တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ

တရုတ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန် ဦးဆောင်သည့် အဖွဲ့သည် နှစ်သစ်ကူးမေးမြန်းရေးခရီးစဉ်ဟုဆိုကာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် တွေ့ဆုံမှုပြုခဲ့ကြောင်းသိရသည်။

Photo by – SSPP Info/ ဇန်နဝါရီလ ၉ ရက်နေ့က မစ္စတာ ဆွန်းကော်ရှန်နှင့်အဖွဲ့သည် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တရုတ် နယ်စပ်တနေရာတွင်တွေ့ဆုံခဲ့ကြစဉ်

ဇန်နဝါရီလ ၉ ရက်နေ့က မစ္စတာ ဆွန်းကော်ရှန်နှင့်အဖွဲ့သည် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တရုတ် နယ်စပ်တနေရာတွင်တွေ့ဆုံခဲ့ပြီး SSPP/SSA ဘက်မှ ဗိုလ်ချုပ်ခွန်ဆိုင် ဦးဆောင်သည့်အဖွဲ့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

SSPP/SSA ၏ပြန်ကြားရေးဌာနက – ၂ ဦး ၂ ဖက်ကြားယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပြီး ရှေ့ဆက်မြန်မာ့ငြိမ်းချမ်းရေးနှင့် တရုတ်-သျှမ်းနယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးခဲ့ကြောင်း – သိရသည် ။

အဆိုပါတွေ့ဆုံပွဲတွင် တရုတ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်က – မြန်မာ့ငြိမ်းချမ်းရေးရှေ့ဆက်အကောင်အထည်ဖော်နိုင်ရေးအတွက် တွေ့ကြုံရသည့် ပြသနာများအား ငြိမ်ချမ်းသောနည်းဖြင့်ဖြေရှင်သွားရန်စ တိုက်တွန်းလိုက်သည်ဟုသိရသည်။

၁ နာရီကြာ တွေ့ဆုံမှု ၂ ဦး ၂ ဘက်ကြား ကျယ်ကျယ်ပြန့်ပြန့်အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါနေ့တွင်ပင် တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ မစ္စတာ ဆွန်းကော်ရှန်သည် အထူးဒေသ ၄ NDAA ခေါင်းဆောင် ဦးစိုင်းလင်း ဦးဆောင်သောအဖွဲ့နှင့် မိုင်းလားမြို့ အရှေ့တိုင်းဟိုတယ်တွင်ထပ်မံတွေ့ဆုံခဲ့သည်။

Photo by – Mongla News / ဇန်နဝါရီလ ၉ ရက်နေ့က တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ မစ္စတာ ဆွန်းကော်ရှန်နှင့် အထူးဒေသ ၄ NDAA ခေါင်းဆောင် ဦးစိုင်းလင်း ဦးဆောင်သောအဖွဲ့ တို့တွေ့ဆုံကြစဉ်

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတွက်၊ မိုင်းလားထိန်းချုပ်နယ်မြေ အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေသတွင်းလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် စသည်များဆွေးနွေးပြောဆိုခဲ့ကြကြောင်း မိုင်းလား အထူးဒေသ ၄ ၏ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ယခုခရီးစဉ်တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် မိုင်းလားနှင့် SSPP တို့အပြင် ကချင်၊ ၀ တပ်ဖွဲ့များ၏ ကိုယ်စားလှယ်များနှင့်လည်းတွေ့ဆုံခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...