Friday, February 6, 2026

CATEGORY

သတင်း

ကွတ်ခိုင်မြို့တွင် လက်နက်ကြီးသံများ ကြားရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယနေ့ (ဇန်နဝါရီ ၈) ညနေ ၄နာရီ ကျော်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။   အဆိုပါ လက်နက်ကြီး ပစ်သည့် သံကြောင့် ကွတ်ခိုင်ဒေသခံများ စိုးရိမ် ထိတ်လန့်မှု ဖြစ်နေကြောင်း၊...

စတုတ္ထကြိမ်မြောက် ၂၁ရာစု ပင်လုံ ကို ယခုနှစ်ဆန်းပိုင်းတွင် ကျင်းပမည်

ယခုနှစ်ဆန်းပိုင်း တွင် ၂၁ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ စတုတ္ထကြိမ်ကျင်းပရန် ဆုံးဖြတ်ချက် ချထားကြောင်း သတင်းရရှိသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ယနေ့(ဇန်နဝါရီ ၈) ရက် နေပြည်တော်တွင် ပြုလုပ်သည့် တနိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်ရေး၊ ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ ၂၁ရာစု...

လိုချင်တာ ယူပြီး၊ မကြိုက်တာကို ရှောင်လွှဲပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကျပ်အတည်းဖြစ်နိုင် ဟုဆို

အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်ထဲတွင် လိုချင်တာကို ယူပြီး၊ မကြိုက်တာ ကို ရှောင်လွှဲ မည်ဆိုပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကျပ်အတည်း ဖြစ်ပေါ်စေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။ အဆိုပါပြောဆိုမှုသည် ယနေ့ (ဇန်နဝါရီ ၈) ရက် မနက်ပိုင်းတွင် နေပြည်တော်တွင် ကျင်းပသည့်...

ကျောက်မဲမြို့နယ် အတွင်း အမျိုးသား ၂ဦး မိုင်းနင်းမိ၊ တဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ အနီး တွင် အမျိုးသား ၂ဦး မိုင်းနင်းမိကာ၊ တဦး ဒဏ်ရာ ပြင်းထန်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် ညနေ ၅နာရီ ဝန်းကျင်တွင် မိုင်းငေါ့မြို့ တွင် စက်ပစ္စည်း ဝယ်ပြီး အပြန်လမ်း...

JICM ကို ထောင့်စေ့အောင် ပြင်ဆင်ရန် လိုအပ် ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆို

မနက်ဖန်တွင် ကျင်းပမည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး (JICM) ကို ထောင့်စေ့အောင် ပြင်ဆင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုသည်။ အဆိုပါ ပြောဆိုမှုသည် ယနေ့ နေပြည်တော်ရှိ Horizon Lake...

တောင်ကြီးမြို့ နေအိမ်မီးလောင် အမျိုးသားတဦးသေ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ကံအောက်ရပ်ကွက်တွင် ယနေ့ နေ့လည် ၁၁နာရီကျော်တွင် နေအိမ် တလုံးမီးလောင်မှုဖြစ်ပွားကာ အမျိုးသားတဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ နေ့လည် ၁၁နာရီ ၂၅မိနစ် အချိန်တွင် နေအိမ်မီးလောင်ကျွမ်းမှုကြောင့် အသက် ၃၀နှစ် အရွယ် ကိုဆူရီယာ မီးလောင်ကျွမ်းဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ကံအောက်ရပ်ကွက် နေထိုင်သူများပြောပြချက်...

