Tuesday, January 27, 2026

၂၀၂၀ ရွေးကောက်ပွဲ SNDP ရဲ့မျှော်လင့်ချက်

လာမည့် နိုဝင်ဘာလ တွင် မြန်မာတဝှမ်းလုံး ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ကြားသိရပါတယ်။ ယခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲ ဟာ ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြားမှာ ကျင်းပမယ်လို့သိရပါတယ်။

ဒါ့ကြောင့် သျှမ်းပြည် အတွင်း ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီအနေနဲ့လက်ရှိဆောင်ရွက်တွေ၊ ပါတီ လုပ်ဆောင်ချက်တွေနဲ့ လာမည့် ရွေးကောက်ပွဲ အလားအလာ နဲ့ပတ်သက်ပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူး က ဆက်သွယ်မေးမြန်းထားပါတယ်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း

မေး ။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ မှာ ကျားဖြူ အနေနဲ့ ဝင်ပြိုင်ဖို့ ရှိပါသလားရှင့်။

ဖြေ ။ ။ ရှိပါတယ်။ ရှိပါတယ်။ မြို့နယ် ၃၀ လောက် ဝင်ပြိုင်မယ်။ သျှမ်းအရှေ့၊ သျှမ်းတောင် ၊ သျှမ်းမြောက် နောက်ပြီး ကချင်ပြည်နယ် သျှမ်းပြည် ပြင်ပ ကတော့ ကချင်ပဲ မန္တလေးတိုင်းက သျှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာလဲ ဝင်ပြိုင်မယ်။

မေး ။ ။ လွှတ်တော် အမတ် ဘယ်လောက် ခန့်မှန်းထားလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ အရင်က ၅၈ ယောက် နိုင်ဖူးတယ်လေ။ အခုလဲ အဲ့လောက် မှန်းထားတာပေါ့။

မေး ။ ။ လာမယ့် ရွေးကောက်ပွဲက ဘယ်ချိန်လောက် ကျင်းပနိုင်မလဲရှင့်။ တစ်ဖက်ကလည်း ကိုဗစ်-၁၉ ကူးစက်မှုရှိနေသေးတယ်ဆိုတော့ ရွေးကောက်ပွဲ ကျင်းပရင် ဘာအခက်အခဲ ဖြစ်လာနိုင်မလဲရှင့်။

ဖြေ ။ ။ ဒါက UEC နဲ့ ဆိုင်တာပေါ့။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နဲ့ ဆိုင်တာပေါ့။ သူတို့ ပေါ်မှာ မူတည်တာပေါ့။

မေး ။ ။ တကယ်လို့ ရွေးကောက်ပွဲ လုပ်ဖြစ်မယ်ဆိုရင် SNDP အနေနဲ့ စည်းရုံးရေး တွေ ဆင်းတဲ့ခါမှာ အခက်အခဲ ဖြစ်လာနိုင်မလားရှင့်။

ဖြေ ။ ။ သူတို့ကလည်း မကြောငြာသေးဘူးလေ။ အချိန်ကတော့ ရပါသေးတယ်။ နိုဝင်ဘာလမှာ ကျင်းပမယ်လို့ ပြောတာကော။ ဒီ စည်းရုံးရေး ကာလ ၃ လ ဆိုတော့ ခုလောလောဆယ်က အချိန် တစ်လ ခွဲလောက် ကျန်သေးတာပေါ့နော်။ တစ်လခွဲမှာတော့ ကိုဗစ် က သက်သာရင် သက်သာ သွားမှာပေါ့။ ပြောလို့ မရဘူးလေ။

မေး ။ ။ ကိုဗစ် ကာလမှာ ရွေးကောက်ပွဲ လုပ်ဖြစ်ရင် SNDP အနေနဲ့ ဘယ်လို စိန်ခေါ်မှုတွေ ရှိနိုင်ပါသလဲ။

