Monday, February 2, 2026

CATEGORY

သတင်း

ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ့စစ်အဖွဲ့ပူးပေါင်းပြီး ရွာသားတဦးကို လုပ်ကြံသတ်ဖြတ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းပိုင်အုပ်စုတွင် ရွာအုပ်ချုပ်ရေးမှူး နှင့် ဒေသအတွင်း လက်နက်ကိုင် အဖွဲ့နှင့်ပူးပေါင်းပြီး သားဖြစ်သူအား သတ်ဖြတ်သည်ဟုဆိုကာ မိခင်ဖြစ်သူက လားရှိုးမြို့မရဲစခန်းသို့လာရောက် အမှုဖွင့် တိုင်ကြားထားကြောင်းသိရသည်။ လားရှိုးမြို့အရှေ့တောင်ဘက်ရှိ မိုင်းပိုင်ကျေးရွာအုပ်စု ကောင်းဟုန်းရွာနေ စိုင်းအိုက်ထွန်း အသက် ၃၄ နှစ်အား ဒေသတွင်းပြည်သူ့စစ်များနှင့်အာဏာပိုင်များက ဇန်နဝါရီလနှောင်းပိုင်းက ဖမ်း ချုပ်ရိုက်နှက်ရာ...

နမ္မတူကျေးလက်ဒေခံ ၁၂ ဉီးအား RCSS ဖမ်းဆီးထားသည်ဟု စွပ်စွဲပြီး ပြန်လွှတ်ပေးဖို့ တအာင်း ၃၀၀ ဆန္ဒပြတောင်းဆို

ဖေဖေါ်ဝါရီ လနှောင်းပိုင်းက နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ်က မန်လီ ရွာသား ၁၂ ဉီးအား RCSS/SSA မှ ဖမ်းသွား သည်ဟု စွပ်စွဲပြောဆိုကာအမြန်ဆုံးပြန်လွှတ်ပေးဖို့ တအာင်းလူထု ရာဂဏန်းက  လားရှိုးမြို့ တွင် ယနေ့ စုစည်းပြီး မြို့တွင်း စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖော် တောင်းဆိုကြသည်။ ၂၀၁၉ မတ်လ ၁၇...

NCA လက်မှတ်မထိုးသေးသည့် လက်နက်ကိုင် ၈ ဖွဲ့ အစိုးရဖိတ်ခေါ်ချက်အရ နေပြည်သွားမည်

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို (NRPC) မှ အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) လက်မှတ်မထိုးထားသေးသည့် တိုင်းရင်းသားလက်နက်ကိုင်းများကို တွေ့ဆုံရန် ဖိတ်ခေါ်ချက်အရ ၈ ဖွဲ့ လုံး နေပြည်တော် သွားကြမည်ဟု သိရသည်။ ၀ တပ်ဖွဲ့ ခေါင်းဆောင်မှုပြုနေသည့် FPNCC အဖွဲ့ဝင်...

တောင်ယာမီးရှို့မှုကြောင့် ထိုင်းနယ်စပ် ဒေသတလျှောက် လေထုညစ်ညမ်းမှု ကြုံနေရ

ယခုကာလသည် တောတောင် လယ်ယာများအား မီးရှို့သည့်ကာလဖြစ်သည့်အလျောက် မြန်မာ ထိုင်းနယ်စပ် တာချီလိတ် နှင့် ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း မီးခိုးဝေ လေထုညစ်ညမ်းမှုမြင့်နေသည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး အဖွဲ့များ က ပြောသည်။ သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် တွင် မတ် ၁၄ ရက် မနက်ပိုင်းကမီးခိုးများထူထပ်...

ထိုင်းနိုင်ငံ သို့ ခိုးဝင်သည့် သျှမ်းပြည်မြောက်ပိုင်းမှ ဒေသခံ ၃၀ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ သို့ တရားမဝင် ခိုးဝင်သည့် သျှမ်း/မြောက်မှ ဒေသခံ ၃၀ ဦး ကို ချင်းရိုင်းခရိုင်ရဲများက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။ မတ် ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ဝိန်းဖန်းခမ်းမြို့ ရှိ အိမ်တအိမ်တွင် ထိုင်းရဲတပ်ဖွဲ့များ က ဝင်ရောက်စစ်ဆေးရာ သျှမ်းပြည်မြောက်ပိုင်းမှလာသော...

