Wednesday, January 28, 2026

မူဆယ် ဗုံး ၂လုံး ပေါက်ကွဲမှုကြောင့် ဒေသခံများ စိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယမန်နေ့ ည ၁၀နာရီ ခွဲကျော်တွင် ဗုံး ၂လုံး ပေါက်ကွဲမှုကြောင်း မူဆယ်ဒေသခံများ စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြောင်း သတင်းရရှိသည်။

Photo by ဒေသခံတဦး၊ ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးနေတဲ့ MPTဆိုင်

ဧပြီ ၁၂ရက် ည ၁၀နာရီခွဲကျော် တွင် မူဆယ်မြို့ ဆက်သွယ်ရေးရုံးရှိ MPT ရှေ့ တွင် လက်လုပ်မိုင်း ၂လုံး ပေါက်ကွဲမှု ဖြစ်ပွားကာ MPT ဆိုင် ခန်း နှင့် ကားတစီ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့ ဂရုဏာ လူမှု ကူညီရေးအသင်းမှ ဦးသောင်းထွန်းက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ လူထိခိုက်မှုတော့မရှိဘူး။ ဆိုင်နဲ့ ကားတစီးတော့ပျက်စီးတယ်။ ဗုံးပေါက်ပြီဆိုကတည်းကတော့ စိုးရိမ်မှုကတော့ ရှိပါတယ်” ဦးသောင်းထွန်း ကဆိုသည်။

အသက် ၁၄နှစ် အရွယ် အမျိုးသား ၂ဦး ဆိုင်ကယ်ဖြင့် လာပြီး ဆိုင်ရှေ့တွင် လာရောက်ချသွားကြောင်း၊ ထို သူ၂ဦး ကို လက်ရှိ အချိန်ထိ ရှာဖွေတွေ့မှု မရှိသေးကြောင်း သိရသည်။

“ ကျနော်ကြားရသလောက်တော့ အသက် ၁၄နှစ် ယောင်္ကျားလေး ၂ယောက် ဆိုင်ကယ်နဲ့ လာချသွားတယ်လို့ ပြောတယ်။ သေချာတော့မသိရသေးဘူး” ဟု ဦးသောင်းထွန်း ဆိုသည်။

ယခုရက်ပိုင်း မြန်မာတဝှမ်း COVID-19 ကို စိုးရိမ်နေရသည့် ကာလ ဖြစ်သည့်အ ချိန်ဖြစ်သည်။

“ တဖက်က လည်း COVID-19ကို ကြောက်ရ။ တဖက်ကလည်း မလုံခြုံကို စိုးရိမ်နေရတယ်” ဟု မူဆယ်ဒေသခံ စိုင်းခင် က ပြောသည်။

ယမန်နေ့ တွင် ပေါက်ကွဲသည့် ဗုံးသည် အသံ အလွန်ကျယ်ကာ မူဆယ်မြို့ လယ်ထဲ ကြားရကြောင်း၊ တချို့ အိမ်များ တုန်ခါမှု ဖြစ်သွားကြောင်းလည်း စိုင်းခင်က ဆိုသည်။

“ အခု မူဆယ်မြို့ က စီးပွားရေး လည်း မရ။ တိတ်ဆိတ်နေတာ။ အရာရာကို စိုးရိမ်နေရတဲ့ ခေတ်ကာလ ကို ရောက်မှာလားမသိဘူး” ဟုလည်း စိုင်းခင်က ထပ်လောင်းပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မူဆယ်မြို့ရဲစခန်း ကို သျှမ်းသံတော်ဆင့် က ဖုန်းဆက်သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။