Wednesday, January 28, 2026

ရဲဝင်ဖမ်းစဉ် မူးယစ်သုံးစွဲသူက မယားဖြစ်သူအား ဓါးစာခံအဖြစ်သုံးပြီး မိမိကိုယ်ကိုကာကွယ်

သျှမ်းပြည်တောင်ပိုင်းလွိုင်လင်မြို့နယ်အတွင်း ကျေးလက်ဒေသခံတဦးအား  မူးယစ်ဆေးဝါး မှုဖြင့် ရဲများလိုက်လံဖမ်းဆီးရာတွင် အဖမ်းမခံဘဲ ဇနီးဖြစ်သူအားဓါးဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။

Photo Credit to Loi Lem Youth- ဇနီးဖြစ်သူအား ဓါးဖြင့်ခုတ်သည့် စိုင်းဇိန

နိုဝင်ဘာလ ၁၀ ရက်နေ့က လွိုင်လင်မြို့နယ် ပန်ခေါက်ဝိုးရွာနေ စိုင်းဇိန အသက် ၄၁ အား မူးယစ်ဆေးဝါးမှုဖြင့် ၎င်းနေအိမ်အထိ ရဲများလိုက်လံဖမ်းဆီးရာ အဖမ်းမခံဘဲ ဇနီးဖြစ်သူ နန်းရွှေဝါ အသက် ၃၄ နှစ်အား ဓါးစာခံအဖြစ်ဖမ်းချုပ်ကာ ဓါးဖြင့်ခုတ်ပြီး ထွက်ပြေးရန်ကြိုးစား ခဲ့သည်ဟုသိရသည်။

လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းမြထွေးက – “ဟုတ်တယ်။ သူ့ကို မနက် ၈ နာရီ ကတည်းက ပုလိပ်တွေသွားဖမ်းတာ မွန်းလွဲ ၂ နာရီမှသူ ထွက်ပြေးဖို့ကြိုးစားတော့ ပုလိပ်တွေက သူ့ကိုဖမ်းလိုက်တာ။ သူ့မိန်းမကိုဓါးနဲ့ခုတ်လိုက်လို့ သူ့မိန်းမ ဂုတ်တွေ လက်တွေမှာ ထိခိုက်ဒဏ်ရာရ သွားတယ်။ သူ့မိန်းမ နန်းဝါ တောင်ကြီးတက်ဆေးကုရတာ ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မှ ဆေးရုံက ဆင်းလာတာ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

စိုင်းဇိနအား ပုလိပ်များ ပစ်ခတ်ဖမ်းဆီးရာ ဒဏ်ရာအနည်းငယ်ရရှိပြီး လက်ရှိတွင် လွိုင်လင်ရဲစခန်းတွင်ချုပ်နှောင်ထားခြင်းခံရကြောင်းလည်း ဆိုပါသည်။

လွိုင်လင်ဒေသခံ လုံးဆုက လည်း-“ သူဆေးနဲ့ပတ်သက်တယ်လို့သတင်းရလို့ ပုလိပ်တွေသွားဖမ်းတာ လို့ပြောတယ်။ သူက အဖမ်းမခံဘူး။ သူ့မိန်းမကိုဖမ်းချုပ် ဓါးနဲ့ထောက်ပြီး ပုလိပ်တွေကိုအဖမ်းမခံဘဲပြန်ချိန်တာလေ။ သူထွက်ပြေးဖို့ကြိုးစားတော့သူ့ကို ပစ်လိုက်တာ သူ့မျက်နှာတွေ ရင်ဘတ်တွေမှာ ရှပ်ထိဒဏ်ရာရသွားတယ်။ သူ့ဆီက ယာဘအပြားပေါင်း ၁၀၀ ကျော်ရတယ်လို့ ကြားသိရပါတယ် ”- ဟု ပြောသည်။

Photo Credit to Loi Lem Youth- စိုင်းဇိနထံမှ ဖမ်းရမိသည့် ဆေးပြားများနှင့် ဇနီးသည်အားခုတ်သည့်ဓါး

