လွိုင်လင်မြို့ မွေတော်ဆရာတော် ပျံလွန်တော် အကြောင်းပြ လောင်းကစားဝိုင်းဖွင့်

သျှမ်းပြည် လွိုင်လင်ခရိုင် လွိုင်လင်မြို့ ရပ်ကွက် ၄ ရှိ မွေတော်ဘုန်းကြီးကျောင်း ဆရာတော် ပျံလွန်တော်မှုသည်ကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

မွေတော်ဘုန်းကြီးကျောင်းနောက်ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်း

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် လွိုင်လင်မြို့ မွေတော် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မှုသွားခဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှစပြီး လောင်းကစားဝိုင်းကို ဘုန်းကြီးကျောင်းဆောင်၏ အနောက်ဘက်တွင် လောင်းကစားဝိုင်း ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လွိုင်လင်မြို့ မွေတော်ဘုန်းကြီးကျောင်းထိုင်ဆရာတော်က ပျံလွန်တော်မှုသွားတာကို အကြောင်းပြပြီးတော့ လောင်းကစားဒိုင်တွေက လောင်းကစား လာဖွင့်နေတာ။ မကြာမီ ကလည်း ပင်လုံမှာ သွားဖွင့်တယ်။ အခုက ဘုန်းကြီးပျံတော်မှုတာကို အကြောင်းပြပြီး ထပ်လာဖွင့်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မွေတော်ကျောင်းတွင်း ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများကိုလည်း တာဝန်ရှိသည့် သူများက ခွင့်ပြုထားကြောင်း အထက်ပါ လွိုင်လင်မြို့ ဒေသခံက ပြောသည်။

“ လောင်းကစားဒိုင်တွေ စီးပွားရှာနေကြတာ။ တာဝန်ရှိတဲ့ အကြီးပိုင်းတွေကလည်း သိရက်နဲ့ ခွင့်ပြုချက်တွေ ပေးထားတာ။ ဒီနေ့ထိ ဖွင့်နေသေးတယ်။ ဘာမှ မပြောဘူး” ဟု ၎င်းက ထပ်လောင်းပြောသည်။

မွေတော်ကျောင်းထိုင်ဆရာတော်ကို ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။

လောင်းကစားဝိုင်းတွေ များပြားလာသည့်အတွက်ကြောင့် လောင်းကစားဝိုင်းမှ တစ်ဆင့် သူခိုး၊ ဓားပြ တွေများပြားလာမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

“ အခုခေတ်က ဘာပဲလုပ်လုပ် လောင်းကစားဝိုင်းတွေက ပါလာပြီ။ ဘယ်နား ဖြစ်ဖြစ်ရှိနေတာပဲ။ အခုတောင် လောင်းကစားကြောင့် သူခိုးတွေ များလာပြီလေ။ နောက်ဆိုရင် ဒီထက် ပိုများလာမှာပေါ့။ သူခိုး ၊ ဓားပြတွေ ပိုများလာမှာကိုတော့ စိုးရိမ်ရတာပေါ့” ဟု လွိုင်လင်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း လောင်းကစားဝိုင်းတွေ ပိုများပြားလာခဲ့ပြီး သူခိုး ၊ ဓားပြတိုက်မှုတွေလည်း ပိုများလာခဲ့သည်။

အဆိုပါ လောင်းကစားဝိုင်း၏ နောက်ဆက်တွဲ သူခိုး ၊ ဓားပြတွေ များပြားလာသည့်အတွက်ကြောင့် ဒေသခံ ပြည်သူများက စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရပြီး လုံခြုံမှု မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...