Tuesday, January 27, 2026

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြုံတွေ့နေရသည့် တစ်ဆို့မှုနှင့် ဖက်ဒရယ်မူကို အခြေခံအရယူနိုင်ရေးအတွက် ဘုံသဘောတူညီမှု ရ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှု အဖြေနှင့် ဖက်ဒရယ်မူကို အခြေခံအရယူနိုင်ရေး အတွက် ဘုံသဘောတူညီမှု ရခဲ့ကြောင်း ချင်းမိုင် ထိပ်သီးညီလာခံတွင် ဆုံးဖြတ်ခဲ့သည်။

Photo by NCA-S EAO- ထိပ်သီးခေါင်းဆောင်များညီလာခံ အားမေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ချင်းမိုင်မြို့ Khun Phu Come ဟိုတယ်တွင် ပြုလုပ်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ( NCA ) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ ၄ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များညီလာခံအားမေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ချင်းမိုင်မြို့ Khun Phu Come ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

“ အဓိက ငြိမ်းချမ်းရေး တစ်ဆို့မှုကို ဖြတ်ကျော်နိုင်ဖို့ နည်းလမ်း နဲ့ ဖက်ဒရယ်မူကို အခြေခံ အရယူနိုင်ဖို့ ကို ကို ဘုံသဘောတူညီမှု ရခဲ့ပါတယ်” ဟု မွန်ပြည်သစ် ပါတီ ( NMSP) ဒု ဥက္ကဌ နိုင်ဟံသာ က ယမန်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

NCA အကောင်အထည်ဖော်မှု အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှု များဖြေရှင်း ကျော်လွှား နိုင်ရေး အတွက် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ် တရပ် စနစ်တကျ ရေးဆွဲ ချမှတ်ပြီး အစိုးရ ၊ တပ်မတော် ခေါင်းဆောင် များနှင့် ဆွေးနွေး သဘောတူညီမှု ရယူရန် သဘောတူခဲ့ကြောင်း ယမန်နေ့ NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင် စတုတ္ထအကြိမအ အစည်းအဝေး( ပထမပိုင်း) ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် ၅ ရက်သာ ကျင်းပသည့် အစည်းအဝေးတွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် ကော်မတီ (PPST) ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ညှိနှိုင်းတိုင်ပင်ခြင်း အစည်းအဝေး ( PPCM) အဖြစ် ပြောင်းလဲဖို့ဆွေးနွေး ခဲ့ရာ ကွဲလွဲမှုများ ရှိနေကြောင်း သတင်းရရှိသည်။

တချို့ တိုင်းရင်းသားလက်နက်ကိုင် များ သည် PPST ကို ယခင် အတိုင်းသာ ထားရှိကြရန် ဆန္ဒရှိကြပြီး တချို့ မှာ PPCM အဖြစ် ပြောင်းလဲလိုကြောင်း၊ ထို့အတွက် အချင်းချင်းကြား သဘောထားကွဲလွဲမှု ရှိကြောင်း သိရသည်။

တဖက်တွင်လည်း ကရင် အမျိုးသား အစည်းအရုံး KNU က PPST မှ နုတ်ထွက်စာ ထား ကြောင်း၊ သို့သော် ၄င်းနှင့်ပတ်သက်ပြီး မဆွေးနွေးသေးဘဲ ဆိုင်းငံ့ထားပြီး လာမည့်အစည်းအဝေးမှသာ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

“နှုတ်ထွက်တာ ဆိုတာ အစည်းအဝေးမှာ တော့မရှိပါဘူး။ PPST လောလောဆယ် ဆွေးနွေးမှု မပြီးသေးဘူး။ PPST ကတော့ အတိုင်းအတာ တခု ဆက်လက်ရှိမှာပါ။ PPCM ဘယ်လို အခင်း အကျင်းနဲ့ လာမလဲ ဆိုတာတော့ ဆက်လက် ဆွေးနွေးနေတဲ့အနေအထားပါ။ အခု က ပထမပိုင်းပဲရှိသေးတယ်။ ဒုတိယ ပိုင်း ညီလာခံကျရင် ဆုံးဖြတ်ပါမယ်” ဟု RCSS/SSA အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

မပြီးပြတ်သေးသည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ စတုတ္တ အကြိမ် ညီလာခံကို တလ အကြာ ကျင်းပနိုင်ရန် ကြိုးစားသွားမည် ဟု သတင်းရရှိသည်။

အဆိုပါ ထိပ်သီး ဆွေးနွေး ပွဲကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့အပြင် ကချင်လွတ်မြာက်ရေး အဖွဲ့အစည်း (KIO) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့လည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

ချင်းမိုင်တွင် အရက်ဖြူဂိုဏ်းဝင် လူငယ်များကို လက်နက်များနှင့်အတူ အဖမ်းခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူစုလူဝေးပြုလုပ်ပြီး ပြစ်မှူးကျူးလွန်ရန် ပြင်ဆင်နေသော အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Chiang Mai News က ဖော်ပြသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့၊...
Collaborative Media Monitoring

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲအား နိုင်ငံတကာနှင့် မြန်မာမီဒီယာများ ပူးပေါင်းစောင့်ကြည့်

0
ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်ဘက်မှ စတင်ပြုလုပ်နေသည့် ရွေးကောက်ပွဲ ပထမပိုင်းကို ပူးပေါင်းစောင့်ကြည့်ရန် မီဒီယာများ စုဝေးပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Thai PBS North ရုံးတွင် ပြုလုပ်လျက်ရှိသည်။ အတုအယောင်ရွေးကောက်ပွဲကို မီဒီယာများ ပူးပေါင်းစောင့်ကြည့်မှု (Collaborative Media Monitoring) အပြင် ရွေးကောက်ပွဲနှင့်...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...