Wednesday, January 28, 2026

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (NSPAW) ရှင်းလင်းမှု မရှိ ဝေဝါးနေ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ပြော

အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ၊ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (NSPAW) သည် ရှင်းလင်းမှုမရှိ ဝေဝါးနေသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ပြောဆိုလိုက်သည်။

Photo Credit to WLB- အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အတွက် အလားအလာ NSPAW သုံးသပ်ချက် စာတမ်း ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က မေ ၂၁ရက် တွင် ရန်ကုန်မြို့ Green Hill ဟိုတယ်တွင် ကျင်းပပြုလုပ်

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အတွက် အလားအလာ NSPAW သုံးသပ်ချက် စာတမ်း ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က မေ ၂၁ရက် တွင် ရန်ကုန်မြို့ Green Hill ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

NSPAW ပါ အချက်အလက်များသည် ရည်မှန်းချက် ကြီးမားသော်လည်း အကောင်အထည် ဖော်ဆောင်ရွက်ရန် နှင့် အဓိပ္ပာယ်ပြည့်ဝသည့် အကဲဖြတ် သုံးသပ်ရန် စံချိန် စံနှုန်း သတ်မှတ်ချက် ရှင်းလင်းတိကျစွာ မရှိဘဲ ဝေဝါးနေသည် ဟု WLB ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ NSPAW က ရှင်းလင်းမှု မရှိ ဝေးဝါးနေပါတယ်။ အမျိုးသမီး ဖွံ့ဖြိုးရေး လုပ်ဖို့အတွက် အကန့်အသတ် ဥပဒေဘောင်ကနေ လုပ်ရတဲ့အတွက် ရှေ့ကို မရောက်တဲ့ဟာ တွေ့ရတယ်” ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲ က ပြောကြားခဲ့သည်။

အဆိုပါ စာတမ်း သုံးသပ်ချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်တွင် မှီငြမ်းထားသည့် NSPAW ပြသနာများ၊ NSPAW ၏ အကောင်အထည်ဖော်မှု နှင့်တာဝန်ခံမှု ဆိုင်ရာ ပြသနာများ နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး ဆိုင်ရာ NSPAW ၏ အသေးစိတ် ပြသနာများပါဝင်ကြောင်းသိရသည်။

Photo Credit to WLB- အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အတွက် အလားအလာ NSPAW သုံးသပ်ချက် စာတမ်း ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က မေ ၂၁ရက် တွင် ရန်ကုန်မြို့ Green Hill ဟိုတယ်တွင် ကျင်းပပြုလုပ်

NSPAW ကို ၂၀၁၃-၂၀၂၂ ခုနစ်အတွင်း နိုင်ငံအတွင်းရှိ အမျိုးသမီး များ၏ လူ့အခွင့်အရေးများကာကွယ်မြှင့်တင်ရန်ခံယူချက် များကို ပုံဖော် ထား၍ “ ခြံုငုံပြည့်စုံသည်” ဟု ကြွေးကြော်ထားသည့် ၁၀ နှစ်စာ အမျိုးသားအဆင့် စီမံကိန်းဖြစ်သည်။

မြန်မာ နိုင်ငံအစိုးရမှ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။

NSPAW ကို လူမှု ဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အစိတ်အပိုင်း တရပ်ဖြစ်သော လူမှု ဝန်ထမ်း ဦးစီးဌာန အောက်တွင် တရားဝင်ဆောင်ရွက်နေသည်။

“ ၁၀ နှစ် သာ ရေးဆွဲတဲ့ NSPAW ဟာ အခုဆို ၆ နှစ် ရှိသွားတယ်။ အစည်းအဝေးသွားတာပဲ သိတယ်။ ဘာလုပ်နေလဲ လို့ မေးရင် တိကျမသိခဲ့ဘူး။ဒါအပြင် ကျေးလက်နေ အမျိုးသမီးတွေ မသိဘူး။ မြို့ ပေါ်က အမျိုးသမီးတွေက စမသိဘူူး။ အ တို်းအတာ အရ ပြောရင် ဒီစာအုပ် အကြီးကြီးစီမံကိန်း ရှိပေမယ့် စာအုပ်ရော နာမည်ရော မကြားဖူးတာ ရှိပါတယ်” NSPAW စီမံကိန်းနှင့် ပတ်သတ်ပြီး သံတောင်သူ အမျိုးသမီး အဖွဲ့ မှ ဒေါ်နော်မာမာချို က စာအုပ်မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

