဲ့အပြိုင် ဆောက်လုပ်သွား မှာဖြစ်တဲ့ အတွက် တကယ်လို့ ဆောက်လုပ်ပြီးစီးသွားရင်တော့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားနိုင်မှု အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ စဉ်းစားစရာဖြစ်ရတာပေါ့” – ဟု လည်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင်ပါ၀င်ဆောင်ရွက်လာခဲ့ သူတဦးကလည်းပြောပါသည်။

တရုတ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက်မည့် အဆိုပါ မန္တလေး – မူစယ် မီးရထားလမ်းသည် လမ်းခရီးအရှည်ဆုံး ရထားလမ်းတခုဖြစ်ပြီး ရန်ကုန်-မန္တလေး ကားခရီးစဉ်ထက် ၂ ဆ ပိုမိုမြန်ဆန်ကာ မူစယ် မန္တလေး ၃ နာရီခန့်သာအချိန်ကြာ မည်ဖြစ်ကြောင်း သိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article