သျှမ်းပြည်တွင် COVID-19 စောင့်ကြည့်သံသယရှိသူ ဧပြီ ၁၃ရက်ထိ ၁၅၈ ဦးရှိကြောင်း သျှမ်းပြည် အစိုးရ အဖွဲ့ထံ စုံစမ်းသိရသည်။

အဆိုပါ စောင့်ကြည့်သံသယ လူနာ ၁၅၈ ဦးတွင် သျှမ်းပြည်အရှေ့ပိုင်းတွင် ၅၇ ဦး၊ သျှမ်းပြည်တောင်ပိုင်း ၅၂ ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း ၄၉ ဦး ရှိကြောင်း သိရသည်။
ဧပြီ ၁၃ ရက်နေ့ထိ သျှမ်းပြည်တွင်း စောင့်ကြည့်သံသယ လူနာ ၁၅၈ ဦး ၊ ရောဂါပိုးတွေ့ရှိသူ ၂ ဦး ၊ ဆေးရုံဆင်း ၄၆ ဦး နှင့် လက်ရှိကုသဆဲ လူနာ ၁၀၃ ဦး ရှိကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွန့်လွင် က ၎င်းဖေ့ဘုတ်စာမျက်နှာပေါ် တင်ထားသည်။
မြန်မာနိုင်ငံတွင် ယနေ့ ဧပြီလ ၁၃ ရက် တရက်တည်းတွင် COVID-19 ပိုးတွေ့လူနာ ၁၃ ဉီးရှိပြီး စုစုပေါင်း ပိုးတွေ့လူနာ ၅၂ ဦး ရှိပြီဖြစ်ကြောင်း သေဆုံးသူ လူနာ ၄ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ထားသည်။












Leave a Comments