SHAN -
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား ဖြစ်ပွားနေသည့် စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုနှင့် ပတ်သက်၍ နှစ်ပါတီ ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းသွားမည်ဖြစ်ကြောင်း SSPP ဘက်မှ ထုတ်ပြန်လိုက်သည်။ ဧပြီလ ၂၈-၂၉ ရက်အတွင်း SSPP/SSA နှင့် MNDJP/MNDAA တို့ စစ်ရေးထိတွေ့မှု...
တန့်ယန်းမြို့ ယမ်းသိုလှောင်သည့်နေအိမ် ပေါက်ကွဲမှုဖြစ် အရပ်သားထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ ရပ်ကွက် (၂) ယမ်းသိုလှောင်သည့် နေအိမ် တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၃၀) ရက် နေ့လယ် ၁၂ နာရီခွဲကျော် တန့်ယန်းမြို့ ရပ်ကွက် (၂) နောင်ဖာလမ်း ရှိ အငှားအိမ်ခန်းတန်းလျား တွင် ယမ်းသိုလှောင်သည့်အခန်းမှ ပြင်းထန်သည့်ပေါက်ကွဲမှုတခုဖြစ်ပွားပြီး...
မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...
ရွာငံတွင် စစ်ကောင်စီတပ်သားများ အရပ်သား နေအိမ်တပ်စွဲ၊ ပိုက်ဆံတောင်း စားနပ်ရိက္ခာယူစားနေ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အရှေ့ဘက် ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းထိုးနေပြီး၊ အရပ်သားနေအိမ်တွင် တပ်စွဲကာ၊ ပိုက်ဆံတောင်းပြီး နေအိမ်ရှိ စားနပ်ရိက္ခာများလည်း ယူစားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်နေ့မှ၍ ယနေ့ (ဧပြီ ၃၀)ရက်ထိ ရွာငံမြို့နယ် အရှေ့ဘက်ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းထိုးနေပြီး အရပ်သား နေအိမ်များထဲတပ်စွဲနေထိုင်ခြင်း၊...
သျှမ်းပြည် သီပေါမြို့နယ်ရှိ စိန်ကျော့ဌာနေ ပြည်သူ့စစ် ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် စိန်ကျော့ပြည်သူ့စစ်အားလုံး တပ်ဆုတ်ခွာပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် ဆင်ကျော့ကျေးရွာအုပ်စုရှိ စိန်ကျော့ဌာနေပြည်သူ့စစ် ဌာနချုပ် အနီးတဝိုက်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ...
ပဋိပက္ခကြား မူးယစ်ဆေး သုံးစွဲမှု ပိုကြီးထွားနေ
“WY ဆေးနှစ်ပြားလောက် သုံးထားရင် အရမ်းကို နေလို့ကောင်းသွားတယ်၊ မပင်ပန်းဘူး” လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တစ်ဦးဖြစ်တဲ့ ကိုမောင်ငယ်က ပြောနေပါတယ်။ ကိုမောင်ငယ်က စိုက်ပျိုးရေးလုပ်ကိုင်သူ ဖြစ်တဲ့အလျောက် ပေါက်ပြားတစ်လက်နဲ့ ခြံဆွရတယ်။ တောတွေ ရှင်းရတယ်၊ ထင်းခုတ်ရတယ်။ ဒီအလုပ်က သူ့ရဲ့နိစ္စဓူဝ လုပ်ရတော့ ပင်ပန်းမှုတွေ ဖြစ်လာတဲ့အတွက် တစ်ရက် “၁၀၀၀”ကျပ်...
သျှမ်း-ကရင်နီ (ကယားပြည်) နယ်စပ်ဒေသ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူသေဆုံးတာမဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့သေဆုံးတယ်ဆိုပြီးတော့ ရွှေဖီမြေသတင်းဌာနက ရေးသားတင်ထားတဲ့ သတင်းတွေကို စခရင်ရှော့ယူပြီး စစ်ကောင်စီလော်ဘီချန်နယ်က သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။ မိုးဗြဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင် ဆိုတဲ့ သတင်းအမှားဟာ ပြီးခဲ့တဲ့ ဧပြီလ...
အင်းလေးဒေသ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျော နှင့် အရေးပြားရောဂါများ ဖြစ်ပွားနေ
သျှမ်းပြည် အင်းလေးဒေသတွင် ငလျင်ဒဏ်ကြုံပြီးနောက် သောက်သုံးရေးမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျော နှင့် အရေပြားရောဂါများဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ဒုတိယပတ်မှ စတင်၍ ရာသီဥတုအကူပြောင်းများကြောင့် ငလျင်ဘေးသင့် အင်းလေး ဒေသခံများ ဖျားနာခြင်းများကို ခံစားနေရသည့်အပြင်၊ သောက်သုံးရေမသန့်ရှင်းမှုကြောင့်လည်း အရေပြားရောဂါ နှင့် ဝမ်းပျက်ဝမ်းလျောများ စတင်ဖြစ်ပွားနေကြောင်း ကိုယ်တိုင်းကြုံတွေ့နေသည့် အသက် ၃၀...
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းကို ဖယ်ရှားရန် ကိုးကန့်တပ်ဖွဲ့ MNDAA ဝင်ရောက်လာစဉ် နှစ်ဘက်သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂၉ ရက်) နံနက် ၁၀ နာရီခန့်တွင် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စုရှိ နမ္မ၊ ကုန်းပေါင်းနှင့်...
တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးမှုဖြစ်
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေလျှံပြီး ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဧပြီလ ၂၉ ရက်) နံနက်ပိုင်း ၁၀ နာရီအထိ မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေလျှံကာ တာချီလိတ်နှင့် မယ်ဆိုင်မြို့ပေါ်ရှိ ရပ်ကွက် အချို့တွင် ရေးကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ဒေသခံ...





