ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြုံတွေ့နေရသည့် တစ်ဆို့မှုနှင့် ဖက်ဒရယ်မူကို အခြေခံအရယူနိုင်ရေးအတွက် ဘုံသဘောတူညီမှု ရ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှု အဖြေနှင့် ဖက်ဒရယ်မူကို အခြေခံအရယူနိုင်ရေး အတွက် ဘုံသဘောတူညီမှု ရခဲ့ကြောင်း ချင်းမိုင် ထိပ်သီးညီလာခံတွင် ဆုံးဖြတ်ခဲ့သည်။

Photo by NCA-S EAO- ထိပ်သီးခေါင်းဆောင်များညီလာခံ အားမေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ချင်းမိုင်မြို့ Khun Phu Come ဟိုတယ်တွင် ပြုလုပ်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ( NCA ) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ ၄ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များညီလာခံအားမေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ချင်းမိုင်မြို့ Khun Phu Come ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

“ အဓိက ငြိမ်းချမ်းရေး တစ်ဆို့မှုကို ဖြတ်ကျော်နိုင်ဖို့ နည်းလမ်း နဲ့ ဖက်ဒရယ်မူကို အခြေခံ အရယူနိုင်ဖို့ ကို ကို ဘုံသဘောတူညီမှု ရခဲ့ပါတယ်” ဟု မွန်ပြည်သစ် ပါတီ ( NMSP) ဒု ဥက္ကဌ နိုင်ဟံသာ က ယမန်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

NCA အကောင်အထည်ဖော်မှု အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှု များဖြေရှင်း ကျော်လွှား နိုင်ရေး အတွက် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ် တရပ် စနစ်တကျ ရေးဆွဲ ချမှတ်ပြီး အစိုးရ ၊ တပ်မတော် ခေါင်းဆောင် များနှင့် ဆွေးနွေး သဘောတူညီမှု ရယူရန် သဘောတူခဲ့ကြောင်း ယမန်နေ့ NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင် စတုတ္ထအကြိမအ အစည်းအဝေး( ပထမပိုင်း) ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် ၅ ရက်သာ ကျင်းပသည့် အစည်းအဝေးတွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် ကော်မတီ (PPST) ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ညှိနှိုင်းတိုင်ပင်ခြင်း အစည်းအဝေး ( PPCM) အဖြစ် ပြောင်းလဲဖို့ဆွေးနွေး ခဲ့ရာ ကွဲလွဲမှုများ ရှိနေကြောင်း သတင်းရရှိသည်။

တချို့ တိုင်းရင်းသားလက်နက်ကိုင် များ သည် PPST ကို ယခင် အတိုင်းသာ ထားရှိကြရန် ဆန္ဒရှိကြပြီး တချို့ မှာ PPCM အဖြစ် ပြောင်းလဲလိုကြောင်း၊ ထို့အတွက် အချင်းချင်းကြား သဘောထားကွဲလွဲမှု ရှိကြောင်း သိရသည်။

တဖက်တွင်လည်း ကရင် အမျိုးသား အစည်းအရုံး KNU က PPST မှ နုတ်ထွက်စာ ထား ကြောင်း၊ သို့သော် ၄င်းနှင့်ပတ်သက်ပြီး မဆွေးနွေးသေးဘဲ ဆိုင်းငံ့ထားပြီး လာမည့်အစည်းအဝေးမှသာ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

“နှုတ်ထွက်တာ ဆိုတာ အစည်းအဝေးမှာ တော့မရှိပါဘူး။ PPST လောလောဆယ် ဆွေးနွေးမှု မပြီးသေးဘူး။ PPST ကတော့ အတိုင်းအတာ တခု ဆက်လက်ရှိမှာပါ။ PPCM ဘယ်လို အခင်း အကျင်းနဲ့ လာမလဲ ဆိုတာတော့ ဆက်လက် ဆွေးနွေးနေတဲ့အနေအထားပါ။ အခု က ပထမပိုင်းပဲရှိသေးတယ်။ ဒုတိယ ပိုင်း ညီလာခံကျရင် ဆုံးဖြတ်ပါမယ်” ဟု RCSS/SSA အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

မပြီးပြတ်သေးသည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ စတုတ္တ အကြိမ် ညီလာခံကို တလ အကြာ ကျင်းပနိုင်ရန် ကြိုးစားသွားမည် ဟု သတင်းရရှိသည်။

အဆိုပါ ထိပ်သီး ဆွေးနွေး ပွဲကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့အပြင် ကချင်လွတ်မြာက်ရေး အဖွဲ့အစည်း (KIO) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့လည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...