 လက်ရှိတွင်  ဒေသတွင်း ယာဘစိတ်ကြွဆေး တပြားလျှင်ကျပ် ၁၀၀၀ ဖြင့်ရောင်းဝယ်ရာ စိုင်းဇိန ထံမှ ဆေးပြား ၁၁၈ ပြား ဖမ်းမိသဖြင့် ကာလတန်ဖိုးမှာ ကျပ် ၁၁၈၀၀၀ ခန့်ရှိသည်ဟုဆိုပါသည်။

စိုင်းဇိန နှင့် နန်းရွှေဝါ တို့တွင် သား ၁ ဦး သမီး ၁ ဦးရှိကြောင်းသိရသည်။

လက်ရှိတွင် စိုင်းဇိန အား ပ ၉၉/၂၀၁၉ ၊ ပုဒ်မ ၄၅၂/၅၀၆/၄၂၇ တို့ဖြင့် ရဲများက အမှုဖွင့်အရေးယူထားကြောင်းလည်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖုန်းအသုံးပြုသည့် သီပေါဒေသခံ (၄၀)ကျော် TNLA ဖမ်းဆီး

0
သျှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံအရွယ်စုံ (၄၀) ဦးထက်မနည်းကို ဖုန်းအသုံးပြုသည့် အကြောင်းပြချက်ဖြင့် TNLA တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ပထမပတ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထားသည့်ကြားက ဖုန်းပြောဆို ဆက်သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာရှိ ဒေသခံ အရွယ်စုံ...

လွိုင်လင်မြို့နယ် တောင်ကျရေကြောင့် နေအိမ် ၈၀ ကျော် ပျက်စီး၊ ပြန်လည်ထူထောင်ရန် ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျ‌ရေကြောင့် မြေပြို၍ ပျက်စီးသွားသည့် ဒေသခံနေအိမ် (၈၀) ကျော် ပြန်လည်ထူထောင်ရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်မြို့နယ် ခေါင်းနွဲ့ကျေးရွာအုပ်စုရှိ အိမ်ခတ်ရွာ၊ နောင်နိန်းရွာ၊ ဆဟောင်းရွာ၊ နောင်ဆိုင်ရွာ စသည့် ကျေးရွာများတွင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း တောင်ကျရေကြောင့် မြေပြို၍...

ရွာငံသို့ ခရီးသွားများထံမှ စစ်ကောင်စီ ဂိတ်ငွေတောင်း မပေးလျှင် ဖမ်းဆီး

0
ရွာငံသို့လာရောက်လည်ပတ်ကြသည့် ခရီးသွားများထံမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ငွေတောင်းပြီး မပေးရင် ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်း ခရီးသွားများပြောပြချက်အရသိရသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ်ရှိ ဂဏန်းကျရေတံခွန်၊ ရေပြာအိုင်၊ ရေပြာစမ်းနှင့် အခြားသော သဘာဝ ရှု့ခင်းများဆီသို့လာရောက်လည်ပတ်ကြသည့် အနယ်အနယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များကို ပင်းတယ ကျုံး ဂိတ်နှင့် ရွာငံမြင်းကျဒိုး စစ်ကောင်စီ ဂိတ်တို့တွင်...

လွိုင်လင်မြို့ မွေတော်ဆရာတော် ပျံလွန်တော် အကြောင်းပြ လောင်းကစားဝိုင်းဖွင့်

0
သျှမ်းပြည် လွိုင်လင်ခရိုင် လွိုင်လင်မြို့ ရပ်ကွက် ၄ ရှိ မွေတော်ဘုန်းကြီးကျောင်း ဆရာတော် ပျံလွန်တော်မှုသည်ကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် လွိုင်လင်မြို့ မွေတော် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မှုသွားခဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှစပြီး လောင်းကစားဝိုင်းကို...

စစ်ကောင်စီ ဖမ်းသွားသည့် ရွာငံ ပြည်သူများ ယနေ့ထိ အဆက်အသွယ် မရသေး

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်မှ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားများ ယနေ့ အထိ အဆက်အသွယ်မရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ရွာငံမြို့နယ် ကျောက်ဂူပြင်ကျေးရွာမှ အရပ်သား ၉ ဦးသည် ယနေ့ အထိ အဆက်အသွယ်မရကြသေး သဖြင့်...