Tuesday, January 27, 2026

ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲကို ကူညီရန် MRC ရုံးဖွင့်

ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကြုံတွေရသည့် အခက်အခဲကို ကူညီနိုင်ရန် အတွက် ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ် စင်တာ (Migrant Worker Resource Centre ) ရုံးကို မြန်မာ ထိုင်းနယ်စပ် တာချီလိတ်တွင် ဖွင့်လှစ်လိုက်သည်။

Photo by – Mawk Kon Local Development Organization- ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ် စင်တာ (Migrant Worker Resource Centre ) ရုံးကို မြန်မာ ထိုင်းနယ်စပ် တာချီလိတ်တွင် မေလ ၂၂ ရက် ၂၀၁၉ တွင် ဖွင့်လှစ် နန်းဝိုးဖတ်မှ စကားပြောနေစဉ်

အဆိုပါ ရုံးခန်းကို တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့( ILO)၏ အထောက်အပံ့ဖြင့် အလုပ်သမား ညွှန်ကြားရေးမှူး ဦးစီးဌာန နှင့် မောက်ကွမ် (ချယ်ရီပန်း) ဒေသဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ တို့ ပူးပေါင်း ပြီး ဖွင့်လှစ်ထားခြင်းဖြစ်သည်။

“ နယ်စပ်ဆိုတော့ တခြားနိုင်ငံကို တရားဝင် သွားတာလည်း ရှိသလို တရားမဝင် ခိုးသွားတာလဲ ရှိကြတယ်။ဒါကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေ ပြည်ပ မသွားခင် ဘာတွေ လုပ်သင့်လဲ။ ပြည်ပ ရောက် လို့ ပြသနာဖြစ်ရင် ဘယ်လို ချိတ်ဆက်သင့်လည်း ဆိုတာ ကျမတို့ ရုံးမှာ လာပြီး အကူအညီတောင်းလို့ရပါတယ်” ဟု မောက်ကွမ် ဒေသဖွံ့ဖြိုးရေး အဖွဲ့ မှ နန်းဝိုးဖတ် က ပြောသည်။

Photo by – Mawk Kon Local Development Organization- ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ် စင်တာ (Migrant Worker Resource Centre ) ရုံးကို မြန်မာ ထိုင်းနယ်စပ် တာချီလိတ်တွင် မေလ ၂၂ ရက် ၂၀၁၉ တွင် ဖွင့်လှစ်

နယ်စပ်ဒေသတွင် နေထိုင်သည့် တိုင်းရင်းသားအများစုသည် မြန်မာ စကား၊ မြန်မာစာကို ကျွမ်းကျင်မှုမရှိသည့်အပြင် ပညာရေးတွင်လည်း အားနည်းနေကြသဖြင့် အစိုးရ ရုံးဝင်ထွက်သွားလာရန် အခက်အခဲဖြစ်ကြကြောင်း၊ ထို့ပြင် ပြည်ပ သို့ မသွားရောက်ခင် မည်သည့် စာရွက်စာတမ်းများ နိုင်ငံကူးလက်မှတ်များ မည်သို့ပြင်ဆင်ထားသင်ကြောင်း နှင့် ပြည်ပတွင် အခက်အခဲကြံုလာပါက MRC ရုံးကို ချိတ်ဆက်ကာ အကူအညီ တောင်းစေချင်ကြောင်းလည်း နန်းဝိုးဖတ် ကပြောသည်။

နိုင်ငံခြားရောက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခက်အခဲ ဒုက္ခများရောက်ပါက MRC ကို အကြောင်းကြားနိုင်ကြောင်း၊ MRC အနေဖြင့် နိုင်ငံခြားရှိ သံရုံးများဖြင့်ပူးပေါင်းကာ အလုပ်သမားရေးရာ ပြသနာများကို ပူးပေါင်းဖြေရှင်းသွားမည် ဟု သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ခေါင်းပုံဖြတ် မခံရရေး၊ လစာ ပုံမှန် အချိန်မှန် ရရှိရေး၊ လူကုန်ကူးခြင်းမခံရအောင် လည်း ကူညီပေးသွားမည်ဖြစ်ပြီး၊ နိုင်ငံခြားတွင် သက်တမ်းလွန်နေထိုင်ခြင်းကြောင့် ဖမ်းခံရပါက လည်း MRC ကို လာရောက် တိုင်တည်ပါက သံရုံးနှင့် ပူးပေါင်းကာ လွှတ်မြောက်အောင် ဆောင်ရွက်ပေးမည် ဟုလည်း သိရသည်။

“ ထိုင်းကို အလုပ်သွားလုပ်ရင် ဘယ်လောက်ကြာလုပ်မလဲ။ နောက် ဘာသွားလုပ်မလဲ။ ပြန်လာရင် ထိုင်းကနေ ပညာရအောင် ယူလာပြီး ကိုယ့်ဒေသမှာ ပြန်လုပ်စားနိုင်ဖို့ လိုအပ်ပါတယ်။ အခုက ဘယ်တော့ ပြန်လာမလဲ ဆိုတာမသိကြဘူး။ လုပ်တော့လုပ်နေကြတယ်” ဟု နန်းဝိုးဖက် က ပြောသည်။

ထို့အပြင် ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ် စင်တာ ( MRC) ရုံးကို သျှမ်းပြည် မြောက်ပိုင်းလားရှိုး နှင့် မူဆယ် မြို့တွင် ဆက်လက် ဖွင့်ရန် လည်း ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

ဖမ်းဆီးခဲ့သည့်ရဲအရာရှိကို မွေးနေ့သီချင်း ဝိုင်းဆိုပေးခဲ့သည့် မြန်မာလုပ်သားများ

0
ထိုင်းနိုင်ငံ အန်ထောင် (Ang Thong ) ခရိုင်ရှိ အာရှအဝေးပြေး လမ်းမကြီးပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၂ ဦးနှင့် မှောင်ခိုကူးသူဟု သံသယရှိသူ ၃ ဦးတို့ကို...

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...

တားမြစ်လုပ်ငန်းများ လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးရန် ထိုင်းညွန်ကြားရေးမှူးချုပ် အမိန့်ပေး

0
ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသော အလုပ်များကို မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ မလုပ်စေရေးအတွက် ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားအလုပ်သမားများကို စစ်ဆေးရန် ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ်က အမိန့်ပေးလိုက်ကြောင်း သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသား အစားအသောက်ပို့ဆောင်သူတစ်ဦးကို ဝိုင်းဝန်းရိုက်နှိက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့...