ရွှေ့ပြောင်း စက္ကူလေယာဉ်မင်းသား ထိုင်းနိုင်ငံသားကတ်ရရှိရေး ၀န်ကြီးချုပ်ဟောင်းအဘိဆစ် ထောက်ခံချက်ပေး
ဂျပန်နိုင်ငံ စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် အနိုင်ရရှိကာ ထိုင်းနိုင်ငံအတွက်ဆုများရရှိလာသည့် ထိုင်းနိုင်ငံရောက် သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားမိဘ ၏သား စိုင်းမောင်ထောင်းဒီးအား ထိုင်းနိုင်ငံသား မှတ်ပုံတင် ရရှိရေးအတွက် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘိဆစ် ဝေ့ချာချီဝ အပါအဝင် အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်းများ က ထောက်ခံ စာများထုတ်ပေးလိုက်သည်။ သြဂုတ်လ ၉ ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ပရချားထိပတ်...
သျှမ်းပြည်မြောက်ပိုင်း ဒုဝတီမြစ် ခေါ် နမ္မတူမြစ်ပေါ်တည်ဆောက်မည့်ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်စီမံကိန်းများအားလုံးရပ်တန့်ရန် လွှတ်တော်အမတ်များ နှင့်ဒေသခံပြည်သူများက စုပေါင်းတောင်းဆိုနေကြသည်။ သီပေါမြို့နယ်အတွင်းရှိ တာလုံရွာတွင်တည်ဆောက်မည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအား မကန့်ကွက်နိုင်ပါက ဒုဌဝတီမြစ် ပေါ်တွင် ဆက်တိုက်တည်ဆောက်သွားမည့်ဆည်များကိုဆန့်ကျင်နိုင်မည့်အလားအလာမရှိကြောင်း ကျားခေါင်းပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်သည်။ “တကယ်လို့ဒီဆည်ကြီးကိုအောင်မြင်စွာမကန့်ကွက်နိုင်ခဲ့ရင် ဆည်ဆောက်မယ့်ကုမ္မဏီက ဆက်ပြီးဆောက်သွား မယ်လေ။ ဒီတခုဆောက်ပြီးရင် ဒီဒုဌဝတီမြစ်ပေါ်မှာ ထပ်ဆောက်ဖို့ပြင်ထားတာက ၂...
ရန်ကုန်သို့ ၆ လကြာ ယူဆောင်ဆေးကြောလျှော်ဖွတ်သော ညောင်ရွှေစော်ဘွားကြီးဝတ်စုံ ပြန်လည်အပ်နှံ
SHAN -
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စော်ဘွားကြီးစဝ်ရွှေသိုက်၏ ဟော်နန်း၌ တည်ရှိသော သျှမ်းပြည် စော်ဘွားကြီးများ၏ ဝတ်စုံများကို ရန်ကုန်သို့သယ်ဆောင်ပြီး ဓာတုနည်းဖြင့် ပြန်လည်ထိန်းသိမ်း ပြုပြင်ပြီးနောက် ပထမ တသုတ်အဖြစ် ပြန်လည်ပို့ဆောင်ခဲ့သည်။ ညောင်ရွှေဟော်နန်းတွင် သျှမ်းပြည်စော်ဘွားကြီးဝတ်စုံ စုစုပေါင်း ၁၃၈ စုံ ရှိသည့်အနက် ပထမကြိမ်အဖြစ် မတ်လ ပထမပတ်က ဝတ်စုံ...
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကျေးလက်အုပ်စုများ အတွင်း မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီး သော်လည်း မအောင်မြင်နိုင်သေးသည်မှာ အစိုးရအနေဖြင့်ထိထိရောက်ရောက်ကိုင်တွယ်ရန်အထူးလိုအပ်ကြောင်း လားရှိုးခရိုင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်စိုင်းဝမ်းလျန်းခမ်း ကပြောသည်။ “တရားဥပဒေစိုးမိုးမှုမရှိလို့ မူးယစ်ဆေးဝါးမပ ပျောက်နိုင်တာလို့မြင်တယ်။ ၂၀၀၈ အခြေခံဥပဒေ အတိုင်းသာ ဆက်သွား နေမယ်ဆိုရင်မူးယစ်ပြသနာကဒီအတိုင်းသွားနေမှာဘဲ။ လူထုရွေးချယ်တဲ့ အစိုးရ အောက်မှာ...
သျှမ်းမြောက် ခရီးသွားအမျိုးသမီး ကို ပြည်သူ့စစ်မှ ကိုယ်ထိလက်ရောက် ရိုက်နှက်
သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး - မူစယ်လမ်းမ ပေါ် နမ့်ခိုင်တံတားစောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ခရီးသွားဒေသခံအမျိုးသမီး တဦးအား ကိုယ်ထိ လက်ရောက်ရိုက်နှက်မှုပြုခဲ့ကြောင်း သိရသည်။ သြဂုတ် ၈ ရက် မနက် ၉ နာရီ က နမ့်ခိုင် တံတား စောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ကားသမားတဦးအား...
