Tuesday, January 27, 2026

တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ

တရုတ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန် ဦးဆောင်သည့် အဖွဲ့သည် နှစ်သစ်ကူးမေးမြန်းရေးခရီးစဉ်ဟုဆိုကာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် တွေ့ဆုံမှုပြုခဲ့ကြောင်းသိရသည်။

Photo by – SSPP Info/ ဇန်နဝါရီလ ၉ ရက်နေ့က မစ္စတာ ဆွန်းကော်ရှန်နှင့်အဖွဲ့သည် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တရုတ် နယ်စပ်တနေရာတွင်တွေ့ဆုံခဲ့ကြစဉ်

ဇန်နဝါရီလ ၉ ရက်နေ့က မစ္စတာ ဆွန်းကော်ရှန်နှင့်အဖွဲ့သည် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တရုတ် နယ်စပ်တနေရာတွင်တွေ့ဆုံခဲ့ပြီး SSPP/SSA ဘက်မှ ဗိုလ်ချုပ်ခွန်ဆိုင် ဦးဆောင်သည့်အဖွဲ့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

SSPP/SSA ၏ပြန်ကြားရေးဌာနက – ၂ ဦး ၂ ဖက်ကြားယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပြီး ရှေ့ဆက်မြန်မာ့ငြိမ်းချမ်းရေးနှင့် တရုတ်-သျှမ်းနယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးခဲ့ကြောင်း – သိရသည် ။

အဆိုပါတွေ့ဆုံပွဲတွင် တရုတ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်က – မြန်မာ့ငြိမ်းချမ်းရေးရှေ့ဆက်အကောင်အထည်ဖော်နိုင်ရေးအတွက် တွေ့ကြုံရသည့် ပြသနာများအား ငြိမ်ချမ်းသောနည်းဖြင့်ဖြေရှင်သွားရန်စ တိုက်တွန်းလိုက်သည်ဟုသိရသည်။

၁ နာရီကြာ တွေ့ဆုံမှု ၂ ဦး ၂ ဘက်ကြား ကျယ်ကျယ်ပြန့်ပြန့်အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါနေ့တွင်ပင် တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ မစ္စတာ ဆွန်းကော်ရှန်သည် အထူးဒေသ ၄ NDAA ခေါင်းဆောင် ဦးစိုင်းလင်း ဦးဆောင်သောအဖွဲ့နှင့် မိုင်းလားမြို့ အရှေ့တိုင်းဟိုတယ်တွင်ထပ်မံတွေ့ဆုံခဲ့သည်။

Photo by – Mongla News / ဇန်နဝါရီလ ၉ ရက်နေ့က တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ မစ္စတာ ဆွန်းကော်ရှန်နှင့် အထူးဒေသ ၄ NDAA ခေါင်းဆောင် ဦးစိုင်းလင်း ဦးဆောင်သောအဖွဲ့ တို့တွေ့ဆုံကြစဉ်

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတွက်၊ မိုင်းလားထိန်းချုပ်နယ်မြေ အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေသတွင်းလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် စသည်များဆွေးနွေးပြောဆိုခဲ့ကြကြောင်း မိုင်းလား အထူးဒေသ ၄ ၏ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ယခုခရီးစဉ်တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် မိုင်းလားနှင့် SSPP တို့အပြင် ကချင်၊ ၀ တပ်ဖွဲ့များ၏ ကိုယ်စားလှယ်များနှင့်လည်းတွေ့ဆုံခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။