သျှမ်းပြည်တွင် ဒုတိယမြောက် ကိုဗစ် လူနာ တောင်ကြီးသားဖြစ်

COVID-19 အတည်ပြု လူနာ အမှတ် (၂၉ ) သည် တောင်ကြီးသားတဦးဖြစ်ပြီး စဝ်စံထွန် ဆေးရုံသို့ လွဲပြောင်းမည်ဖြစ်ကြောင်း ယနေ့ည ၈နာရီ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

ဧပြီလ ၁၁ ရက် ယနေ့ မြန်မာ တဝှမ်း COVID-19 အတည်ပြု လူနာ ၃ဦးရှိပြီး တဦးမှာ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နေထိုင်သူဖြစ်သည်။

ထိုသူသည် အသက် (၂၆ ) အရွယ် အမျိုးသား ဖြစ်ပြီး အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ မတ်လ ၂၈ ရက်နေ့က ရောက်ရှိလာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် မင်္ဂလာဒုံမြို့နယ်ရှိ သတ်မှတ်ထားသော facility Quarantine ပြုလုပ်ရာမှ ဓာတ်ခွဲ နမူနာ ပေးပို့ စစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိ အဆိုပါ လူနာကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိပြီး လတ်တလော ကျန်းမာရေး အခြေအနေမှာ ကောင်းမွန် လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာတဝှမ်း တွင် COVID-19အတည်ပြုလူနာ ၃၁ဦးရှိခဲ့ပြီး ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယခုလူနာသည် သျှမ်းပြည်တွင် တွေ့ရသော ဒုတိယမြောက် ကိုဗစ် လူနာဖြစ်ပါသည်။

အဆိုပါလူနာသည် အစိုးရကြေငြာချက်ထုတ်ပြီးမကြာခင် ယနေ့ညပိုင်းတွင် တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ရောက်နေပြီဖြစ်ကြောင်း ၊ ၄င်းအားသွားကြိုခဲ့သူများအားလည်း Quarantine လုပ်ရန် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း သျှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက မီဒီယာများသို့ဖြေကြားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...