နမ္မတူမြို့ရောက်စစ်ဘေးရှောင်များ နေရပ်ပြန်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၏ ကျေးလက်ဒေသတွင် လက်ရှိတိုက်ပွဲများငြိမ်နေပြီဖြစ်သောကြောင့် နမ္မတူရောက် စစ်ဘေးရှောင် ၈၀၀ မှာနေရပ်သို့ပြန်နိုင်ကြပြီဖြစ်ကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံ အုပ်စု ဘုန်းကြီးကျောင်းများတွင် ရောက်ရှိခိုလှုံနေသော ပန်လုံအုပ်စု ပန်ဆော့အုပ်စု မိုင်းမုအုပ်စုမှ စစ်ဘေးရှောင် များမှာ သြဂုတ်လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် နေရပ်ပြန်ကုန်ကြပြီဖြစ်ကြောင်း သိရသည်။ နမ္မတူမြို့နယ်...
မြေသိမ်းဥပဒေကြမ်းတွင် အားနည်းချက်များကြောင့် တောင်သူလယ်သမားများနစ်နာနိုင်ဟု SNLD ပြော
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်၊ နဝမ ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် မြေယာဥပဒေကြမ်း နှင့်ပတ်သက်ပြီး ဆွေးနွေးရာ လူထုသဘောတူညီချက်မရသေးသဖြင့် အတည်မပြုသေးရန် ကျားခေါင်းပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကဆွေးနွေးတင်ပြသွားသည်။ သြဂုတ်လ ၈ ရက်နေ့က ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် SNLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ယခုလက်ရှိရေးဆွဲနေသည့် မြေယာဥပဒေများအစား ပြည်ထောင်စုမြေယာ ဥပဒေတစ်ရပ်ပေါ်ထွန်းရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း...
အစိုးရတပ်မတော်၏ စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသော သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လော့အုပ်စုဒေသခံ ၁၆ ဦးအား ရပ်မိရပ်ဖများနှင့်ကျားခေါင်းပါတီ လွှတ်တော်ကိုယ်စားလှယ်မှ သွားရောက်အာမခံ မှုဖြင့်ပြန်လွှတ်ပေးခဲ့ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါရွာသားများအား အစိုးရစစ်ကြောင်းက သြဂုတ်လ ၅ ရက်နေ့ကဖမ်းဆီးခဲ့ပြီး ၈ ရက်နေ့ မှပြန် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်စိုင်းထွန်းဝင်းက...
နမ့်လန်တွင် ပြောင်းရောင်းပြီးရွာအပြန်လင်မယားအား သေနတ်သမားက စောင့်ကြပ်ပစ်ခတ်
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်အုပ်စုတွင် ပြောင်းများရောင်းချပြီးအပြန် ရွာသား ၂ ဦးအား အမည်မသိဆိုင်ကယ်သမားကလိုက်လံပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ နမ့်လန်သို့ပြောင်းသွားရောင်းချပြီးအပြန် နောင်ဝိုးရွာသား ဆိုင်ကယ်စီးလင်မယား ၂ ယောက်အား နမ့်လန်နှင့်မန်လီကြားတွင် ဆိုင်ကယ်နှင့်သေနတ်သမား ၂ ဦးက စောင့်ကြပ်ပစ်ခတ်ခြင်းဖြစ်ကြောင်း နမ့်လန်ဒေသခံ ကုန်သည်တဦးက ပြောသည်။ “အပစ်ခံရသူက လုံးစန်းသြ အသက် ၄၂ နှစ်၊ သူ့မိန်းမက...
တောင်ကြီးမြို့ ၈ လေးလုံးပုလဲရတုအခမ်းအနား ၈ လေးလုံးအရေးတော်ပုံအကြောင်းပြန်လည်ဟောပြောဆွေးနွေး
SHAN -
၈ လေးလုံး အရေးတော်ပုံ နှစ် ၃၀ ပြည့် ပုလဲရတု အခမ်းအနား တောင်ကြီးမြို့ မြို့တော်ခန်းမ နှင့် ဗိုလ်ချုပ်ပန်းခြံ တွင်ကျင်းပ ခဲ့ကြောင်းသိရသည်။ သြဂုတ်လ ၈ ရက်နေ့တွင်ကျရောက် သော ၈ လေးလုံး အရေးတော်ပုံ နှစ်(၃၀) ပြည့် ပုလဲရတု အခမ်းအနားက်ို...





