စစ်ကော်မရှင် က စစ်တပ်ထောက်ခံသူ နှင့် မဘသများကို နေ့စားခေါ်ပြီး သျှမ်းဝတ်စုံဖြင့် ဆန္ဒပြခိုင်း

သျှမ်းပြည် တောင်ကြီးမြို့နှင့် နမ့်စန်မြို့ရှိ စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်က ဌာနဆိုင်ရာဝန်ထမ်းများနှင့် မဘသများကို နေ့စားခပေးကာ သျှမ်းဝတ်စုံ ဝတ်ခိုင်းပြီး TNLA နှင့် MNDAA တို့ကို ဆန့်ကျင်ဆန္ဒပြခိုင်းကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၁၉ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် နမ့်စန်မြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများမှ မဘသများနှင့် ဒေသခံများကို နေ့စားခပေးကာ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA နှင့် MNDAA တို့ကို ဆန့်ကျင်ကြောင်း မြို့ပေါ်တွင် စီတန်းလှည့်လည်ကာ ဆန္ဒပြခိုင်းခဲ့သည်။

တောင်ကြီးမြို့ပေါ်တွင် ယနေ့( နံနက် ၁၁) နာရီမှ စတင်ပြီး ကျောင်းကြီးစု၊ ကံကြီး၊ စိန်ပန်း ရွှေတောင်ရပ်ကွက်နှင့် အေးသာယာမြို့မှ စစ်တပ်ထောက်ခံသူများ၊ မဘသများကို နေ့စားခနှင့် ထမင်းထုပ်များပေးကာ ပြည်နယ်ဘောလုံးကွင်းမှတဆင့် စူဠာမုဏိစေတီအထိ လူအင်အား (၃၀၀) ကျော်ဖြင့် နာရီဝက်ခန့် လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း တောင်ကြီးဒေသခံများက ပြောသည်။

“မဘသနဲ့ စစ်တပ်ထောက်ခံသူတွေ လုပ်ကြတာ၊ အေးသာယာနဲ့ စိန်ပန်း ရွှေတောင်ဘက်က လူတွေပါ။ ခေါ်သလောက် လူမလာလို့ သူတို့ရုံးဝန်ထမ်းတွေကို အလံပေးပြီး လမ်းလျှောက်ခိုင်းတာ။ MNDAAနဲ့ TNLAကို ပြတာတဲ့၊ သျှမ်းနဲ့ရန်တိုက်တာပေါ့။ ပိုက်ဆံ ၆၈၀၀ကျပ်ပေးခေါ်တယ်လို့ ကြားတယ်။ သျှမ်းဝတ်စုံ ဝတ်ပြီး တက်ခိုင်းတယ်၊ သူတို့လုပ်နေကြတွေပါ”ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – တောင်ကြီးမြို့ပေါ် ညီနောင်မဟာမိတ်တပ်ဆန့်ကျင်ကြောင်း ဆန္ဒပြနေစဉ် (ဓာတ်ပုံ-တယ်လီဂရမ်)

စစ်ကော်မရှင်က တောင်ကြီးမြို့ပေါ် ဆန္ဒပြပွဲတွင် လူအင်အား နည်းပါးခြင်းကြောင့် ၎င်းလက်အောက်ခံ ဆည်မြောင်း၊ လွှတ်တော်ရုံးနှင့် စုပေါင်းရုံးတို့မှ ဌာနဆိုင်ရာများကို အလံနှင့် ဆိုင်းဘုတ်ပေးကာ ပါဝင်အားဖြည့်ခိုင်းပြီး လမ်းလျှောက်ဆန္ဒပြခိုင်းခဲ့ကြောင်း တောင်ကြီးဒေသခံများထံမှ သိရသည်။

အလားတူ နမ့်စန်မြို့တွင်လည်း TNLA နှင့် MNDAA တို့ကို ဆန့်ကျင်ဆန္ဒပြရန်အတွက် စစ်ကော်မရှင်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို လူရှာခိုင်းပြီး သျှမ်းဝတ်စုံ ဝတ်ခိုင်းကာ လာရောက်စုဝေးခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – နမ့်စန်မြို့ပေါ် ညီနောင်မဟာမိတ်တပ်ဆန့်ကျင်ကြောင်း ဆန္ဒပြနေစဉ် (ဓာတ်ပုံ-တယ်လီဂရမ်)

စစ်ကော်မရှင်၏ လုပ်ရပ်များသည် ယခင်စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးသည့် သွေးခွဲဖိနှိပ် အုပ်ချုပ်ရေးစနစ်များသာ ဖြစ်ပြီး ယခုဆန္ဒပြပွဲများသည် သျှမ်းပြည်ဌာနေလူမျိုးစု အချင်းချင်းကြား ပဋိပက္ခ ဖြစ်ပွါးစေရန် ရည်ရွယ်လုပ်ဆောင်နေသည်မှာ ထင်ရှားကြောင်း သျှမ်းလူငယ်ကွန်ဂရက်က ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်ကော်မရှင်တွင် အားတက်သရော ပါဝင်နေကြသော သျှမ်းလူမျိုးအချို့သည်လည်း သျှမ်းပြည်သူတစ်ရပ်လုံး၏ သဘောဆန္ဒများကို လုံးဝ ကိုယ်စားမပြုဘဲ စစ်ကော်မရှင်၏ ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသကဲ့သို့ ကျင်းပသည့် ဆန္ဒပြပွဲများမှာ နိုင်ငံရေးအသုံးချခံများသာဖြစ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း သျှမ်းလူငယ်ကွန်ဂရက်၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

သျှမ်းပြည်တောင်ပိုင်းရှိ စစ်ကော်မရှင် လက်အောက်ခံများက RCSS/SSA ထိန်းချုပ်လှုပ်ရှားနေသည့် မြို့နယ်များတွင် ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် သျှမ်းပြည်အတွင်း အတူနေ တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ပြီး RCSS နှင့် သက်ဆိုင်ခြင်းမရှိကြောင်း RCSS/SSA အတွင်းရေးမှူး(၂)ဖြစ်သူ ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ယမန်နေ့တွင် ဖြေကြားထားသည်။

ယမန်နေ့တွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA နှင့် MNDAA တို့ကို ဆန့်ကျင်ကြောင်း မြို့ပေါ်တွင် ဆန္ဒပြခိုင်းခဲ့ပြီး ဩဂုတ်လ ၂၀ ရက်တွင် သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့၊ နမ့်လန်မြို့တို့တွင်လည်း ဆန္ဒပြရန် ဒေသခံများကို လိုက်လံပြောဆိုနေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...