Wednesday, February 4, 2026

CATEGORY

သတင်း

တာချီလိတ်မြို့နယ် ကျပ်သိန်း ၁ဝဘီလီယံ အိုက်စ် ဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် တွင် ကျပ်သိန်း ၁၀ ဘီလီယံ အိုက်စ် မူးယစ်ဆေးများ ဖမ်းဆီး ရမိကြောင်းသတင်းရရှိသည်။ စက်တင်ဘာ ၁၁ရက်နေ့ မနက် ၈နာရီ ကျော်တွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာ အဝင်လမ်းမပေါ်တွင် အသက် ၄၅နှစ် အရွယ် အိုက်ဝန်း မောင်းလာသည့်...

နေရာရောင်းစားနေမှုများ ရပ်တန့်စေရန် မူဆယ် ပြည်သူဆန္ဒရှိ

“ နေရာဝယ်မလား တနေရာကို တသောင်းပါ” ဟု သျှမ်းပြည်မြောက်ပိုင်းတနေရာတွင် နေရာ ရောင်းစားနေသူများက တန်းစီနေသည့် ဆိုင်ကယ်သမားများကို မေးမြန်းနေသည်။ ထိုနေရာ သည် တရုတ် မြန်မာ နယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်ဖြစ်ပြီး မူဆယ်- တရုတ်ပြည် ဂျယ်ဂေါင် သွားရန် အတွက် ဖြတ်သန်းရသည့် နေရာ...

သျှမ်းနိုင်ငံရေး ခေါင်းဆောင် စဝ်ခွန်ထွန်းဦး ၇၆ နှစ်ပြည့်ပြီ

ယနေ့ ၂၀၁၉ စက်တင်ဘာ ၁၁ ရက် ဟာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)  ဥက္ကဌ ခွန်ထွန်းဦး ရဲ့ အသက် ၇၆ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ဥက္ကဌ ခွန်ထွန်းဦး ကို ၁၉၄၃ ခုနှစ် စက်တင်ဘာ ၁၁ရက် မှာ...

လောက်ကိုင်ဒေသ ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်

သျှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထပ်မံ ထုတ်ပြန်ကြေညာခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့ရက်စွဲပါ လောက်ကိုင်မြို့နယ် အထွေထွေးအုပ်ချုပ်ရေးမှူးရုံး မှထုတ်ပြန်သော ကြေညာချက် တွင် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့်...

တာချီလိတ်မြို့တွင် ထိန်းချုပ်ဓါတုပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၆၀၀ ကျော် ဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျပ်ငွေ သိန်းပေါင်း ၆၀၀ ကျော်တန်ဖိုး ရှိ ဟိုက်ဒရိုကလိုရစ် အက်ဆစ်များ ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ မှ ထုတ်ပြန်ကြေညာထားသည်။ စက်တင်ဘာ ၉ ရက်နေ့ ည ၅ နာရီ တွင် သျှမ်းပြည်နယ် တာချီလိတ်မြို့ တာလော့ ရပ်ကွက်...

နမ့်ခမ်း အရပ်သားတဦးအား ဒေသတွင်းလက်နက်ကိုင်အဖွဲ့တဖွဲ့ရိုက်နှက် ဆေးကုနေရ

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် အရပ်သားအမျိုးသားတဦးအား ဒေသတွင်းပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးရိုက်နှက်သဖြင့် လက်ရှိဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက် ည ၆ နာရီ က နမ့်ခမ်းမြို့ ပေါက်နေကွက်သစ်ရပ်ကွက်နေ အသက် ၅၀ ကျော် အရွယ် ဒေသခံ...

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကို ယခုလလယ် ထပ်မံတွေ့ဆုံရန် အစိုးရ ကမ်းလှမ်း

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကို ယခုလလယ် ကျိုင်းတုံတွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန် အစိုးရ မှ ကမ်းလှမ်းဖိတ်ကြား ထားကြောင်း သတင်းရရှိသည်။ ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ် အဖွဲ့ နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဖြစ်သည့် ကချင် တပ်ဖွဲ့၊ တအာင်းတပ်ဖွဲ့၊...

မြို့ရဲ့ချည်တိုင်ဝိညာဉ်လား ၊ ပြည်ရွာစိတ်ဝိညာဉ်လား သျှမ်းပြည်က မာလိန်တိုင် မိုးနဲမြို့ ၊ သျှမ်းပြည်တောင်ပိုင်း (ရှေးဟောင်းသမိုင်းရေးရာ)

မာလိန်တိုင်အကြောင်းမပြောခင် မိုးနဲရဲ့နောက်ခံသမိုင်းအကျဉ်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ မိုးနဲမြို့က သျှမ်းပြည်တောင်ပိုင်းမှာ တည်ရှိပြီး သျှမ်းပြည်ရဲ့မြို့တော် တောင်ကြီးကနေ အရှေ့တောင်ဘက် မိုင် ၁၀၀ အကွာမှာတည်ရှိပါတယ်။ မိုးနဲကို BC 441 (သျှမ်းသမိုင်း ၊ ခူးခေးသျှန်) မှာ တည်ထောင်တယ်လို့ပြောသလို ၊ BC 519 (သျှမ်းလူမျိုးများသမိုင်း) မှာ တည်ထောင်တယ်လို့လည်းဆိုပါတယ်။...

တောင်ကြီးမြို့တွင် မိုးကြောင့် မြေပြို နေအိမ်များပြောင်းရွှေ့ရ

သျှမ်းပြည် တောင်ပိုင်း မြို့တော် တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေပြိုမှု ဖြစ်ပွားကာ လူနေအိမ်များ ပြောင်းရွှေ့လိုက်ရကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၈ ရက်က မြို့မရပ်ကွက်တွင် မြေပြိုမှုကြောင့် အိမ်ထောင်စု ၉ စု၊ လူဦးရေ ၅၀ ကျော်ကို ဘုန်းကြီးကျောင်းနှင့်သက်ဆိုင်ရာ ဆွေမျိုးများ နေအိမ်သို့ရွှေ့ပြောင်းပေးရကြောင်း တောင်ကြီးမြို့...

ဖက်ဒရယ်အနှစ်သာရ မရှိတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အဖွဲ့ဝင်တွေ တဦးပြီး တဦး နုတ်ထွက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ယခုလ အတွင်းမှာ အဖွဲ့ဝင် ၃ ဦး နုတ်ထွက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ကို ယုံကြည်မှု...

Latest news