Tuesday, January 27, 2026

နမ့်ခမ်းမြို့  SNLD   မြို့နယ်လက်ထောက်အတွင်းရေးမှူး   စိုင်းအိုက်နောင့်ကွယ်လွန်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် SNLD  သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၏ မြို့နယ် လက်ထောက်အတွင်းရေးမှူး ၁ စိုင်းထိန်လင်းအောင်(ခေါ်) စိုင်းအိုက်နောင့် အသက် ၃၈ နှစ်သည် နမ့်ခမ်းမြို့နေအိမ်တွင်ကွယ်လွန်သွားခဲ့သည်။

Photo SNLD-နမ့်ခမ်းမြို့နယ် SNLD  သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၏ မြို့နယ် လက်ထောက်အတွင်းရေးမှူး ၁ စိုင်းထိန်လင်းအောင်(ခေါ်) စိုင်းအိုက်နောင့်

စိုင်းအိုက်နောင့်သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က ကောင်းနောင်မိုရပ်ကွက်ရှိနေအိမ်တွင်ပင်ကွယ်လွန်သွားခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်ယနေ့ မွန်းလွဲပိုင်း ၃ နာရီအချိန် နမ့်ခမ်းမြို့သုသာန်၌ သဂြိုဟ်ခဲ့ကြောင်းသိရသည်။

စိုင်းအိုက်နောင့်နှင့် ကျောင်းနေဖက်သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သော လားရှိုးမြို့နယ်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက – “ သူမနေ့က  ဆုံးသွားပါတယ်။ သူအသဲမကောင်းတာ ဂျွန်လကတည်းကဘဲ။ ဒါပေမယ့် တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတော့ သူ လားရှိုး- မန္တလေးကိုဆင်းပြီးဆေးကုဖို့ အခွင့်မသာခဲ့ဘူး။တိုက်ပွဲမဖြစ်တဲ့ချိန်တုန်းကလည်း သူတုပ်ကွေးမိသေးတယ်လေ။ နောက်ဆုံး မန္တလေးမှာသွားပြတော့ အသဲထဲမှာအသားလုံးရှိတယ်လို့ပြောလာတယ်။ ဘီပိုး စီပိုးလည်းဝင်တယ်။  ၂ လလောက်ဆေးသောက်ခိုင်းတယ် ပြီးတော့ပြန်ချိန်းတယ်။ ၂ လတောင်မပြည့်သေးဘူး သူဆုံးသွားပြီ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

စိုင်းအိုက်နောင့် (ခ) စိုင်းထိန်လင်းအောင်သည် သိန္နီမြို့နယ် ဦးဇော်အောင်နှင့် ပါနန်းခင်ဌေးတို့၏သားဖြစ်ပြီး နန်းစံငင်းနှင့်အိမ်ထောင်ပြုကာ သား စိုင်းနော်လျန်းဟန် တဦးထွန်းကားခဲ့သည်။

၎င်းသည် ပါတီလုပ်ငန်းအပြင် မြို့ရွာအတွင်း သာရေးနာရေး၊ လူငယ်များအရေး၊ လူ့အခွင့်အရေးများအရေးတို့တွက်တက်ကြွစွာပါဝင်သောလူငယ်တဦးဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...