CATEGORY

သတင်း

သျှမ်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် “သျှမ်းလူငယ် ကွန်ဂရက်” ဖွဲ့စည်း

သျှမ်းတစ်မျိုးသားလုံးအတွက် နိုင်ငံရေး၊ တော်လှန်ရေး စိန်ခေါ်ချက်များကြီးမာနေချိန် ဖြစ်သဖြင့် သျှမ်းလူငယ်အရပ်ဘက်အဖွဲ့အစည်းများမှ “သျှမ်းလူငယ်ကွန်ဂရက်”​ DYC ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်လာသည်။  အဆိုပါ သျှမ်းလူငယ်ကွန်ကရက်(DYC) သည် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေး၊ မိမိတို့ ကြမ္မာ မိမိဖန်တီးခွင့်ရရှိရေး၊  သျှမ်းလူငယ်ထုမှသည် သျှမ်းတစ်မျိုးသားလုံး စည်းလုံး ညီညွတ်ရေး ဆိုသည့် မူဝါဒများအတိုင်း...

နမ့်ဆန်မြို့ မြေပြိုမှုဖြစ် ကလေးငယ် နှင့် အမျိုးသားတစ်ဦး သေဆုံး

သျှမ်းပြည် နမ့်ဆန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နေအိမ်ပေါ် မြေပြိုကျပြီး ကလေးငယ် တစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ ( ဇွန်လ ၂၆ ရက်) မနက် ၃ နာရီဝန်းကျင် နမ့်ဆန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရပ်ကွက် (၈) ရှိ နေအိမ်တစ်ခုပေါ်သို့...

“ငြိမ်းချမ်းရေးဖိုရမ်”ကျင်းပ ကာလ TNLAထိန်းချုပ်ဒေသ စစ်ကောင်စီ လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်

နေပြည်တော်တွင် “ ငြိမ်းချမ်းရေး ဖိုရမ်” “ Peace Forum” ကျင်းပနေသည့်ကာလ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သော နယ်မြေများကို စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်နေသည်။ ယခုရက်ပိုင်း စစ်ကောင်စီလေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်သည့်နေရာများမှာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း...

မူဆယ်မြို့ ရှိ နေအိမ်တစ်အိမ်ကို ဝင်ခိုးပြီးထွက်ပြေးသည့် သူခိုးကို ပြည်သူ့စစ်က သေနတ်ပစ်သတ်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ မန့်ဝိန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ဝင်ခိုးပြီး ထွက်ပြေးသည့် သူခိုးကို ပြည်သူ့စစ်တပ်ဖွဲ့က လိုက်လံဖမ်းဆီးကာ ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၅ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် မူဆယ်မြို့ မန်ဝိန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးကို အသက် ၂၀ ဝန်းကျင်ရှိ...

ရွှေ့ပြောင်းစနစ် နှင့် ဆက်ကြီးထွားနေသည့် သျှမ်းပြည်ထဲ ကျားဖြန့်ဂိုဏ်း

ကျားဖြန့်ဆိုပြီး လူသိများသည့် အွန်လိုင်း လောင်းကစားပပျောက်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့ က နည်းမျိုးစုံကြိုးစားနေသော်လည်း ယနေ့အချိန်ထိ သျှမ်းပြည်အတွင်း ပပျောက်မှု မရှိနေသည်မှာ လူထုအတွက်မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ယခုနှစ်အစပိုင်း၍ ကျားဖြန့် ပပျောက်ရန်အတွက် ထိုင်း-မြန်မာ- တရုတ် စသည့် သုံးနိုင်ငံ အာဏာပိုင်များက ပူးပေါင်းပြီး ဘက်စိတ်တိုက်...

ဝဿန်မိုး နှင့်အတူ သောကမျက်ရည်စီးမျှောနေရသည့် စစ်ဘေးရှောင်

မိုးရာသီ ရောက်ပြီ။ မုတ်သုံအဝင် မိုးဦးအစမှာပင် မိုးအဆက်မပြတ် ရွာသွန်းနေသည်။ ဝဿန်ကာလ မိုးဦးကျသည်နှင့် တောင်သူများအတွက် လယ်ယာလုပ်ငန်းခွင်ဝင်ရမည့် အချိန်ဖြစ်သော်လည်း အိုးပစ်အိမ်ပစ်၊ လယ်ယာပစ်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်မို့ ခြေဦးပင်လှည့်နိုင်မည် မဟုတ်ပေ။ လယ်ယာလုပ်ငန်းခွင်တို့ ခြေဦးမလှည့်နိုင်ခဲ့သည်မှာလည်း သုံးနှစ်သုံးမိုး ရှိလေပြီ။ တောင်သူများသည် ရုတ်တရက် ထွက်ပေါ်လာသော “ဒုန်းဒုန်းဒိုင်းဒိုင်း” သေနတ်သံများအကြားတွင် ဖိနပ်မပါ ခြေဗလာဖြင့်...

ဖယ်ခုံမြို့ အရှေ့ဘက်ကမ်း နေအိမ်များကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီနှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၂၄ ရက်) ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ လွယ်ပေါကျေးရွာအုပ်စု ဆောင်နန်းခဲကျေးရွာကို စစ်ကြောင်းထိုးတိုက်ခိုက်နေသည့်...

နောင်ချိုမြို့ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံး ၈၀ ကျော်ကြဲချဟု DPLA ပြော

သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) မနက်ပိုင်းမှစ၍ နောင်ချိုမြို့နယ် ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး...

“ပဋိပက္ခချုပ်ငြိမ်းရေး နှင့် ထာဝရငြိမ်းချမ်းရေး က အသက်နှင့်ရင်းပြီး အရေးကြီး” ဟု စစ်ခေါင်းဆောင် ပြော

ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေးက အသက်နှင့် ရင်းပြီး အရေးကြီးလှကြောင်း စစ်အာဏာသိမ်း ခေါင်းဆောင်းက ယနေ့ (ဇွန်၂၅) နေပြည်တော်တွင်ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်တွင် ပြောဆိုလိုက်သည်။ စစ်ကောင်စီ ဦးစီးကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ် “Peace Forum” ကို ဇွန် ၂၅ မှ ဇွန် ၂၇ ရက်ထိ...

ဆေးခြောက် ရောင်းဝယ်၊ သုံးစွဲခွင့် ထိုင်းစည်းမျဉ်းအသစ်ထုတ်

ဆရာဝန် ထောက်ခံချက် မပါဘဲ ဆေးခြောက်ဆိုင်များအတွင်း သောက်သုံးခြင်းနှင့် ဝယ်ယူ၊ ရောင်းချခြင်း မပြုရန် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးက ယမန်နေ့ (ဇွန် ၂၄)ရက်တွင် ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံအတွင်း ဆေးခြောက် သုံးစွဲမှု သိသိသာသာမြင့်တက်လာပြီးနောက်ပိုင်း ယမန်နေ့ (ဇွန် ၂၄)ရက်တွင် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးက ဆေးခြောက်ရောင်းချခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းအသစ်ကို လက်မှတ်ထိုးပြီး...

Latest news