တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့သော သီပေါမြို့နယ်တွန်ကျိုင်းရွာတွင် ဒေသခံလယ်ယာသမားတဦး မိုင်းနင်းမိဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ မတ်လအတွင်းကတိုက်ပွဲပြင်းထန်ခဲ့သော နားမခေါ်အုပ်စု တွန်ကျိုင်းရွာတွင် ရွာသားတဦး လယ်ယာလုပ်ငန်းခွင်ဝင်ရာ မိုင်းပေါက်ကွဲထိမိဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Photo by Shar Htat Paing-မိုင်းထိမှန်သည့် စိုင်းအဲန် အသက် ၁၉ နှစ်

မေလ ၂၀ ရက်က တွန်ကျိုင်းရွာသား စိုင်းအဲန် အသက် ၁၉ နှစ်သည် တွန်ကျိုင်းရွာအနောက်ဘက်ရှိ ၄င်း၏ လယ်ယာအတွင်း လုပ်ငန်းခွင်ဝင်နေစဉ် မိုင်းနင်းမိသဖြင့် ထိမှန်ဒဏ်ရာရရှိခဲ့ရာ သီပေါဆေးရုံသို့ပို့ဆောင်ဆေးကုခဲ့ရကြောင်းသိရသည်။

သီပေါမြို့နယ် SNLD ပါတီဝင်တဦးက-” ခြေထောက်၊ ကျော နဲ့ ပေါင်တွေမှာ ထိမှန်ဒဏ်ရာရတယ်။ ခုတော့ သီပေါဆေးရုံမှာ။ စိုးရိမ်ရတဲ့အနေအထားတော့မဟုတ်ပါဘူး။ ပရဟိတအဖွဲ့တွေ ၊ ကျားခေါင်းပါတီတွေ သွားရောက်ကြည့်ရှုပြီး ကူညီထောက်ပ့ံမှုတွေ ပေးပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မိုင်းထိမှန်သည့် စိုင်းအဲန် အသက် ၁၉ နှစ်သည် ခိုင်းဟျိုးရွာသား လုံးစိုင်းပန် ၏ သားဖြစ်ပြီး တွန်ကျိုင်းရွာသူ နန်းဆိုင်မွမ်းနှင့်အိမ်ထောင်ပြုကာ တွန်ကျိုင်းရွာတွင်နေထိုင်ပါသည်။

နားမခေါ်ဒေသခံတဦးကလည်း-” ဘယ်အဖွဲ့ရဲ့မိုင်းလည်းတော့မသိဘူး။ သူတို့ပြန်ဖြုတ်သွားဖို့မေ့တာလား သို့မဟုတ် တမင်တကာမဖြုတ်ဘဲထားတာလားတော့မသိဘူး။ ဒီနှစ်ဆန်းက ကျနော်တို့ သျှမ်းတပ် ၂ ဖွဲ့က လှုပ်ရှားသွားလာတယ် ပစ်ခတ်တိုက်ခိုက်တယ်လေဒီဒေသမှ ာ “– ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၄င်းတို့ကြားပြင်းထန်သည့်တိုက်ပွဲများကြောင့်ဒေသခံလူထုထောင်နှင့်ချီနေရပ်မှ စွန့်ခွါထွက်ပြေးခဲ့ရသည်။ လက်ရှိတွင် သျှမ်းတပ် ၂ ဖွဲ့လုံး အပစ်ရပ်ရေး ၂ ဦးသဘောတူပူးပေါင်းကြေငြာချက်ထုတ်ပြန်ပြီး ၂ ဖက်တပ်များလည်း အဆိုပါဒေသမှ ဆုတ်ခွါနေကြောင်းသိရသည်။ သို့သော် မိုင်းများရှိနေသေးသဖြင့် မိမိမိုင်းများပြန်လည်ဖြုတ်သိမ်းပေးရန်ဒေသခံများက တောင်းဆိုနေကြပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...