ချယ်ရီပန်းများ မခူးရန် တောင်ကြီးတွင် ဆိုင်းဘုတ်ထောင်

“ ချယ်ရီ ပန်းမခူးရ၊ ချယ်ရီကိုင်း မချိုးရ၊ ချယ်ရီပင် မခုတ်ရ”ဆိုသည့် ဆိုင်းဘုတ်သည် သျှမ်းပြည်တောင်ကြီးမြို့ ချယ်ရီ ပန်းပွင့်သည့် နေရာများတွင် တပ်ဆင်ထားသည်။ သျှမ်းပြည် တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက်၊ ရွှေမုဒ်တော တောင်တက်လမ်း၊ ရွှေဘုန်းပွင့် ဘုရားတောင်တက်လမ်းတွင် အများဆုံး ပွင့်သည်။ ယခုရက်ပိုင်း ချယ်ရီပန်းများပွင့်သည့် အချိန်ဖြစ်သဖြင့်...

သီပေါမြို့နယ် မိုးသည်းထန်ရွာသွန်းမှုကြောင့် အိမ်ခြေ ၁၆၀ ကျော် ပျက်စီး

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း မိုးသည်းထန် ရွာသွန်းမှု ကြောင့် အိမ်ခြေ ၁၆၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သီပေါမြို့ဒေသခံများ ပြောပြချက် အရ သိရသည်။ ဇန်နဝါရီ ၁ရက်နေ့ ည ၉ နာရီကျော်တွ မိုးသည်းထန်ရွာသွန်းကာ မိုးသီးကျသဖြင့် သီပေါမြို့နယ် ဟိုနောင်ကျေးရွာ၊ ကုန်းပြင်ကျေးရွာ နှင့်...

 ကျေးသီးမြို့တွင် နှစ် ၃၀ နီးပါးသက်တမ်းရှိ ဘုန်းကြီးကျောင်းမီးလောင် ဆုံးရှုံးမှုတန်ဖိုးများပြား

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် နောင်ဆွမ်းရွာရှိ ဆိုင်လျန်းထမ်းဘုန်းကြီးကျောင်း မီးလောင်ကျွမ်းရာ ကျောင်းအတွင်းရှိ ပစ္စည်းများအားလုံး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။ ဇန္နဝါရီလ ၃ ရက်နေ့ည ၁၀ နာရီ ၂၀ မိနစ်အချိန် ဆိုင်လျန်းထမ်း ဘုန်းကြီးကျောင်း မီးလောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူသူထိခိုက်မှုတော့မရှိခဲ့ကြောင်းနောင်ဆွမ်းရွာသား လုံးစိုင်းအိုက် ကပြောသည်။ “ဖယောင်းတိုင် ဘုရားမီးပူဇော်ထားပြီးအိပ်ပျော်သွားကြလို့ မီးလောင်သွားတာလို့ကြားရပါတယ်။ ဒါကြောင့်ဘာမှမရလိုက်ပါဘူး။...

နိုင်ငံ့အကြီးအကဲ၊ ရှမ်းပြည်နယ်အကြီးအကဲများ သိရှိပြီး တာ၀န်ယူဖြေရှင်းပေးပါရန်

သို့ သျှမ်းသံတော်ဆင့်သတင်းဌာန မှ တဆင့် နိုင်ငံ့အကြီးအကဲ၊ ရှမ်းပြည်နယ်အကြီးအကဲများ သိရှိပြီး တာ၀န်ယူဖြေရှင်းပေးပါရန် ပြည်ထောင်စု သန္ဓေတည်ရာ ပင်လုံမြို့တွင် မြို့သူမြို့သားများကြောက်ရွံ့နေသည့် ပြည်သူ့စစ်တပ်ဖွဲ့များ မကြာခဏ ပြန်ပေးဆွဲနေမှုများအား နိုင်ငံ့အကြီးအကဲ၊ ရှမ်းပြည်နယ်အကြီးအကဲများ တာ၀န်ယူဖြေရှင်းပေးပါရ န်။ သမိုင်းဝင်မြို့ ပြည်ထောင်စုမြို့လေးဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့မှာ မကြာခဏဆိုသလို ပြန်ပေးဆွဲတာတွေကို ကြားနေရပါတယ်။ ဘယ်သူကပြန်ပေးဆွဲတာလဲဆိုတာ...

Latest news