ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ စစ်ကော်မရှင်တပ် မြေပြင်စစ်ကြောင်းထိုး တိုက်ပွဲဖြစ်၊ မြို့ပေါ် အသေခံဒရုန်းတိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းသို့ စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်တပ်မှ မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး TNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ ထန်းတပင်ကျေးရွာသို့ နောင်ချိုဘက်မှ တပ်မ – ၁၁ လက်အောက်ခံ စစ်ကောင်စီတပ်သားများ ဂုတ်တွင်းချောင်းဖြတ်ကူး၍ အင်အား (၇၀၀) ကျော် မြေပြင်စစ်ကြောင်းထိုးလာပြီး နောင်ပိန် တောင်ဘက် (၆) ရပ်ကွက်တွင် TNLA ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

“နောင်ပိန်ရွာထဲ ဝင်တွယ်ကုန်ပြီ၊ နောင်ချိုဘက်က စစ်သားတွေ ဂုတ်တွင်းဆင်းပြီး ထန်းတပင်ကို ရေချောင်းကနေ ဖြတ်လာတာ။ ပလောင်က တောင်ခြေတစ်လျှောက်ကို ပိတ်ထားတာ။ စစ်တပ်က ရွာထဲဝင်တော့ ပလောင်လည်း ဘူတာရုံဘက်ကနေ ဝင်လာတာ၊ အခုတော့ ၆ ကွက်ဘက် ပစ်နေတယ် ကြားတယ်။ ရွာထဲကနေ တော်တော်များများ ပြေးကုန်ပြီ”ဟု နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်များ မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်လာသည့် ထန်းတပင်ရွာသည် နောင်ပိန်ရွာနှင့် ၂ မိုင်ခန့်သာ ကွာဝေးပြီး ကျေးရွာရှိ ပြည်သူများကို အပြင်ပေးမထွက်ဘဲ ဆေးဖြန်းသွားသည့် အမျိုးသား (၃) ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

“အခု စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေ ထန်းတပင်က လူတွေကို ပေးမထွက်ဘူး။ မနက်ကတော့ ဆေးဖြန်းသွားတဲ့ ယောကျ်ားလေး ၃ ယောက် ဖမ်းခံရတယ်ကြားတယ်။ ပလောင်တွေလည်း ကျောက်မဲကနေ ထွက်ဖို့ပြင်နေတာကို နောင်ပိန်မှာ တိုက်ပွဲဖြစ်လိုက်သေးတယ်”ဟု နောင်ပိန်ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

အလားတူ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်က ယနေ့ နံနက် ၁၀ နာရီကျော်တွင် အသေခံဒရုန်း တစ်စင်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ၎င်းဒရုန်းမှာ မြို့တွင်း၌ ပျက်ကျခဲ့ကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျေးရွာများနှင့် နောင်ပိန်တိုက်နယ် ဒေသခံများ၊ စစ်ဘေးရှောင်များမှာ ပုံဝိုး၊ ဟဲကွီဘက်သို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရပြီး အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ယမန်နေ့ (ဩဂုတ်လ ၁၈ ရက်) မှ စတင်ပြီး နောင်ချိုစစ်ကောင်စီတပ်သည် ဂုတ်ထိပ်တဖက်ကမ်း ကျောက်မဲမြို့နယ် SSPP/SSA ထိန်းချုပ်ထားသည့် နောင်ပိန်အနီးတဝိုက် လုံကြိမ်၊ ကျောင်းကုန်းနှင့် ပင်တိန်ကျေးရွာတို့ကို လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး နာမ်မိန်းဘုန်းကြီးကျောင်းမှ ကိုရင်တစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း နောင်ပိန်ဒေသခံများက ပြောသည်။

ပုံစာ – ကျောက်မဲမြို့ပေါ် ပျက်ကျခဲ့သည့် စစ်ကောင်စီတပ် အသေခံဒရုန်း (ဓာတ်ပုံ – ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...