Wednesday, January 28, 2026

သျှမ်းပြည် နံပတ် ၃ မြောက် ကိုဗစ် ၁၉ လူနာ မိုင်းဖြတ်တွင် တွေ့

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဖြတ်ဒေသခံ တဦး COVID-19 လူနာ အမှတ် (၆၄) အဖြစ် တွေ့ရှိကြောင်း ယနေ့ မနက် ၁၀ နာရီခွဲ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

 

Photo by မိုင်းဖြတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ/ Facebook

အဆိုပါ လူနာ အမှတ်(၆၄)သည် အသက် ၂၃နှစ် အရွယ် သာရှိပြီး ရန်ကုန်မြို့ မှ ဘာသာရေး ပွဲတခုတက်လာသည့် သူ ဖြစ်ကြောင်း ၊ ၎င်းနှင့်အတူ ပွဲတက်သည့် သူများကိုမူ ဧပြီ ၁၁ ရက်တွင် ကိုဗစ် ၁၉ လူနာအဖြစ် ထုတ်ပြန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဧပြီ ၁၂ ရက်တွင် အသက် ၂၃ အရွယ်အဆိုပါလူနာ အမှတ် (၆၄) ကို သက်ဆိုင်ရာ က လိုက်လံစုံစမ်းပြီး ဓာတ်ခွဲခန်းသို့ တို့ပတ်ပို့ စစ်ဆေးခဲ့ရာ ဧပြီလ ၁၅ ရက် ယနေ့မနက် ၁၀ နာရီခွဲအချိန် ကိုဗစ် ၁၉ ပိုးကူးစက်ခံရကြောင်း အတည်ပြုခဲ့သည်။

ရန်ကုန်မှ တဆင့် ကျိုင်းတုံ လေဆိပ်၊ ထိုမှဆင့် မိုင်းဖြတ်သို့ ပြန်လာချိန် ထိတွေ့သည့် မိသားစုဝင်(၃)ဦးနှင့် ကားအတူစီးသည့် သူ ၃ဦး ကိုမူ ကိုဗစ် ၁၉ ပိုးမတွေ့ရှိကြောင်း ဓာတ်ခွဲခန်း အဖြေအရ သိရသည်။

Photo by မိုင်းဖြတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ/ Facebook

လူနာ အမှတ် (၆၄)နှင့် အတူ ရန်ကုန်မှ ကျိုင်းတုံသို့ လေယာဉ် တစီးတည်း အတူ စီးလာသည့် သူ( ၂၅) ဦးကိုလည်း ဧပြီ ၁၂ရက်နေ့ကတည်းက အသွားအလာကန့်သတ်စောင့်ကြည့်ထားကြောင်းသိရသည်။

လက်ရှိ လူနာ အမှတ်(၆၄)သည် ကျိုင်းတုံမြို့ ရှိ ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေပြီဖြစ်ကြောင်းသိရသည်။

မိုင်းဖြတ်ဒေသခံ အမျိုးသား တဦး ကိုဗစ် ၁၉ လူနာ အဖြစ် သတ်မှတ်လိုက်ပြီးနောက်ပိုင်း မိုင်းဖြတ်မြို့ အတွင်းရှိ ဈေးများ၊ ဈေးဆိုင်များ အားလုံးနီးပါး ပိတ်ထားကြောင်း၊ ဒေသခံများလည်း အပြင်ထွက်ခြင်းမရှိတော့ကြောင်း မိုင်းဖြတ်ဒေသခံများ ပြောကြသည်။

“ သတင်း စကြားကတည်းက ဧပြီ ၁၂ရက်လောက်က ဒီကဆိုင်တွေပိတ်ကြတယ်။ အိမ်ထဲ ကနေ အိမ်ပြင် သိပ်မထွက်တော့ဘူး။ ဈေးတွေလည်း ပိတ်လိုက်တယ်” ဟု မိုင်းဖြတ်ဒေသခံ စိုင်းတစ်က ပြောသည်။

ကိုဗစ် ၁၉ လူနာ ရှိပြီးနောက် မိုင်းဖြတ်မြို့ သည် တိတ်ဆိတ်နေကြောင်း၊ ယမန်နေ့ (ဧပြီ ၁၄)ရက်တွင်လည်း သက်ဆိုင်ရာမှ မိုင်းဖြတ်မြို့ မ ဈေးကို ပိုးသတ်ဆေးများလိုက်လံဖြန်းကြောင်း စိုင်းတစ်က ပြောသည်။

“ မနေ့ကတော့ ဈေးတွေ မှာ ပိုးသတ်ဆေးဖြန်းတယ်။ နေရာတော်တော်များများ ဆေးဖြန်းကြတယ်။ အားလုံးကတော့ စိုးရိမ်နေကြတယ်” ဟု လည်း စိုင်းတစ်က ထပ်လောင်းပြောသည်။

မြန်မာနိုင်ငံတဝှမ်းတွင် ကိုဗစ် ၁၉ ကူးစက်ခံရသူ ၇၄ဦးရှိလာပြီး သျှမ်းပြည်တွင် ၃ဦးရှိပြီ ဖြစ်ကြောင်း၊ ကိုဗစ် ၁၉ ကြောင့် သေဆုံးသူ ၄ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...