Tuesday, January 27, 2026

သျှမ်း/မြောက် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲ အမိန့်အရ လာကြကြောင်း ဆန္ဒပြသူများပြော

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း တပ်မတော်ထောက်ခံပွဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ရေးထောက်ခံပွဲနှင့် ဥပဒေပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရန် ဆန္ဒထုတ်ဖော်ပွဲတရပ်ကျင်းပရာတွင် ပါ၀င်သည့် ဒေသခံများမှာ စည်းရုံးခြင်းခံရပြီးရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

Photo by Lashio Youth- မေလ ၁၉ ရက်နေ့က လားရှိုးမြို့တွင် ကျင်းပပြုလုပ်သောတပ်မတော်ထောက်ခံပွဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ရေးထောက်ခံပွဲနှင့် ဥပဒေပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရန် ဆန္ဒထုတ်ဖော်ပွဲ

မေလ ၁၉ ရက်နေ့မနက်ပိုင်းက လားရှိုးမြို့နယ် မြို့လယ်ခန်းမ မှ ရပ်ကွက် ၁၂ ရှိ ဘောလုံးကွင်းအထိ လူအင်အား ၅၀၀၀ ခန့်က လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြရာတွင် လားရှိုးမြို့တွင်းနှင့် မြို့နယ်အတွင်းရှိ ဒေသခံလူထုများဖြစ်ကြောင်း၊ တချို့မှာ နေအိမ်အထိ လာရောက်စည်းရုံးခြင်းခံရပြီး တချို့မှာလည်း ရွာသူကြီးအမိန့်ဖြင့်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့တွင်း လူမှုရေးအသင်းတွင်လှုပ်ရှားနေသူတဦးကသျှမ်းသံတော်ဆင့်အားပြောသည်။

“ပြောမယ်ဆိုရင် ရွာသားတွေက လားရှိုးကို ဘာသွားလုပ်မလဲဆိုတာ ဘာမှမသိရဘူးဗျ။ လားရှိုးမြို့သွားဖို့ လို့ဘဲ ပြောကြတာ။ စည်းရုံးတာကလည်း သျှမ်းလူမျိုးဘဲ။ ကျနော်တို့အသိမြန်လို့ပေါ့ဗျ။ ဖုန်းဆက်အကြောင်း ကြား တယ်။ သိန္နီ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရယ် တန့်ယန်း၊နောင်ချို၊ နမ္မတူ မြို့တွေက ဒေသခံလူထုတွေပေါ့။ ခင်ဗျားတို့လာရင် အိုးစည်ဗုံမောင်းတွေမပါခဲ့နဲ့ ။ သျှမ်းပြည်အလံတွေ မလွှင့်နဲ့။ တွေ့တာနဲ့ ဆွဲချမှာလို့ ။ အိုးစည်တီးရမယ့်နေရာမဟုတ်ဘူး။ အလံလွှင့်ရမယ့်နေရာမဟုတ်ဘူး လို့ ဖုန်းဆက်တာ။ ဒါမယ့်ဆန္ဒပြပွဲမှာ အောက်ပြည်အောက်ရွာကလာတဲ့ ဗမာလူမျိုးတွေများတယ်။ သျှမ်းပြည်မြောက်ပိုင်းကိုလာပြီး ၀မ်းရေးအတွက်ပိုက်ဆံရှာနေသူတွေပေါ့။ “– ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲလာသူများသည် တဦးလျှင်ငွေကျပ် ၅၀၀၀ စီရရှိကြပြီး ထမင်းတနပ်လည်းကျွေးကြောင်း လမ်းလျှောက်ဆန္ဒပြရာတွင်ပါ၀င်သည့်အမျိုးသမီးတဦးကပြောသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်ကလည်း အမျိုးသားလုံခြုံရေးကွန်ရက် ဗဟိုမှဦးဆောင်သည့်လူထုအင်အား ၂၀၀ ခန့်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေသာ တပ်မတော် ထောက်ခံပွဲ နှင့် ပုဒ်မ (၂၆၁ ) ကိုဥပဒေနှင့် အညီပြင်ဆင်ပေးရေး အတွက် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တောင်ကြီးမြို့တွင်ပြုလုပ်သော အဆိုပါထောက်ခံပွဲသို့လည်း ရွာလူကြီးစေခိုင်းသဖြင့် လာရကြောင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်သူများပြောသည်ဟု ကမ္ဘောဇတိုင်းမ် သတင်းတွင်လည်းဖော်ပြထားသည်။

ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၂၆၁ သည် ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များအား သမ္မတမှတိုက်ရိုက် ခန့်အပ်ခွင့် မရှိပဲ ၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်း လွှတ်တော်မှ ခန့်အပ် ပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...