စက်ဘီးစီးခရီးသွားသျှမ်းညီအကို သျှမ်း၊မြောက်စစ်ဘေးရှောင်များရိက္ခာရရှိရေး လှုပ်ရှားမှုပြုမည်ဟုဆို

ထိုင်းနိုင်ငံချင်းမိုင်မြို့မှ မြန်မာပြည်အနှံ့ စက်ဘီးစီး ခရီးသွား သျှမ်းညီအကိုသည် လမ်းခရီး ၂ လ ကြာမြင့်ချိန် မန္တလေးမြို့သို့ရောက်ရှိကာ သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာရရှိရေးအတွက် စက်ဘီးစီး လှုပ်ရှားမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ လူငယ်အဖွဲ့နှင့်ပူးပေါင်းကာ စစ်ဘေးရှောင်များရိက္ခာရရေး စက်ဘီးစီးလှုပ်ရှားမှု ပြုလုပ် မည်ဖြစ်ကြောင်း စက်ဘီးစီးလူငယ် စိုင်းအွန်ခေးက သျှမ်းသံတော်ဆင့်အားပြောသည်။ “မန္တလေးကနေ သျှမ်းပြည်မြောက်ပိုင်းကိုတက်ပါမယ်။...

သျှမ်းနှစ်တပ်ညီညွှတ်ရေး ပံ့ပိုးပေးရန် ၀ါရင့်တော်လှန်သမားဟောင်းများအား RCSS/SSA ခေါင်းဆောင် ဖိတ်ခေါ်တွေ့ဆုံ

သျှမ်း တော်လှန်ရေးသမားဟောင်းများအား RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဖိတ်ခေါ်တွေ့ဆုံကာ သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးနေသော ပဋိပက္ခများပြေငြိမ်းပြီး ညီညွှတ်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။ မတ်လ ၁၀ ရက်နေ့က RCSS/SSA ဥက္ကဌမှခေါ်ယူတွေ့ဆုံသူများမှာ ပူနန်စော၊ စဝ်ကဏ်းကျစ်၊ စဝ်ပိုင်းမိန်း၊ စဝ်ခွန်ထူး (စဝ်ဆူးလိုင်း)တို့အပြင်တခြားသော အတွေ့အကြုံရှိ ပုဂ္ဂိုလ်များ အများအပြားပါ၀င်သည်ဟုသိရ...

ခိုလမ်တွင် နေအိမ်တလုံးမီးလောင်  

သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲတွင် စျေးအနီးနေအိမ်တလုံးမီးလောင်မှုဖြစ်ပွါးရာ ဒေသခံများစိုးရိမ်ထိတ်လှန့်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ မတ်လ ၁၃ ရက် ယနေ့နေ့လည်ပိုင်းက ရပ်ကွက် ၄ ရှိ ဦးလုံးဆုပညာ ပါ့နန်းခမ်းအောင်တို့၏နေအိမ်အား မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် လူထုထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ကြောင်း မီးလောင်သည့်အိမ်အနီးတွင်နေထိုင်သည့် ခိုလမ်ဒေသခံလူငယ် စိုင်းဆေ က သျှမ်းသံတော်ဆင့်အားပြောသည်။ "၂ ထပ်ခွဲရှိတယ်သူတို့အိမ်က။ အိမ်အပေါ်ထပ်မှာဝုန်းခနဲမြည်ပြီး မီးထ လောင်တာ။...

နမ့်လန်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ကျည်စ ထိမှန်

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့နယ် နားမခေါ် ကျေးရွာ အနောက်ဘက် နမ့်မော်လုံ ရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ အမျိုးသားတဦး ကျည်စ ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ ၁၂ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ကျည်စ ထိမှန်သူသည် အသက် ၂၅ နှစ် အရွယ် စိုင်းကာလိန်...

တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် RCSS/SSA ကိုယ်စားလှယ်များတွေ့ဆုံ

တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာ သျှမ်းပြည်မြောက်ပိုင်း တွင်ဖြစ်ပွါး နေသော ကိစ္စရပ်များအပြင်တခြားအချက်အလက်များဆွေးနွေးခဲ့ကြောင်းသိရသည်။ မတ်လ ၁၂ ရက်နေ့က နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်းရိပ်သာ၌ တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။ ထိုသို့တွေ့ဆုံရာတွင် တပ်မတော်၊ RCSS/SSA နှင့် SSPP/SSA အဖွဲ့တို့ သုံးပွင့်ဆိုင် ဆွေးနွေးရေး...

Latest news