Tuesday, January 27, 2026

ငြိမ်းချမ်းရေးဆွေးနွေးမှု အဓိကတစ်ဆို့မှုက ဘာလဲ…..

တစ်ဆို့မှုကြောင့် ရှေ့မဆက်နိုင်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်လုပ်ဆောင်သွားနိုင်ဖို့ အတွက်ရည်ရွယ်ပြီး   သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသျှမ်းပြည်တပ်မတော် RCSS/SSA နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင် PC တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အလွှတ်သဘော တွေ့ဆုံခဲ့ပါတယ်။ RCSS ဘက်မှ ဗိုလ်ချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီးစိုင်းငင်းနဲ့ ဦးစိုင်းလျန်း တို့ ဖြစ်ပြီး အစိုးရဘက်က PC အတွင်းရေးမှူးဦးခင်ဇော်ဦး၊ အကြံပေးပုဂ္ဂိုလ်ဦးလှမောင်ရွှေ ၊ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး တို့ပါ၀င်ကြောင်းသိရ ပါတယ်။ ဒီတွေ့ဆုံမှုမှာ အဓိကဘာတွေကို ဆွေးနွေးဖြစ်ကြပါ သလဲ။ ဆွေးနွေးပွဲမှာ ပါ၀င်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်းကို သျှမ်းသံတော်ဆင့်က      စိုင်းယွက်ခမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

Photo by NMG / RCSS/SSA နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင် PC တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အလွှတ်သဘော တွေ့ဆုံ

မေး။ ။ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် PC နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသျှမ်းပြည်တပ်မတော် RCSS/SSA တို့ တွေ့ဆုံတယ်လို့သိရပါတယ်။

ဖြေ။ ။ ဟုတ်ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နံနက် ၁၀ နာရီခွဲကနေ မွန်းတည့် ၁၂ နာရီခွဲအထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာတွေ့ဆုံကြပါတယ်။

မေး။ ။ ဘာတွေကိုအဓိကဆွေးနွေးဖြစ်လဲခင်ဗျ။

ဖြေ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတာတွေကိုအဓိကထားပြီးဆွေးနွေးပါတယ်။ ရှေ့ဆက်နိုင်ဖို့ဘယ်လိုနည်းလမ်းရှာကြမလဲဆိုပြီး ဆွေးနွေးကြပါတယ်။ ဒီဆွေးနွေးမှုက အလွှတ်သဘောဘဲဖြစ်ပါတယ်။

မေး။ ။ PC ဘက်က ဘာတွေဆွေးနွေးလဲခင်ဗျ။

ဖြေ။ ။ PC ဘက်က ဘာပြောလဲဆိုတော့ ငြိမ်းချမ်းရေးရှေ့ဆက်နိုင်ဖို့အတွက် သူတို့ဘာတွေဖြစ်ချင်သလဲ။ ဘယ်လိုဆက်လုပ်သွားမလဲ ဆိုတာဆွေးနွေးကြတယ်။

မေး။ ။ RCSS ဘက်ကရော ဘာတွေပြောဆိုဆွေးနွေးသွားသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ဘက်ကတော့ ဘာပြောလဲဆိုတော့ – ပြီးခဲ့တဲ့ ၂၀၁၈ ၊ ၁၁ လပိုင်းတုန်းက ကျနော်တို့ တွေ့ဆုံဆွေးနွေး ခဲ့ပြီးပြီ။ RCSS/SSA ရယ်၊ အစိုးရ ရယ်၊ တပ်မတော်ရယ် ၃ ဘက် ၃ တန်တွေ့ဆုံဖို့ဆိုပြီးဆုံးဖြတ်ထားတယ်။ အဲ့တုန်းကမဖြစ်လာဘူး။ အခုလည်း ထပ်ပြီးတော့ဆွေးနွေးတာက ၂ ဖက် ၂ တန်တွေ့ဆုံနိုင်ဖို့ဘယ်လိုစီစဉ် ကြမလဲ။ ဘယ်လိုစီစဉ်ကြမလဲဆိုတာဆွေးနွေးထားတယ်။

ပြီးတော့ ပြီးခဲ့တဲ့ ၁၂ လ ပိုင်း ၂၁ ရက်နေ့တုန်းက အစိုးရရဲ့တပ်မတော်ကနေ တဖက်သတ်အပစ်ရပ် ထားကြောင်းကြေငြာချက်ထုတ်ပြန်ထားတယ်။ ဒီအပေါ် ကျနော်တို့နားမလည် တဲ့ဟာတွေ ကိုပြန်လည် မေးမြန်းတယ်။ အစိုးကိုယ်စားလှယ်တွေဘက်ကပြန်လည်ရှင်းပြတယ်။

နောက်တခုကတော့ ကျနော်တို့ RCSS/SSA ရဲ့ ကေဒါတပ်သားတွေ၊ RCSS/SSA ကိုကူညီထောက်ပ့ံမှုပေးနေတဲ့ သျှမ်းပြည်သားဒေသခံလူထုကို အစိုးရတပ်မတော်ကနေဖမ်းဆီး ထောင်ချထားတယ်။ ရဲစခန်းတွေမှာ ချုပ်ထားတယ်။ အဲတာတွေကိုလည်း ပြန်လွှတ်ပေးဖို့ အဖမ်းခံရသူတွေရဲ့နာမည်စာရင်း PC ကိုပေးအပ်ပါတယ်။ အဲတာကိုလည်း သူတို့လက်ခံထားပြီး နာမည်စာရင်းတွကိုပြန်လည်စီစစ်ပေးမယ်။ ပြန်လည်လွှတ်မြောက်လာနိုင်ရေးအတွက်အဆင့်ဆင့် သူတို့ကြိုးပမ်းပေးသွားမယ်လို့ပြောပါတယ်။ နောက်တခုကလည်း အစိုးရနဲ့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုဘယ်အဆင့်လောက်ရှိပြီလဲဆိုတာတွေကိုကျနော်တို့မေးမြန်းထားတယ်။

