Wednesday, January 28, 2026

ကွတ်ခိုင်မြို့အနီး ပစ်ခတ်မှုဖြစ်ပွါး လက်နက်ကြီးပစ်ခတ်သဖြင့် ရွာသားများစိုးရိမ်ကြောက်လှန့်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ကြား အစိုးရတပ်မတော်နှင့် တအာင်း TNLA တို့တိုက်ပွဲကြောင့် ခရီးသွားပြည်သူလူထု လမ်းခရီးမဆက်ရဲဘဲ ရောက်သည့်နေရာတွင် ရပ်နားထားရသည့်အပြင် ရွာသားများလည်း လက်နက်ကြီးသံကြောင့် ကြောက်ရွံ့နေကြကြောင်းသိရသည်။

Photo Credit to Ko Myat Kyaw- တိုက်ပွဲကြောင့် ခရီးသွားများ ထိတ်လန့်

နိုဝင်ဘာလ ၁၃ ရက် ယနေ့မနက်ပိုင်းကတည်းက သိန္နီ ကွတ်ခိုင်ကြား လွယ်ဆာမ်ဆစ်တွင် တိုက်ပွဲဖြစ်ပွါးရာ မူစယ်-မန္တလေးခရီးသွားများ လမ်းခရီးပြတ်တောက်ရကြောင်း ဒေသခံစိုင်းလှ က သျှမ်းသံတော်ဆင့်အားပြောသည်။

“မနက်အစောပိုင်း ၇ နာရီကတည်းက သေနတ်သံထွက်တာ။ လက်နက်ကြီးသံစစကြားမိတယ်။ ကွတ်ခိုင်မြို့တွင်းတပ်ကနေ ပစ်ခတ်တာ။  ပြီးမှ ၂ ဖက် ပစ်ခတ်သံကြားရတယ်။ ခရီးသည်ကားတွေကြီးငယ်အကုန် ကွတ်ခိုင်အဝင်မှာအစိုးရတပ် ကတားထား တယ်။ ကွတ်ခိုင်အထွက်မှာ တအာင်းတပ်က တားထားတယ်ဆိုတော့ ကားအသွားအလာ ၂ နာရီလောက်အကြာ ရပ်ထားရတာပေါ့။ ”- ဟု အသက် ၅၀ ခန့်အရွယ်ရှိ ဒေသခံ စိုင်းလှ ကပြောသည်။

Photo Credit to Muse Youth- တိုက်ပွဲကြောင့် ခရီးသွားများကွတ်ခိုင်အဝင်အထွက်တွင်ကားများရပ်နားထားရ

လားရှိုးမှ ကွတ်ခိုင်အဝင် လွယ်ဆမ်ဆစ်နှင့် ကောင်းခါးလမ်းခွဲ ကြား ဂေါက်ကလပ်နှင့် ကမ္ဘာအေးအနီး ကွတ်ခိုင်မြို့မှ ၃ မိုင်ခန့်အကွာတွင်တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

“လက်နက်ကြီးတွေပစ်ခတ်လို့ ရွာသားတွေစိုးရိမ်မှုရှိနေကြတာ။ သူတို့ကပစ်ဖို့ဘဲသိတယ်။ ဘယ်မှာကျကျ ဂရုမစိုက်တော့ဘူးလေ။ ခုလောလောဆယ်တော့ စစ်ဘေးရှောင်မရှိသေးဘူး။ သေနတ်သံလည်း ၉ နာရီကျော်ကျော် ၁၀ နာရီလောက်မှာ ငြိမ်သွားတယ် ” – ဟု စိုင်းလှ ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင်ယခုတပတ်အတွင်းတိုက်ပွဲများပြန်လည်ဖြစ်ပွါးလာပြီး တိုက်ပွဲများတွင် အစိုးရတပ်မှ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ကြောင်း တိုက်ပွဲများဖြစ်ပွါးခဲ့သော ကျောက်မဲဒေသခံ၊ ကွတ်ခိုင်ဒေသခံများကပြောသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူထွက်ပြေးသည့် TNLA တပ်သားကို ပြည်သူပြန်ဖမ်း

0
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူ ထွက်ပြေးခဲ့သည့် TNLA တပ်သားတစ်ဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၅)ရက် ညနေ ၆ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ ရပ်ကွက်(၁) ရှိ “အောင်” ဆိုင်ကယ်ပြင်ဆိုင်ရှိ ဆိုင်ကယ်တစ်စီးကို...

မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၊ လေကြောင်းဗုံးကြဲ

0
သျှမ်း - ကရင်နီပြည် နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး လေကြောင်း အသုံးပြု တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၇ ရက်) တွင်လည်း မိုးဗြဲမြို့နှင့် ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်သည့်အပြင် လေကြောင်း...

အပစ်ရပ်ထပ်တိုးနေ့တွင် PNLO ဌာနချုပ်နှင့်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်

0
အပစ်အခတ်ရပ်စဲကြောင်း သက်တမ်းထပ်တိုးကြေညာသည့်နေတွင် စစ်ကောင်စီတပ်က သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ PNLO ၏ ဌာနချုပ်နှင့် ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA မှ ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပအိုဝ်းအမျိုးသား...

ကွတ်ခိုင်မြို့ ငလျင်ဒဏ်အလှူငွေကောက်ခံသည့်နေရာ TNLA နှင့် MNDAA ခိုက်ရန်ဖြစ်ပွား၊ TNLA တပ်သားတစ်ဦး သေဆုံးဟုဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ငလျင်ဒဏ်အတွက် အလှူငွေ ကောက်ခံသည့် နေရာ၌ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နေ့လယ် ၁၁ နာရီခွဲတွင် ကွတ်ခိုင်မြို့မဈေး နေရာ၌ ကိုးကန့်တပ်ဖွဲ့ MNDAA...

စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ရွှေတွင် ရွာလုံးကျွတ်ထွက်ပြေးနေရ

0
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေလျက်ရှိသော ညောင်ရွှေ-ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသောကြောင့် ဒေသခံများ ဘေးလွတ်ရာ...