ထိုင်း ရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမား၏ ကလေး ထိုင်းကျောင်းသားများကိုယ်စားပြုကာ အမေရိကန်တွင် သိပ္ပံဆိုင်ရာပြိုင်ပွဲဝင် ဆုများဆွတ်ခူးရရှိ

မေလ ၁၂ ရက်မှ ၁၇ ရက်နေ့အထိ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင်ကျင်းပသော Intel ISEF 2019 ၏ Science Project Competition ပြိုင်ပွဲသို့ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ချင်းရိုင်းမြို့ရှိ ဒမ်းရုန်းရတ်ဆုံခရော့ အထက်တန်းကျောင်းမှ ကျောင်းဆရာနှင့်ကျောင်းသားလူငယ်လေးများလည်း ၀င်ရောက်ယှဉ်ပြိုင်ရာ သျှမ်းရွှေ့ပြောင်းအလုပ်သမား၏ သမီးဖြစ်သော နောင့်နမ့်ဖိန့် ပန်းယားနှင့်အဖွဲ့က ဆုဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

Photo Credit to MGR- အမေရိကန်နိုင်ငံ Intel ISEF 2019 ၏ Science Project Competition ပြိုင်ပွဲမှဆုရရှိလာသော သျှမ်းလူမျိုး ထိုင်းကျောင်းသူလေး နောင့်နမ့်ဖိန့် ပန်းယား နှင့်အဖွဲ့

မျိုးစပါးစိုထိုင်းဆ အား သဘာဝသစ်စေးဖြင့်ထိန်းသိမ်းခြင်း (โครงงานการพัฒนาสารเคลือบเมล็ดพันธุ์อุ้มน้ำจากยางไม้ในท้องถิ่น) ဟူသည့် ပြိုင်ပွဲမှ Special Award ရရှိခဲ့သည့်အပြင် USAID from the American People အဖွဲ့မှလည်း ဆုငွေ ဒေါ်လာ ၃၀၀၀ တိတိချီးမြှင့်ခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသူဖြစ်သော်လည်း ရွှေ့ပြောင်းအလုပ်သမား၏ သားသမီးဖြစ်ပြီး နိုင်ငံမဲ့ လူထုအနေဖြင့်သာထိုင်းအစိုးရထားရှိသဖြင့် ထိုင်းနိုင်ငံကိုယ်စားပြုကာ ပြည်ပနိုင်ငံသို့သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိရေး အထူးနိုင်ငံကူးလက်မှတ် ထိုင်းမှထုတ်ပေးသော်လည်း အမေရိကန်သံရုံးမှ ငြင်းပယ်ခဲ့သည်။ သို့သော် ကျောင်းသူလေးမှာ အရည်အချင်းပြည့်မှီနေသဖြင့် ထိုင်းနိုင်ငံအစိုးရက ထိုင်းနိုင်ငံဥပဒေအတိုင်း ထိုင်းနိုင်ငံအတွင်းမွေးဖွားသောအထောက်အထားပြည့်စုံသည့်သူမ အား ထိုင်းနိုင်ငံသားမှတ်ပုံတင် ထုတ်ပေးကာ ထိုင်းကျောင်းသားကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်စေခဲ့သည်။

နောင့်နမ့်ဖိန် သည် သျှမ်းရွှေ့ပြောင်းအလုပ်သမား နန်းကိန် ဆိုသူ၏ သမီးဖြစ်ပြီး ထိုင်းနိုင်ငံတွင်ပင်မွေးဖွားကာ လက်ရှိတွင် (မြန်မာနိုင်ငံပညာရေး ၁၀ တန်းနှင့်အဆင့်တူသော) ထိုင်းပညာရေးကျောင်းမှ မော ၆ တက္ကသိုလ်ဝင်တန်း တက်နေသောကျောင်းသူဖြစ်သည်။

နောင့်နမ့်ဖိန် ကဲ့သို့သော အလားတူဖြစ်ရပ်မျိုး ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမား မိဘမှ ဖွားမြင်သော ကျောင်းသူလေး ယွန်းရတီသည်လည်းလာမည့် ဇွန်လအတွင်း အမေရိကန်နိုင်ငံသို့ Genius Olympaid in New York ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် ထိုင်းအစိုးရက ထိုင်းနိုင်ငံသားမှတ်ပုံတင် ယခုလ ဆန်းကပင် ထုတ်ပေးလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...