ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး စစ်ကော်မရှင်က ရွေးကောက်ပွဲကို ရအောင်ကျင်းပမည်

နိုင်ငံအနှံ့ ဝိုင်းဝန်းတိုက်ခိုက်ခံရမည့်အရေးကို စိုးရိမ်နေရသည့် စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။

စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ (သြဂုတ် ၁၈) ရက်တွင် ကြေညာချက်ထုတ်ပြန်လာသည်။

“ကျနော်တို့ကတော့ ပူးပေါင်းပါဝင်ပြီး မဲထည့်မှာမဟုတ်ဘူး။ မဲထည့်ပိုင်ခွင့်လူဦးရေ သတ်မှတ်ချက် မပြည့်မှီလည်း ရွေးကောက်ပွဲ လုပ်မယ်ဆိုကတည်းက သဘာဝမကျဘူး။ မင်းအောင်လှိုင်အတွက် နိုင်ငံရေးထွက်ပေါက်ရအောင် လုပ်ပေးနေတာပဲ” ဟု တောင်ကြီးမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်သည် လာမည့် ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလအတွင်း အပိုင်းလိုက် ခွဲပြီးကျင်းပရန် ပြင်ဆင်နေသော ရွေးကောက်ပွဲအတွက် “ရွေးကောက်ပွဲကျင်းပနိုင်မည့် မြို့နယ်များ ပိုမို တိုးတက်ရရှိရေး ဆောင်ရွက်ရမည့် စစ်ဆင်ရေး” ကိစ္စများကိုလည်း သြဂုတ် ၁၂ ရက်နေ့ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုအစည်းအဝေးတွင် ဆန္ဒမဲပေးသူ မည်သည့် ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုပြင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုတို့အား ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်နေမှုများ ရွေးကောက်ပွဲ ကာလတွင် ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ပြောဆိုခဲ့သေးသည်။

ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ (ERO)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသော မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်မည့် မြို့နယ်အရေအတွက် ကိန်းဂဏန်း တိုးမြှင့်နိုင်သမျှ တိုးမြှင့်နိုင်ရေး ကြိုးပမ်းကြရန် စစ်ကော်မရှင်ဥက္ကဋ္ဌက ညွှန်ကြားခဲ့ကြောင်း သိရသည်။

“ကျမကတော့ သူတို့ (စစ်ကော်မရှင်) လုပ်မယ့် ရွေးကောက်ပွဲကို မထောက်ခံဘူး။ ဘာလို့လဲဆိုရင် သူတို့ (စစ်ကော်မရှင်) ပြန်လာအုပ်ချုပ်မှာ မလိုလားဘူး” ဟု သိန္နီမြို့ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

စစ်ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအား ဆန့်ကျင်လှုပ်ရှားမှုများအပေါ် နှိပ်ကွပ်ထိန်းချုပ်နိုင်ရေး အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကိုလည်း ဇူလိုင် ၂၉ ရက်၌ ပြဋ္ဌာန်းခဲ့သည်။

ထိုဥပဒေပါ ပြစ်မှုတရပ်ရပ် ကျူးလွန်စဉ် လူသေဆုံးစေပါက ပါဝင်သူအားလုံး သေဒဏ်ချမှတ်ရမည်ဟု ပုဒ်မ ၂၇ တွင် ပြဋ္ဌာန်းထားသည်။ ထို့ပြင် ပြစ်မှုတရပ်ရပ်ကို ကျူးလွန်ရန် ပူးပေါင်းကြံစည်၊ အားပေးကူညီသူများ အနေဖြင့်လည်း မူလပြစ်ဒဏ်အတိုင်း ချမှတ်ရမည်ဟု ပုဒ်မ ၂၈တွင် ပြဋ္ဌာန်းထားသည်။

“ပြည်သူလူထုကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတယ်လို့ပဲ မြင်တယ်။ NLD နဲ့ SNLD တို့မပါဘဲ ရွေးကောက်ပွဲကို သူတို့လုပ်ချင်တော့၊ ထွက်လာတဲ့ ရွေးကောက်ပွဲရလဒ်က ဘယ်ကတရားမျှတမှု ရှိမှာလဲ” ဟု ညောင်ရွှေမြို့ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတဝှမ်း မြို့နယ် ၃၃၀ အနက် ၂၆၇ မြို့နယ်တွင် ရွေးကောက်ပွဲလုပ်မည်ဟု စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အစောပိုင်း၌ ပြောကြားခဲ့သော်လည်း မြို့နယ်စာရင်းကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မဲပေးခလုတ်နှင့်ပတ်သက်ပြီး ရှင်းလင်းနေပုံ

သို့သော် ရွေးကောက်ပွဲကျင်းပရန် ၆ လအလို ဇူလိုင်လ ၃၁ ရက်တွင် မြို့နယ် ၆၃ ခုမှာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး အများစုမှာ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင်၊ သျှမ်းမြောက်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်း အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တော်လှန်းရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများ ဖြစ်သည်။

ထိုစစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် ၆၃ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်သဘော သက်ရောက်နေသလို ရွေးကောက်ပွဲမတိုင်မီ စစ်ကော်မရှင်နှင့် တော်လှန်ရေး အင်အားစုများအကြား ပြင်းထန်လာသည့် တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု နိုင်ငံရေးပါတီများကလည်း သုံးသပ်ထားကြသည်။

စစ်မကော်ရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲအတွက် လက်ရှိတွင် ၎င်းဆုံးရှုံးနယ်မြေအချို့ကို ထိုးစစ်ဆင်မှုများ ပြုလုပ်နေသလို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများကို မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်နေလျက်ရှိသည်။

ယမန်နေ့ (သြဂုတ် ၁၇) ရက် တစ်ရက်တည်းပင် ကရင်နီပြည် ဖားဆောင်မြို့နယ် မော်ချီးမြို့ကို ဗုံးကြဲ၍ အရပ်သား ၂၄ ဦး သေဆုံးခဲ့ရသလို၊ မိုးကုတ်မြို့ကိုလည်း ဗုံးကြဲပြီး အရပ်သား ၃ ဦး သေဆုံးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...