ဖြေ ။ ။ ဘယ်လို စိန်ခေါ်မှုတွေ ရှိမလဲဆိုတော့ သိပ်မရှိပါဘူး။ ပြည်သူ လူထုကလည်း ကျားဖြူ ကို ပြန်ပြီးတော့ တမ်းတ နေတယ်။ ဒီ ၅ နှစ်မှာ ဘာမှ မဖြစ်တော့ ကျားဖြူ ကတော့ လုပ်နိုင်တယ်။ အရည်အချင်းရှိတယ်။ သူတို့ကို ပြည်သူလူထု ကို ကူညီနိုင်တယ်ဆိုတဲ့ ပြည်သူလူထု ရဲ့ အသံလည်း ကျနော် ကြားနေရတယ်။ အဲ့ဒါကြောင့် ကျနော် ကြိုးစားနေတယ်။

မေး ။ ။ SNDP အနေနဲ့ကောကိုယ်စားလှယ်လောင်း လျှောက်လွှာတွေ တင်ဖို့ အတွက် ခေါ်ယူနေကြပြီလားရှင့်။

ဖြေ ။ ။ ကျနော်တို့က လျာထားပြီးသား ဘယ်မြို့နယ်မှာ ဘယ်သူ၊ ပြည်သူ့ လွှတ်တော်က ဘယ်သူ၊ အမျိုးသားလွှတ်တော်က ဘယ်သူ ဆိုတာ ကျနော်တို့ လျာထားပြီးပါပြီ၊ လျှောက်လွှာတင်ဖို့ မလိုဘူး။

ကျနော်တို့က သိတယ်လေ၊ ဘယ်သူက ကိုယ့်လူမျိုး၊ တိုင်းပြည်အတွက် အလုပ်လုပ်တယ် ဆိုတာ သိတယ်လေ။ နီးမှ တင်ခိုင်းမယ်။ လျာထားတယ်ဆိုတာ အဓိက ကတော့ မြို့နယ်မှာ သူတို့ စိတ်ကြိုက်ပေါ့နော်။ ဗဟိုက မောင်ဖြူရွေး မောင်နီရွေးဆိုတာ အဲ့လိုမျိုး မရှိဘူး။ သူတို့က ပိုသိတာပေါ့ သူတို့မြို့နယ်မှာ ဘယ်သူကဖြင့် ပြည်သူလူထုက ကြိုက်တယ်ဆိုတာ သူတို့က ပိုသိတာပေါ့။

မေး ။ ။ SNDP အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့နေရာမှာ ဘယ်လို အရည်အချင်းတွေ သတ်မှတ်ထားပါသလဲရှင့်။

ဖြေ ။ ။ အမျိုးသမီး ကို ဦးစားပေးတယ်။ လူငယ်ကို ဦးစားပေးတယ်။ ကျနော်တို့ဆို ဥက္ကဌတို့ ဘဏ္ဍရေးမှူး တို့ဆို မရွေးဘူး။ ၄ ယောက်လောက် မရွေးဘူး။ ကျနော်တို့က အသက်ကြီးသွားပြီဆိုတော့။ လူငယ်တွေကို နေရာပေးတယ်လေ။

မေး ။ ။ အမျိုးသမီး နဲ့ လူငယ်တွေကို ဘယ်နှ ရာခိုင်နှုန်း ဝင်ပါဖို့ မျှော်မှန်းထားလဲ။

ဖြေ ။ ။ အမျိုးသမီး နဲ့ လူငယ်က တော့ ခန့်မှန်းခြေ ၂၀ နဲ့ ၃၀ ကြားမှာတော့ ရာခိုင်နှုန်း ရှိလိမ့်မယ်။

မေး ။ ။ ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကိုယ်တိုင် ဝင်ပြိုင်ဖို့ ရှိပါသလားရှင့်။

ဖြေ ။ ။ ကျနော်က မပြိုင်ဘူး။ ကျနော်အသက် ကြီးသွားပြီလေ။ ဒု ဥက္ကဌ ၂ ယောက် လည်း မပြိုင်ဘူး။ ဘဏ္ဍရေးမှူး လည်းမပြိုင်ဘူး။ အသက် ၇၀ ကျော် တဲ့သူက ပြိုင်ဖို့ မလိုတော့ဘူးလေ။

