Wednesday, January 28, 2026

သျှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ကူညီ နေသည့် တပ်မတော်ကို စုံစမ်းစစ်ဆေး အရေးယူသင့် ICG တိုက်တွန်း

သျှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု ကို ကူညီခြင်း ၊ မသိမမြင်ယောင်ဆောင်ခြင်းပြုလုပ်နေသော တပ်မတော် ကို စုံစမ်း စစ်ဆေးကာ စနစ်တကျ အရေးယူ ပြုလုပ်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာပဋိပက္ခများ စောင့်ကြည့်ရေးအဖွဲ့ ICG က တိုက်တွန်းလိုက်သည်။

Photo credit to ABC

သျှမ်းပြည်နယ်တွင် မက်သာဖက်တမင်း ပုံဆောင်ခဲ (အိုက်စ်) (ice) ထုတ်လုပ်မှုသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဗဟိုချက်တခုဖြစ်ပြီး မြန်မာ နိုင်ငံတွင် သာမက အိမ်နီးချင်း များ အာရှ- ပစိဖိတ် တလွှားတွင် ပါ ကာလ တန်ဖိုး ဒေါ်လာ ဘီလီယံ ဆယ်ဂဏန်း တန်းရှိ ကြီးမားသည့် မူးယစ်ဆေးဝါး ပမဏာအများအပြားကို နှစ်စဉ်ဖမ်းမိကြောင်း “ စစ်မီး နှင့် ရေခဲ (အိုက်စ်) မြန်မာနိုင်ငံ ၏ သျှမ်းပြည်နယ်မှ ပဋိပက္ခနှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် အစီရင်ခံစာ ထုတ်ခဲ့သည်။

အဆိုပါ အစီရင်ခံစာကို ဇန်နဝါရီ ၈ ရက် နေ့တွင် အပြည်ပြည်ဆိုင်ရာပဋိပက္ခများ စောင့်ကြည့်ရေး အဖွဲ့ ICG က ထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို သျှမ်းပြည်နယ်ရှိ ဘေးကင်းလုံခြုံသော နေရာများတွင်ပြုလုပ်ကြရာ မြန်မာ့ တပ်မတော် နှင့် မဟာမိတ်ဖြစ်သည့် ပြည်သူ့စစ်များနှင့် စစ်တပ်ကဲ့သို့သော လက်နက်ကိုင် အုပ်စုငယ်များ ထိန်းချုပ်ထားသည့် နယ်မြေများ၊ အစိုးရ မဟုတ်သော လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေ များတွင် ပြုလုပ်ကြကြောင်း အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုသည် ရာဇဝတ်မှုများ နှင့် အဂတိလိုက်စားမှုများအတွက် လောင်စာ သဖွယ် ဖြစ်ပြီး ပြည်နယ်အတွင်းနှစ်ပေါင်း ကြာရှည်နေသည့် တိုင်းရင်းသားပဋိပက္ခ ချုပ်ငြိမ်းရေး ကြိုးပမ်းမှုကိုလည်း နှောင့်နှေးစေကြောင်း ဖော်ပြထားသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်နေသည့် အဓိက ကျသူများကို ပစ်မှတ်ထားရခြင်းမှာလည်း မလွယ်ကူကြောင်း၊ သျှမ်းပြည်နယ်၏ အစိတ်အပိုင်းများကို ရာဇာဝတ်မှု အကြီးစားလုပ်ဆောင်နေသောအဖွဲ့များ အတွက် လွတ်လပ်နယ်မြေများအဖြစ် ဆက်လက်ခွင့်ပြုထားခြင်းသည် ဒေသခံလက်နက်ကိုင်အဖွဲ့ များ၊ မြန်မာနိုင်ငံ အဂတိလိုက်စားသည့် အစိုးရတာဝန်ရှိသူများနှင့် ဒေသတွင်း နိုင်ငံဖြတ်ကျော် ရာဇာဝတ်မှု ကျူးလွန်နေသည့် အဖွဲ့များချိတ်ဆက်နေကြသည်ကို တွေ့ရှိကြသည်ဟု ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

မြန်မာ အစိုးရ အနေဖြင့် ၎င်း၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကြိုးပမ်းမှု များကို မြှင့်တင်သင့်ပြီး၊ အသေးစား ရောင်း ဝယ်သူများနှင့် သုံးစွဲသူများ ကို အရေးယူ နေမှုများအား ရပ်ဆိုင်းကာ ရောင်းဝယ်ဖောက်ကားမှုနှင့် ဆက်စပ်နေ သော အကွက်ချ လုပ်ဆောင်သည့် ရာဇာဝတ်မှုများ၊ အဂတိလိုက်စားမှုများအပေါ် ပြန်လည်အာရုံပြု အရေးယူ သင့်ကြောင်း တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

UWSA က မူးယစ်မှောင်ခိုဂိုဏ်းကို နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ တရုတ်ထံ လွှဲပြောင်းပေးဟုဆို

0
တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးပမ်းခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ‘ဝ’တပ်ဖွဲ့ UWSA မှ နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေး၊ ဘိန်း၊ ဘိန်းဖြူ စသဖြင့် (၇၅၀) ကီလိုဂရမ်ကျော်၊...

မူးယစ်ဆေးဝါးကိစ္စ UWSA ကို စစ်ကောင်စီ မဖြေရှင်းနိုင်ပါက ထိုင်းကိုယ်တိုင်ဖြေရှင်းရန် တောင်းဆိုမည်ဟု သက်ဆင်ပြော

0
သျှမ်းပြည်တွင် အခြေစိုက်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေသည့် ‘ဝ’တပ်ဖွဲ့ UWSA နှင့် ဆက်နွှယ်နေသော မူးယစ်ဂိုဏ်းများကို နှိမ်နှင်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်မှ တိုက်တွန်းတောင်းဆိုလိုက်သည်။ ယနေ့ (မေလ ၂၇ ရက်) တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ချုပ် (ONCB) တွင် ပြုလုပ်သည့်...

ဓာတ်ပုံဟောင်းကိုအသုံးပြုပြီး TNLA ၏မူးယစ်းဆေးဝါးတွေကို PDF ကဖမ်းဆီးရမိဟု သတင်းအမှားဖြန့်

0
ဓာတ်ပုံဟောင်းကို အသုံးပြုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန်၏ သိန်းပေါင်း ငါးသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖမ်းဆီးရမိကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ ဆိုင်းလိတ် (နာမည်) ဆိုသည့် လူမှုကွန်ရက်အကောင့်တစ်ခုမှ “TNLA တာဟိုပလန်ရဲ့ သိန်းပေါင်းငါးသောင်းကျော်...