ကိုးဗစ်အရေးလက်တွဲပူးပေါင်းမှုမပေး အချင်းချင်းခြေထိုးလိုက်သေး 

တရုတ်နိုင်ငံက စခဲ့တဲ့ ကိုးဗစ် ၁၉ ကိုရိုနာဗိုင်းရပ်စ် ရောဂါဟာ ကမ္ဘာ့နိုင်ငံပေါင်း ၂၁၀ နိုင်ငံ လူသန်းဂဏန်း ကူးစက်ပျံ့ပွားနေပြီး လူဉီးရေ တသိန်းကျော်သေဆုံးနေတာကို ပြည်ထောင်စု မြန်မာနိုင်ငံမှာလည်း အဘက်ဘက် လက်တွဲ ပူးပေါင်းလုပ်ဆောင်ရမဲ့အချိန် ဖြစ်နေပါပြီ။ သို့ပေမယ့် လက်ရှိကွင်းပြင်အနေအထားမှာတော့  ပူးပေါင်းကာကွယ်မှုမပြုတဲ့အပြင်  အပြန်အလှန်ခြေထိုးမှုတွေ မြင်တွေ့နေရပြီး လူထုဟာ မြေဇာပင်ဖြစ်နေရပါတယ်။

Editor

ပြည်ထောင်စု တ၀ှမ်းလုံးကို ခြုံငုံကြည့်ရင် လူထု အပါ အ၀င် အဘက်ဘက် ပါ၀င်ထောက်ခံအားပေးမှု နဲ့ အတူ အစိုးရ က တာ၀န်အရှိဆုံးပါ။

သို့ပေမယ့် ဖြစ်ပေါ်နေတဲ့ အနေအထားက အစိုးရ က တဘက်၊ တပ်မတော်က တဘက် ၊ နယ်စပ်ဒေသ မှာ တော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေက ကိုယ့်ဟာကို သီးခြားစီ တနိုင်တပိုင်လုပ် ဆောင်နေတာ တွေ့ရပါတယ်။ ဆိုတော့လက်တွဲ ပူးပေါင်းဆောင်ရွက်မှု က အရမ်းအားနည်း နေတဲ့ အပြင် သျှမ်းပြည် အတွင်းမှာ အပြန် အလှန် ခြေထိုးမှု တွေလဲ ရှိနေပါတယ်။

ကိုးဗစ် ၁၉ ကာလ လူထု ကို ကူညီထောက်ပံ့ မှု ခရီးစဉ် နဲ့ သျှမ်းပြည်တောင်ပိုင်း လင်းခေး မြို့ကို ပြီးခဲ့တဲ့အပတ်က ရောက်လာတဲ့ သျှမ်းပြည်နယ်အစိုးရ ၀န်ကြီး ဒေါက်တာညီညီအောင် ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက်ဖေ့စ်ဘုခ် စာမျက်နှာ ပေါ်  (ဘာရည်ရွယ်ချက်နဲ့ရေးလဲတော့မသိ) ရေးသားတဲ့ ခေါက်ဆွဲ တပွဲ စျေးနှုန်းနဲ့အတူ ပါလာတဲ့ လူမျိုးရေးဆန်ဆန်စကားအသုံးအနှုန်းကြောင့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ကို ကယက်ရိုက်ခဲ့ပါတယ်။

စိတ်မကောင်းစရာ ဇါတ်လမ်းနောက်တခု က – ဧပြီလဆန်းပိုင်းက သျှမ်းပြည်တောင်ပိုင်းမှာ ဒေသအတွင်း RCSS/SSA သျှမ်းပြည်တပ်မတော် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီက ကွင်းဆင်းပြီး ခရီးသွားလာတဲ့ လူထုကို အပူချိန်တိုင်း လိုအပ်တဲ့ မျက်နှာဖုံးတွေ၊ လက်ဆေးရည် တွေ ၀ေငှ ခဲ့တာကို တပ်မတော်က စစ်ကြောင်းထိုးပြီး ဟန့်တားခဲ့ပါတယ်။ လူထုကို လဲ RCSS/SSA ရဲ့ ဆေးစစ်မှုကို လက်မခံ ဖို့ တားမြစ်ခဲ့ပါတယ်။

လူထု ဘ၀ က သေနတ်ကိုင်လာတဲ့သူမှန်သမျှ အာဏာရှိတဲ့သူမှန်သမျှကို ကြောက်နေရတဲ့ အခြေအနေပါ။ အခုလိုအချိန်မှာ ကျန်းမာရေးဆိုင်ရာ လာမစစ်ပေးနဲ့ လို့ ဘယ်သူမှ ပြောမှာမဟုတ်ပါ။ တပ်ဘက်က လာစစ်ဆေးရင်လဲ စစ်ခံချင်လဲစစ်၊ မစစ်ခံချင်လဲ စစ်ခံရမှာပါဘဲ။

ဒီအချိန်မှာ ကိုးဗစ်ရောဂါ ကြောင့် လူထု ဘ၀ တရပ်လုံး ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောတတ် ပါဘူး။ အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေ၊ အခြေခံလူတန်းစားတွေ ကူညီထောက်ပံ့မှု ရဖို့လဲ ဘယ်လောက်ထိ ထိရောက်မှာလဲ။

အာဏာတွေ၊ သေနတ်တွေကိုင်ပြီး လူထု ထောက်ခံမှု ရဖို့ အပြန်အလှန် ခြေထိုးနေတာဟာ တိုင်းပြည် အတွက် ကောင်းတဲ့ လက်ခဏာမဟုတ်ပါဘူး။ ဒီလုပ်ရပ်တွေကြောင့် ဧပြီ ၁၂ ရက်က မိုင်းပန်မြို့ တောင်ဘက် မှာ  တပ် နဲ့ RCSS ကြားတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်မှုတွေ ရှိတဲ့အပြင် ကျေးလက်လူထု လဲ စစ်ရဲ့ မြေစာပင် ဖြစ်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ တတိုင်းပြည်လုံး တိုက်ပွဲမလုပ်ဖို့  ပစ်ခတ်မှုရပ်တန့် ဖို့ ကြေငြာသင့်ပြီး အားလုံး ပါ၀င်တဲ့ Covid 19 ပူးပေါင်းတိုက်ဖျက်ရေးလှုပ်ရှားမှုနဲ့ လူထု ဘ၀ ကို စုပေါင်းကာကွယ်သင့်တဲ့အချိန် ဖြစ်ပါကြောင်း။

 

လူထူအသံ

သျှမ်းသံတော်ဆင့်အသံ

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...