Wednesday, January 28, 2026

တရုတ်ပြည် တရားဝင်အလုပ်လုပ်သည့် မြန်မာလုပ်သားကို တရုတ်ရဲ ရိုက်နှက်

တရုတ်ပြည် ထဲတွင် နေထိုင်သည့် တရားဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တရုတ်အာဏာပိုင်းများက ဖမ်းဆီးကာ ရိုက်နှိက်မှု ပြုလုပ်ခဲ့သည် ဟု သတင်း ရရှိသည်။

Photo by Thaung Tun

တရုတ်ပြည်ထဲအလုပ်လုပ်သည့် တရားဝင် မြန်မာအလုပ်သမား ၂၆ဦးကို တရုတ်ရဲများက ဖမ်းဆီးခြင်း၊ စာအုပ်များသိမ်းယူခြင်းတို့ပြုလုပ်ပြီး အချုပ်ခန်းထဲတွင် ယာယီထားကာ အစာမကျွေးခဲ့ကြောင်း ပြန်လာသည့် အလုပ်သမားများပြောပြချက် အရသိရသည်။

ထို မြန်မာ အလုပ်သမား ၂၆ဦးကို တရုတ်အာဏာပိုင်းများက တရားဝင် လွှဲပြောင်းမှု မရှိဘဲ မြန်မာပြည် မူဆယ်မြို့ ကူးတို့ဆိပ် သို့လာရောက် ချထားပေးကြောင်း အလုပ်သမားများကို သွားရောက်ခေါ်သည့် ဂရုဏာလူမှုကူညီရေးအသင်းမှဦးသောင်းထွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ၂၆ဦး က ရွှေလီ၊ ကျယ်ဂေါင်မှာ စာအုပ်အနီကိုင်ပြီး အလုပ်လုပ်တဲ့သူတွေပါ။ အဲ့ထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတွေပါတယ်။ တရုတ်ရဲတွေက သူတို့ကို ရိုက်တယ်။ ခြေထောက်နဲ့ကန်တယ်လို့ပြောပါတယ်” ဦးသောင်းထွန်းက ဆိုသည်။

ထို မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ဦးသည် မြန်မာပြည်သို့ မလွှဲပေးခင် တရုတ်ပြည် ကျယ်ဂေါင် ၏ ရဲစခန်းအချုပ်တွင် တချို့ တပတ်၊တ ချို့ မှာ ၃ရက် နှင့် တချို့ မှာ ၁ရက် နေခဲ့ရသေးကြောင်း ဦးသောင်းထွန်းက ပြန်ပြောပြသည်။

“ သူတို့တရုတ် အချုပ်ထဲမှာ နေရတုန်းက အစာတွေမကျွေးဘူး။ တရုတ် မရွေးပဲ ကျွေးတယ်။ နောက် ရိုက်တာတော့ လွန်တယ်။ကိုယ်ဝန်သည်လည်းရိုက်ခံရတယ်။ ရိုက်တာတော့မကောင်းဘူး” ဟု ဦးသောင်းထွန်း က ထပ်လောင်းပြောသည်။

ထို့အပြင်တရားဝင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး တရုတ်ပြည် အတွင်းသို့နေထိုင်ကာ ယခုကဲ့သို့ပြုလုပ်ခြင်းသည် မကောင်းကြောင်း နှင့် တရားဝင် ဂိတ်မှ မပို့ဆောင်ပဲ ကူးတို့ဆိပ်မှ ပို့ဆောင်ပေးခြင်းသည်လည်း မသင့်လျော်ကြောင်း ဦးသောင်းထွန်းက ပြောသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမား ၂၆ ဦးသည် COVID-19 ကင်းစင်သည့် တရုတ်ပြည် ရွှေလီ နှင့် ကျယ်ဂေါင်မှ လာသည့်အတွက် Home Quarantine မထားဘဲ နေရပ်လိပ်စာများကောက်ခံကာ ပြန်လွှတ်လိုက်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံနေရမှုကြောင့် မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ကို တရုတ်ပြည်မှ တဖက်သတ် ပိတ်ချလိုက်ပြီး မြန်မာပြည်သူများကို ဝင်ရောက်ခွင့် ကို ဧပြီ ၁ရက် မှစတင်ပိတ်လိုက်သည်။

“ မြန်မာပြည်မှာ COVID-19လူနာတွေရှိပြီးနောက်မှာ တရုတ်က ပိတ်လိုက်တာ။ တရုတ်ပြည်မှာ နေတဲ့သူတွေကိုလည်း မြန်မာပြည်ပြန်ခိုင်းတဲ့သဘောပဲ။ တရုတ်တွေ တကယ်လုပ်ရက်တယ်” ဟု မူဆယ် ဒေသခံ စိုင်းစိုင်း က ပြောသည်။

COVID-19သည် တရုတ်နိုင်ငံ ဝူဟန်ပြည်နယ် မှ စတင်ကာ ဖြစ်ပွားခဲ့သော်လည်း ထိုအချိန်တွင် မြန်မာ-တရုတ် နယ်စပ် ဂိတ် ပိတ်ဆိုင်းခြင်းမပြုလုပ်ဘဲ မြန်မာဘက်မှ COVID-19 ရှိလာပြီးနောက် ယခုကဲ့သို့ ပြုလုပ်ခြင်းသည်အလွန်ရုပ်ဆိုးကြောင်း လည်း စိုင်းစိုင်း ကပြောသည်။

“ အခု သူတို့ ကူတို့ဆိပ်ကနေ ပို့လိုက်တာ က ကျနော်တို့ မြန်မာလူမျိုးကို လုပ်ချင်တာ လုပ်တဲ့ပုံစံပဲ။ အရေးမလုပ်တဲ့သဘော။ သူတို့ လူမျိုုးကို လုပ်ရင်ရော လက်ခံနိုင်လား” ဟု စိုင်းစိုင်း က ထပ်လောင်း ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ပို့ဆောင်မည်ဆိုပါက လုပ်ထုံးလုပ်နည်း အရ နှစ်ဖက် သက်ဆိုင်ရာ ကို လွှဲပြောင်းရမည်ဖြစ်သည်။

ထို့ပြင်လက်ရှိ နှစ်နိုင်ငံ ကုန်သွယ်မှု မရပ်ဆိုင်းရန် အတွက် ကုန်တင်ကားများကို ဝင်ခွင့်ပြုသော်လည်း မြန်မာပြည်မှ လာသည့် ကားသမား၊ ယာဉ်နောက်လိုက်များကိုပေးမဝင်ကြောင်း သိရသည်။

“ အခု ကုန်ကားတွေဆိုရင် ကားပဲပေးဝင်တာ။ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ကို ပေးမဝင်ဘူး။ တရုတ်ဘက်က ကားလာမောင်းသွားပေးတယ်” ဟုလည်း မူဆယ် ဒေသခံ ကားသမား တဦးက ပြောသည်။

လက်ရှိမှာ မြန်မာ-တရုတ်နယ်စပ် ဂိတ်များ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်းကြောင့် စီးပွားရေး မြို့ဖြစ်သည့် မူဆယ်မြို့သည် တိတ်ဆိတ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။