NSPAW တွင် “အမျိုးသမီး များနှင့် လက်နက်ကိုင် ပဋိပက္ခများ” အစား “ အမျိုးသမီးများနှင့် အရေးပေါ် အခြေအနေများ” ဆိုသည့် ခေါင်းစဉ်ပေးခြင်းသည် အစိုးရ အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခ ကို အသိအမှတ်မပြုဘဲ ကျား- မ အခြေပြုအကြမ်းဖက်မှု နှင့် ခွဲခြားဆက်ဆံမှုကို လစ်လျူရှုထားကြောင်း  စာတမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် NSPAW သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်တွင်းစစ်ပဋိပက္ခ၊တပ်မတော် ၏ အာဏာဆက်လက်လွှမ်းမိုးနေမှု နှင့် ခေတ်နှင့် လျောညီထွေးမှု မရှိသည့် ဥပဒေများနှင့် တရားဥပဒေ ဆိုင်ရာ မူဘောင်များ အပါအဝင် ကျား၊မ တန်းတူရေး ဖော်ဆောင်မှုကို နှောက်ယှက် ဟန့်တားနေသည့် အတားအဆီးများ ကိုယ်တွင် ဖြေရှင်းရန် ပျက်ကွက်နေသည် ဟုလည်း ၎င်း စာတမ်းတွင် ထောက်ပြထားသည်။

NSPAW သည် အခြေခံသဘောတရားအနှစ်သာရ နှင့် လုပ်ငန်းအကောင်အထည်ဖော်မှုတွင် ကြီးမားသည့် အားနည်းချက်များနှင့် ပြည့်နှက်နေကြောင်း WLB သုတေသန စာတမ်းတွင် သုံးသပ်ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

မိုးကုတ်ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်အမျိုးသမီးအပါအဝင် အရပ်သား ၂၁ဉီး သေဆုံး

0
TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ တွင် စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၄) ရက် ည၈နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...

ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ကိုင်သူ မြန်မာအပါအဝင် ဝန်ထမ်းအမျိုးသမီး ၁၇ ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ Chet Yot လမ်းပေါ်ရှိ တရားမဝင်အနှိပ်ခန်းတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာ ၁ ဦးအပါအဝင် ဆိုင်ဝန်ထမ်း အမျိုးသမီး ၁၇ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အပါအဝင် အမျိုးသမီးများ ပြည့်တန်ဆာလုပ်ငန်း၌ လုပ်ကိုင်နေကြောင်း သတင်းရရှိသည့်အတွက် ထိုင်းလူဝင်မှု...

“မုဒိမ်းမှုကို ဥပေက္ခာပြုနေကြတယ်”

0
“တခါတလေ အသက်မရှင်ချင်တော့ဘူး။ ကလေးမျက်နှာကြောင့်သာ အားတင်းပြီး နေနေရတာ” လို့ မငယ်က သူ့သားလေးကိုကြည့်ရင်း လေသံတိုးတိုးလေးနဲ့ ပြောလာပါတယ်။ မငယ်သည် အသက် နှစ်နှစ်အရွယ်ရှိ သားငယ်ကို ပွေ့ချီရင်း၊ ဆူပူရင်း၊ ငြီးတွားရင်းနဲ့ စိတ်ပျက်ဝမ်းနည်းနေပါတယ်။ သူဟာ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ နေထိုင်ပြီး၊ မိဘနှစ်ပါးကို နေ့စားလိုက်ရင်း ရှာဖွေကျွေးမွေးနေပါတယ်။...