မေး ။ ။ လွှတ်တော်အမတ်တွေ ရွေးချယ်တဲ့နေရာမှာ ဘယ်လို အရည်အချင်းတွေ ရှိရမလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ ဦးစားပေးတာကတော့ တကယ့် ပညာတတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ဒီ အမျိုး ဘာသာ သာသနာ့ ကိုစောင့်ရှောက်တဲ့ နေတဲ့ ပုဂ္ဂိုလ်ပေါ့။ အရည်အချင်းရှိတဲ့သူကို ကျနော်တို့ ရွေးတယ်လေ။

မေး ။ ။ SNDP အနေနဲ့ ရွေးကောက်ပွဲ အတွေ့အကြုံ ၂ ကြိမ် ရှိပြီပေါ့နော်။ လာမည့် ရွေးကောက်ပွဲ ကိုဘယ်လို ပြင်ဆင်သွားဖို့ ရှိပါသလဲရှင့်။

ဖြေ ။ ။ ကျနော် ခရီးသွားပြီး ပြန်လာတာ မကြာသေးဘူး။ သျှမ်းပြည်တောင်ပိုင်း ပတ်ခဲ့ပြီးပြီလေ နောက်ပိုင်း ကျရင် သျှမ်းအရှေ့ သျှမ်းမြောက် တို့ ကချင်ပြည်နယ်တို့ ဆက်သွားမယ်နော်။ ကျနော်တို့က ရွေးကောက်ပွဲတာ မဝင်တာ ကျနော်တို့ စည်းရုံးပေးမယ်။ သျှမ်းပြည်မှာ သျှမ်းပါတီ ပြန်အုပ်ချုပ်နိုင်အောင် ကျနော်တို့ ကြိုးစားနေတယ်။

မေး ။ ။ လက်ရှိ SNDP ရဲ့ လွှတ်တော်အမတ် ရဲ့ လုပ်ဆောင်ချက်ကို အားရ ကျေနပ်မှု ရှိပါသလားရှင့်။

ဖြေ ။ ။ ရှိတယ်။ ရှိတယ်။ ကျနော်တို့ ဒီတစ်ခေါက် အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ ပြန်ပြီး မဖော်ချင်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်ပဲ နိုင်တယ်ဆိုတဲ့ဟာလည်း ရှိပါတယ်။ တစ်ယောက်တည်းနိုင်တာလဲ ၁၀ ယောက်လောက် အရည်အချင်းရှိတယ်။ ၁၀ ယောက် အယောက် ၁၀၀ လောက် အရည်အချင်း ရှိတယ်။ ကျနော့်လူတွေက အကုန်လုံး လူတော်တွေ များတယ်။

မေး ။ ။ လာမယ့် လွှတ်တော်အမတ်တွေကို ဘယ်လို မျှော်မှန်းထားပါသလဲရှင့်။
ဖြေ ။ ။ ကျနော် ပြောပြီလေ ကျနော်တို့က ဒီ တိုင်းရင်းသား ပါတီ သမိုင်းမှာ ကျားဖြူ ပါတီလောက် ဘယ်ပါတီမှ မနိုင်ခဲ့ဖူးဘူး။

၅၈ ယောက် နိုင်ခဲ့တယ်။ ဝန်ကြီး လည်း ၆ ယောက် ရခဲ့ဖူးတယ်။ အတွေ့အကြုံလည်း ရှိတယ်။ ကျနော်တို့ ကျားဖြူ ပါတီသာ ဒီ လာမယ့် ၂၀၂၀ မှာ ရွေးကောက်ခံရမယ်ဆိုလိုရှိရင် ကျနော်တို့ သျှမ်းပြည်နယ် အစိုးရ ဖြစ်နိုင်အောင် ကျနော်တို့ ကြိုးစားမယ်။

မေး ။ ။ သျှမ်းပြည်မှာ ဆိုရင် သတ္တု တူးဖော်တာတွေ ရှိတယ်။ ပါတီအနေနဲ့ ဘယ်လို ဆောင်ရွက်ပေးသွားဖို့ ရှိပါသလဲရှင့်။