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တွေ့နေရတဲ့အဓိက တစ်ဆို့မှုကြီးကဘာဖြစ်သလဲ။

ဖြေ။ ။ အဓိက တစ်ဆို့မှုကြီးကတော့ တခါတည်းနဲ့ရှင်းလို့မရတာမျိုးတွေရှိခဲ့တယ်။ ဥပမာ ပြည်ထောင်စုမှခွဲမထွက်ရ ဆိုတာမျိုးပေါ့။ ဒီတခွန်းကို ဆွေးနွေးဖို့လုပ်လာရင် ပွဲပျက်ပါလေရော။နောက်တခုကလည်း တပ်မတော်တခုတည်းထားရှိဖို့။ အဲတာတွေဆွဲထည့်လာရင် ဆွေးနွေးဖို့အရမ်းခက်သွားပြီလေ ။ တကယ်တော့အဲတာတွေဆွေးနွေးဖို့မပါသေးဘူး။ တပ်မတော်ဘက်ကအဲတာကိုဆွဲဆွဲထည့်တော့ ဆွေးနွေးရေးကရှေ့မဆက်နိုင်ဘူးဖြစ်နေတယ်။ ရှင်းရှင်းပြောရင်ပြသနာက အဲတာဘဲ။

မေး။ ။ တစ်ဆို့နေတဲ့ ဒီပြသနာကို ဘယ်လိုဖြေရှင်းဖို့အသင့်တော်ဆုံးလဲခင်ဗျ။ ရှေ့ဆက်ဖို့က။

ဖြေ။ ။ ဆွေးနွေးမှုသည်သာ ဖြေရှင်းနိုင်မှာဖြစ်တယ်။ နည်းလမ်းရှာပြီးတော့ ဆွေးနွေးရပါမယ်။ အလွှတ်သဘောဘဲဖြစ်ဖြစ် တရားဝင်ဘဲဖြစ်ဖြစ် တဆင့်ချင်းစီ ဆွေးနွေးသွားမှရမှာဖြစ်ပါတယ်။ ဒါမယ့်ခုလောလောဆယ်တော့ ကျနော်တို့ တဖွဲ့ချင်းစီ ဆွေးနွေးသွားမယ်။ ပြီးမှ စုပေါင်းပြီးဆွေးနွေးကြမယ်လေ။

မေး။ ။ ဒီဆွေးနွေးပွဲမှာ သျှမ်းပြည်တောင်ပိုင်း၊မြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီးဆွေးနွေးဖြစ်သေးလား။

ဖြေ။ ။ မဆွေးနွေးဖြစ်ပါဘူး။ လုပ်ငန်းစဉ်မှာပါတဲ့ဟာကိုဘဲဆွေးနွေးသွားပါတယ်။

မေး။ ။ အခုဆွေးနွေးပွဲကနေ မိဘပြည်သူလူထုကိုဘယ်လိုပြောချင်ပါသလဲ။

ဖြေ။ ။ တစ်ဆို့မှုကြီးကနေ လမ်းပွင့်သွားအောင် ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့ဘဲဖြစ်ဖြစ် အစိုးရနဲ့ တပ်မတော်ဘဲဖြစ်ဖြစ် ဖြေရှင်းနိုင်မယ့်အသင့်တော်ဆုံးနည်းလမ်းကို ရှာနေပါတယ်။ မကြာခင်မှာဘဲ RCSS နဲ့အစိုးရ ၊ RCSS နဲ့တပ်မတော် ၊ တဖွဲ့ချင်းစီ တွေ့ဆုံမယ့်အခွင့်အလမ်းရှိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ NCA လက်မှတ်ထိုး ၁၀ ဖွဲ့နဲ့ အစိုးရတို့နဲ့လည်းတွေ့နိုင်အောင် နည်းလမ်းရှာရပါမယ်။ အဲတာကြောင့်ခုလောလောဆယ်မှာတော့ မိဘပြည်သူတွေအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဘယ်အထိရောက်နေပြီလဲဆိုတာကိုလည်း သတင်းတွေဘာတွေ ကြည့်ရှု နားထောင်ပါ။ မိဘပြည်သူများဖြစ်စေလိုတဲ့ ဆန္ဒကို ကျနော်တို့ဆီကျေးဇူးပြုပြီး ပြောဆိုအကြောင်းကြားလာပေးပါ။ မိဘပြည်သူများပေးလာတဲ့အကြံဉာဏ်ကိုယူပြီးတော့ ကျနော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်လို့ပြောချင်ပါတယ်။

Photo by NMG / RCSS/SSA နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင် PC တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အလွှတ်သဘော တွေ့ဆုံ

ဇန်နဝါရီလ ၁၄ ရက်နေ့မှာ မြန်မာ့ငြိမ်းချမ်းရေးကော်မရှင်ဟာ RCSS/SSA အပြင် KNPP ၊ KIO တို့နဲ့လည်းတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီလ ၁၃ ရက် မနေ့ကတော့ KNU နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...

“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

0
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။ သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက...