ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲကို ကူညီရန် MRC ရုံးဖွင့်

ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကြုံတွေရသည့် အခက်အခဲကို ကူညီနိုင်ရန် အတွက် ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ် စင်တာ (Migrant Worker Resource Centre ) ရုံးကို မြန်မာ ထိုင်းနယ်စပ် တာချီလိတ်တွင် ဖွင့်လှစ်လိုက်သည်။

Photo by – Mawk Kon Local Development Organization- ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ် စင်တာ (Migrant Worker Resource Centre ) ရုံးကို မြန်မာ ထိုင်းနယ်စပ် တာချီလိတ်တွင် မေလ ၂၂ ရက် ၂၀၁၉ တွင် ဖွင့်လှစ် နန်းဝိုးဖတ်မှ စကားပြောနေစဉ်

အဆိုပါ ရုံးခန်းကို တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့( ILO)၏ အထောက်အပံ့ဖြင့် အလုပ်သမား ညွှန်ကြားရေးမှူး ဦးစီးဌာန နှင့် မောက်ကွမ် (ချယ်ရီပန်း) ဒေသဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ တို့ ပူးပေါင်း ပြီး ဖွင့်လှစ်ထားခြင်းဖြစ်သည်။

“ နယ်စပ်ဆိုတော့ တခြားနိုင်ငံကို တရားဝင် သွားတာလည်း ရှိသလို တရားမဝင် ခိုးသွားတာလဲ ရှိကြတယ်။ဒါကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေ ပြည်ပ မသွားခင် ဘာတွေ လုပ်သင့်လဲ။ ပြည်ပ ရောက် လို့ ပြသနာဖြစ်ရင် ဘယ်လို ချိတ်ဆက်သင့်လည်း ဆိုတာ ကျမတို့ ရုံးမှာ လာပြီး အကူအညီတောင်းလို့ရပါတယ်” ဟု မောက်ကွမ် ဒေသဖွံ့ဖြိုးရေး အဖွဲ့ မှ နန်းဝိုးဖတ် က ပြောသည်။

Photo by – Mawk Kon Local Development Organization- ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ် စင်တာ (Migrant Worker Resource Centre ) ရုံးကို မြန်မာ ထိုင်းနယ်စပ် တာချီလိတ်တွင် မေလ ၂၂ ရက် ၂၀၁၉ တွင် ဖွင့်လှစ်

နယ်စပ်ဒေသတွင် နေထိုင်သည့် တိုင်းရင်းသားအများစုသည် မြန်မာ စကား၊ မြန်မာစာကို ကျွမ်းကျင်မှုမရှိသည့်အပြင် ပညာရေးတွင်လည်း အားနည်းနေကြသဖြင့် အစိုးရ ရုံးဝင်ထွက်သွားလာရန် အခက်အခဲဖြစ်ကြကြောင်း၊ ထို့ပြင် ပြည်ပ သို့ မသွားရောက်ခင် မည်သည့် စာရွက်စာတမ်းများ နိုင်ငံကူးလက်မှတ်များ မည်သို့ပြင်ဆင်ထားသင်ကြောင်း နှင့် ပြည်ပတွင် အခက်အခဲကြံုလာပါက MRC ရုံးကို ချိတ်ဆက်ကာ အကူအညီ တောင်းစေချင်ကြောင်းလည်း နန်းဝိုးဖတ် ကပြောသည်။

နိုင်ငံခြားရောက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခက်အခဲ ဒုက္ခများရောက်ပါက MRC ကို အကြောင်းကြားနိုင်ကြောင်း၊ MRC အနေဖြင့် နိုင်ငံခြားရှိ သံရုံးများဖြင့်ပူးပေါင်းကာ အလုပ်သမားရေးရာ ပြသနာများကို ပူးပေါင်းဖြေရှင်းသွားမည် ဟု သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ခေါင်းပုံဖြတ် မခံရရေး၊ လစာ ပုံမှန် အချိန်မှန် ရရှိရေး၊ လူကုန်ကူးခြင်းမခံရအောင် လည်း ကူညီပေးသွားမည်ဖြစ်ပြီး၊ နိုင်ငံခြားတွင် သက်တမ်းလွန်နေထိုင်ခြင်းကြောင့် ဖမ်းခံရပါက လည်း MRC ကို လာရောက် တိုင်တည်ပါက သံရုံးနှင့် ပူးပေါင်းကာ လွှတ်မြောက်အောင် ဆောင်ရွက်ပေးမည် ဟုလည်း သိရသည်။

“ ထိုင်းကို အလုပ်သွားလုပ်ရင် ဘယ်လောက်ကြာလုပ်မလဲ။ နောက် ဘာသွားလုပ်မလဲ။ ပြန်လာရင် ထိုင်းကနေ ပညာရအောင် ယူလာပြီး ကိုယ့်ဒေသမှာ ပြန်လုပ်စားနိုင်ဖို့ လိုအပ်ပါတယ်။ အခုက ဘယ်တော့ ပြန်လာမလဲ ဆိုတာမသိကြဘူး။ လုပ်တော့လုပ်နေကြတယ်” ဟု နန်းဝိုးဖက် က ပြောသည်။

ထို့အပြင် ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ် စင်တာ ( MRC) ရုံးကို သျှမ်းပြည် မြောက်ပိုင်းလားရှိုး နှင့် မူဆယ် မြို့တွင် ဆက်လက် ဖွင့်ရန် လည်း ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...