တောင်ယာသွားသည့် မိုင်းမုရွာသား မိုင်းနင်းမိ သေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းရှိ မန်စံအုပ်စု မိုင်းမုရွာတွင် ဒေသခံလယ်သမားတဦး လယ်ယာအသွားလမ်းတွင် မိုင်းနင်းမိသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိကာ လားရှိုးဆေးရုံအပို့ လမ်းတွင်သေဆုံးသွားခဲ့သည်။

Photo by Mong Mu Youth- မိုင်းနင်းမိသည့် နမ္မတူမြို့နယ် မိုင်းမုရွာသား လုံးဆန်ကျန်

မေလ ၂၀ ရက်နေ့က မိုင်းမု ရွာသား လုံးဆန်ကျန် အသက် ၅၀ နှစ်သည် မိုင်းမုရွာအနောက်ဘက်ရှိ တောင်ကြောပေါ်ရှိ ယာခင်းသို့အသွား လမ်းတွင် မိုင်းနင်းမိ ပေါက်ကွဲသဖြင့် ခြေထောက်၊ ဗိုက်၊ လက်၊ မျက်နှာတို့တွင် ထိမှန်ဒဏ်ရာရရှိကာ လားရှိုးဆေးရုံအပို့လမ်းတွင်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

မိုင်းပေါက်ကွဲပြီးပြီးချင်း သူ့ကို နွံစမ်ဟွမ် လူမှုကူညီရေးအဖွဲ့ကားနဲ့ လားရှိုးဆေးရုံပို့ပါတယ်။ ဒါမယ့်မိုင်းမုရွာအလွန် နားကေးရွာနားမှာ သူဆုံးသွားတယ်။ ဆုံးသွားတော့ မိုင်းမုကိုပြန်သယ်လာပြီးတော့ အဲ့နေ့မှာဘဲ မီးသဂြိုဟ်လိုက်တယ်။ ” – ဟု မိုင်းမုတွင် လူမှုကူညီရေးလှုပ်ရှားနေသည့်လူငယ်နန်းယိင်း ကပြောသည်။

လုံးဆန်ကျန်မိုင်းနင်းမိသော တောင်ကြောသည် မတ်လက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် RCSS ၊ အစိုးရတပ်မတော်တို့ကြားတိုက်ပွဲများဖြစ်ပွါးသည့် လွယ်ဟန်းဘက်အသွားလမ်းတွင်တည်ရှိပါသည်။အဆိုပါ တောင်ကြောသည် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသွားလာ နားခိုသည့်နေရာဖြစ်ကြောင်း မိုင်းမုဒေသခံများပြောပြချက်အရသိရသည်။ ထို့အတွက်ကြောင့်အဆိုပါ နင်းမိသောမိုင်းသည်မည်သည့်အဖွဲ့ထောင်ထားသည့်မိုင်း လည်းမသိရပေ။

မန်စံဒေသခံ ပါ့နန်းက -“ မနှစ်ကလည်း တနှစ်ပတ်လုံးတိုက်ပွဲတွေဖြစ်ခဲ့တယ်။ အခုလည်း ကျမတို့ရွာသူရွာသားတွေ လယ်ယာသွားဖို့ လုံခြုံဘေးကင်းမှုမရှိဘူး။ မိုင်းတွေအရမ်းများနေတယ်။ သက်ဆိုင်ရာကနေ လာပြီး သိမ်းပေးပါကြပါလို့ တောင်းဆိုချင်ပါတယ်။” – ဟုလည်းသျှမ်းသံတော်ဆင့်အားပြောသည်။

မိုင်းနင်းမိသေဆုံးသော လုံးဆန်ကျန်သည် မိုင်းမုတွင်အိမ်ထောင်ကျသည့်လားရှိုးဒေသခံဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...