အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (NSPAW) ရှင်းလင်းမှု မရှိ ဝေဝါးနေ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ပြော

အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ၊ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (NSPAW) သည် ရှင်းလင်းမှုမရှိ ဝေဝါးနေသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ပြောဆိုလိုက်သည်။

Photo Credit to WLB- အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အတွက် အလားအလာ NSPAW သုံးသပ်ချက် စာတမ်း ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က မေ ၂၁ရက် တွင် ရန်ကုန်မြို့ Green Hill ဟိုတယ်တွင် ကျင်းပပြုလုပ်

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အတွက် အလားအလာ NSPAW သုံးသပ်ချက် စာတမ်း ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က မေ ၂၁ရက် တွင် ရန်ကုန်မြို့ Green Hill ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

NSPAW ပါ အချက်အလက်များသည် ရည်မှန်းချက် ကြီးမားသော်လည်း အကောင်အထည် ဖော်ဆောင်ရွက်ရန် နှင့် အဓိပ္ပာယ်ပြည့်ဝသည့် အကဲဖြတ် သုံးသပ်ရန် စံချိန် စံနှုန်း သတ်မှတ်ချက် ရှင်းလင်းတိကျစွာ မရှိဘဲ ဝေဝါးနေသည် ဟု WLB ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ NSPAW က ရှင်းလင်းမှု မရှိ ဝေးဝါးနေပါတယ်။ အမျိုးသမီး ဖွံ့ဖြိုးရေး လုပ်ဖို့အတွက် အကန့်အသတ် ဥပဒေဘောင်ကနေ လုပ်ရတဲ့အတွက် ရှေ့ကို မရောက်တဲ့ဟာ တွေ့ရတယ်” ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲ က ပြောကြားခဲ့သည်။

အဆိုပါ စာတမ်း သုံးသပ်ချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်တွင် မှီငြမ်းထားသည့် NSPAW ပြသနာများ၊ NSPAW ၏ အကောင်အထည်ဖော်မှု နှင့်တာဝန်ခံမှု ဆိုင်ရာ ပြသနာများ နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး ဆိုင်ရာ NSPAW ၏ အသေးစိတ် ပြသနာများပါဝင်ကြောင်းသိရသည်။

Photo Credit to WLB- အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အတွက် အလားအလာ NSPAW သုံးသပ်ချက် စာတမ်း ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က မေ ၂၁ရက် တွင် ရန်ကုန်မြို့ Green Hill ဟိုတယ်တွင် ကျင်းပပြုလုပ်

NSPAW ကို ၂၀၁၃-၂၀၂၂ ခုနစ်အတွင်း နိုင်ငံအတွင်းရှိ အမျိုးသမီး များ၏ လူ့အခွင့်အရေးများကာကွယ်မြှင့်တင်ရန်ခံယူချက် များကို ပုံဖော် ထား၍ “ ခြံုငုံပြည့်စုံသည်” ဟု ကြွေးကြော်ထားသည့် ၁၀ နှစ်စာ အမျိုးသားအဆင့် စီမံကိန်းဖြစ်သည်။

မြန်မာ နိုင်ငံအစိုးရမှ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။

NSPAW ကို လူမှု ဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အစိတ်အပိုင်း တရပ်ဖြစ်သော လူမှု ဝန်ထမ်း ဦးစီးဌာန အောက်တွင် တရားဝင်ဆောင်ရွက်နေသည်။

“ ၁၀ နှစ် သာ ရေးဆွဲတဲ့ NSPAW ဟာ အခုဆို ၆ နှစ် ရှိသွားတယ်။ အစည်းအဝေးသွားတာပဲ သိတယ်။ ဘာလုပ်နေလဲ လို့ မေးရင် တိကျမသိခဲ့ဘူး။ဒါအပြင် ကျေးလက်နေ အမျိုးသမီးတွေ မသိဘူး။ မြို့ ပေါ်က အမျိုးသမီးတွေက စမသိဘူူး။ အ တို်းအတာ အရ ပြောရင် ဒီစာအုပ် အကြီးကြီးစီမံကိန်း ရှိပေမယ့် စာအုပ်ရော နာမည်ရော မကြားဖူးတာ ရှိပါတယ်” NSPAW စီမံကိန်းနှင့် ပတ်သတ်ပြီး သံတောင်သူ အမျိုးသမီး အဖွဲ့ မှ ဒေါ်နော်မာမာချို က စာအုပ်မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

NSPAW တွင် “အမျိုးသမီး များနှင့် လက်နက်ကိုင် ပဋိပက္ခများ” အစား “ အမျိုးသမီးများနှင့် အရေးပေါ် အခြေအနေများ” ဆိုသည့် ခေါင်းစဉ်ပေးခြင်းသည် အစိုးရ အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခ ကို အသိအမှတ်မပြုဘဲ ကျား- မ အခြေပြုအကြမ်းဖက်မှု နှင့် ခွဲခြားဆက်ဆံမှုကို လစ်လျူရှုထားကြောင်း  စာတမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် NSPAW သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်တွင်းစစ်ပဋိပက္ခ၊တပ်မတော် ၏ အာဏာဆက်လက်လွှမ်းမိုးနေမှု နှင့် ခေတ်နှင့် လျောညီထွေးမှု မရှိသည့် ဥပဒေများနှင့် တရားဥပဒေ ဆိုင်ရာ မူဘောင်များ အပါအဝင် ကျား၊မ တန်းတူရေး ဖော်ဆောင်မှုကို နှောက်ယှက် ဟန့်တားနေသည့် အတားအဆီးများ ကိုယ်တွင် ဖြေရှင်းရန် ပျက်ကွက်နေသည် ဟုလည်း ၎င်း စာတမ်းတွင် ထောက်ပြထားသည်။

NSPAW သည် အခြေခံသဘောတရားအနှစ်သာရ နှင့် လုပ်ငန်းအကောင်အထည်ဖော်မှုတွင် ကြီးမားသည့် အားနည်းချက်များနှင့် ပြည့်နှက်နေကြောင်း WLB သုတေသန စာတမ်းတွင် သုံးသပ်ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

ပျောက်ဆုံးနေသည့် အမျိုးသမီးအကြောင်း ရဲစခန်းသွားတိုင်ကြားချိန် အလောင်းဖျောက် မီးသင်္ဂြိုလ်ပြီးနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး ရက်အတော်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် မိသားစုမှ ရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်တိုင်ကြားချိန်မှ ၎င်းအမျိုးသမီးအလောင်း မီးသင်္ဂြိုလ်ပြီးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ ရက်) တွင် တာချီလိတ်မြို့ (Sky...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...