ညောင်ရွှေမြို့နယ် PNO ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သူများ စစ်ဝတ်စုံဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရှိ ပအိုဝ်းပြည်သူ့စစ် PNO ထိန်းချုပ်သည့်နယ်မြေ အတွင်းနေထိုင်သော ပြည်သူများကို စစ်ဝတ်စုံဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ လယ်မှစပြီး ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာနှင့် လွယ်နွဲ့ကျေးရွာတွင် စစ်ကောင်စီနှင့် PNOက နေရပ်ပြန်ခိုင်းပြီးကျေးရွာအတွင်း ငွေကောက်ခြင်း၊ ငွေမထည့်နိုင်သူများက်ု PNOယူနီဖောင်း ဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းကြောင်း ဒေသခံများက ပြောသည်။

တောင်ပို့ကွဲကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး တစ်အိမ်လျှင် ငွေကျပ် (၈သိန်း)အထိကောက်ခံနေပြီး မပေးနိုင်သည့် နေအိမ်များကို PNO၏ ယူနီဖောင်း ဝတ်ခိုင်းပြီး အလှည့်ကျ ကင်းစောင့်ခိုင်းကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရွာမှာ အလုပ်လည်း သိပ်လုပ်ခွင့်မပေးဘူး။ ပိုက်ဆံလည်းတစ်အိမ်ကို ၈ သိန်းတဲ့။ ဘယ်ကနေသွားယူရမှာလဲ။ ပိုက်ဆံရှိတဲ့ သူက ထည့်နိုင်တာပေါ့။ မထည့်နိုင်တဲ့ သူတွေကတော့ PNOယူနီဖောင်း ဝတ်ခိုင်းပြီး ကင်းစောင့်ရတယ်။စားစရာမရှိရတဲ့ကြားက ထမင်းထုတ်လည်း ပို့ရတယ်။”ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် လွယ်နွဲ့ကျေးရွာတွင်လည်း PNOက ရွာသားများကို၁၅ ရက်လျှင် တစ်ကြိမ် ငါးယောက်စီ အလှည့်ကျကင်းစောင့် ခိုင်းနေသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
တောင်ပို့ကွဲကျေးရွာသည် အင်းလေးဒေသနှင့် ၂နာရီကျော်ကွာဝေး၍ ဖယ်ခုံအရှေ့ဖက်ကမ်း တွင်တည်ရှိပြီး စစ်ကောင်စီနှင့် PNOတပ်သားများက ကျေးရွာအတွင်း တပ်စွဲထားကြောင်းသိရသည်။

ဆက်လက်ပြီး ဘုရားတောင်ကျေးရွာတွင်လည်း စစ်ကောင်စီနှင့် PNOက ပြန်လည်နေထိုင်ခွင့် ပြုခဲ့ပြီး တစ်အိမ်လျှင် ငွေကျပ် (၅) သိန်းထည့်ပြီး စစ်မှုထမ်းရမည်ဆိုသောကြောင့် ဒေသခံများ မပြန်ရဲသေးကြကြောင်း အသက် ၃၀ ကျောက်အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာကိုတော့ ပြန်လို့ရပြီတဲ့ ပိုက်ဆံ ငါးသိန်းနဲ့ စစ်မှုထမ်းရမယ်ပြောတယ်။ အပြင်မှာလည်း အလုပ်ပေးမလုပ်ဘူးတဲ့။ ကျနော်တော့ မပြန်ရဲတော့ဘူး။ ဒီနေ့မပြန်ရင် တစ်နှစ်စာ မပြန်ရတော့ဘူးတဲ့။ ပြန်ရင်လည်း စစ်မှုထမ်းရမယ်ဆို‌ေတာ့ မပြန်ရဲတော့ဘူး။ “ဟု ၎င်း ဒေသခံအမျိုးသားက ပြောသည်။

ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာ၊ လွယ်နွဲ့ကျေးရွာ၊ ညောင်လေးပင်ကျေးရွာ၊ ရေပူကျေးရွာ ၊ နှင့် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတို့ကို စစ်ရှောင်နေရသည်မှာ ၆ လကျော်ကြာပြီဖြစ်ပြီးပြီးခဲ့သည့် ဇူလိုင်လမှစ၍ နေရပ်ပေးပြန်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လမှ စပြီး ဖက်ခုံအရှေ့ဘက်ကမ်း အင်းလေး​ဒေသ အနီးတွင် စစ်ကောင်စီ၊ PNOနှင့် တော်လှန်ရေးအင်အားစုတို့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ကျေးရွာများ ရွာလုံးကျွတ်စစ်ဘေးရှောင်ခဲ့ရသည်။
ယခုလက်ရှိ အင်းလေးဒေသတွင် စစ်ရှောင် သုံးရာနီးပါးသာကျန်ရှိပြီး အလှူရှင်များကို အားပြုကာ ရှင်သန်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

‌အင်းလေးဖောင်တော်ဦးဘုရားပွဲကို အခွင့်ကောင်းယူပြီး ပေါ်တာဆွဲမည်ကို ဒေသခံများ စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဖောင်တော်ဦး ဘုရားပွဲတော်ကို လာမည် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကို အခွင့်ကောင်းယူပြီး စစ်တ်ပမှ ပေါ်တာဆွဲဖမ်းဆီးမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို (၁၂)ရက်မှ (၂၉) ရက်နေ့အထိ ၁၈ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ထို့သို့ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ရက်ရှည်ကျင်းပရာတွင်...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...