ဖြေ ။ ။ သတ္တုတူးတာကတော့ ပြည်ထောင်စု အစိုးရ ရဲ့ လုပ်ပိုင်ခွင့် ဖြစ်နေတယ်။ ဒါပေမယ့် ဒေသခံ ပြည်သူတို့က သဘောမတူဘူးဆိုရင် ကျနော်တို့ လုံးဝ မထောက်ခံဘူး။

မေး ။ ။ နောက်တခု က SNDP အနေနဲ့ မြေပြန့်က တိုင်းရင်းသား ပါတီ တွေ နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ် ဆိုတာ ကြားသိရပါတယ်။ ဒါက ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ သျှမ်းတိုင်းရင်းသားများ နဲ့ သျှမ်းပြည်အကျိုးရှိမှ ကျနော်တို့ ပူးပေါင်းမယ်။ ကိုယ့်အမျိုး ကိုယ့်ပြည်နယ် အတွက် အကျိုးမရှိရင် ဘယ်သူမှ မပူးပေါင်းဘူး။ အကျိုးရှိရင် ပူးပေါင်းမှာပါ။

ကျနော်တို့ သျှမ်းပါတီ အနေနဲ့ ပြည်ထောင်စု အစိုးရ မဖြစ်နိုင်ဘူးလေ ပြည်ထောင်စု အစိုးရက ပြည်မမှာ ရှိတဲ့ ပါတီကြီး ၂ ခု ပဲ ဖြစ်နိုင်တယ်လေ အဲ့ဒါ ကျနော်တို့ သျှမ်းပြည်နဲ့ သျှမ်းတိုင်းရင်းသား အကျိုးရှိ မယ်ဆိုလို့ရှိရင် ကျနော်တို့ ပူးပေါင်းမှာပေါ့။ အကျိုးမရှိရင် ကျနော်တို့ ဘယ်လိုလုပ် ပူးပေါင်းမလဲ။

မေး ။ ။ အကျိုးရှိမယ်ဆိုရင် ပါတီ အနေနဲ့ ဘယ်လို အကျိုးရှိမယ်လို့ မျှော်မှန်း ထားပါသလဲရှင့်။

ဖြေ ။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီ ကြီး တစ်ခုမှ လွတ်လွတ်ကျွတ်ကျွတ် အစိုးရ မဖွဲ့နိုင်တော့ဘူး ညွှန့်ပေါင်း ဖြစ်မယ်လေ ညှိနှိုင်းရမယ် ဘယ်သူက အစိုးရ လုပ်မယ်ဆိုတာ အဲ့ဒီချိန်ကျရင် ကျနော်တို့ကို လာညှိမှာပဲ အဲ့ချိန်ကျရင် သျှမ်းတိုင်းရင်းသားများ နဲ့ သျှမ်းပြည် အကျိုးရှိမယ့် ဟာမှ ကျနော်တို့ ပူးပေါင်းမယ်။ အဲ့ဒါ မရှိဘူးဆိုရင် ဘယ်သူနဲ့မှ မပူးပေါင်းဘူး။

မေး ။ ။ သျှမ်းပြည်သူတွေကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ ။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျားဖြူ ပါတီ ကို မဲပေးပါ။ မဲ ပေးလို့ရှိရင် သျှမ်းတိုင်းရင်းသားများနဲ့ သျှမ်းပြည်ရဲ့ ကံကြမ္မာ ဖွံ့ဖြိုးတိုးတက်သွားမယ်။ ငြိမ်းချမ်းသာယာသွားမယ်။ ပြည်သူလူထုလည်း ကျန်းမာ ချမ်းသာလာအောင် ကြိုးစားပြီး လုပ်ဆောင်သွားမယ်။ အဲ့ဒါ ကျနော်တို့ မှာကြားချင်တဲ့ စကားပဲ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်”

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP) အပါအဝင် နိုင်ငံရေးပါတီ (၃) ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ ပထမပတ်တွင်...

“ကျနော်တို့နိုင်ငံမှာ ပြောရရင်တော့ အာဏာသုံးရပ်စလုံး တစ်ယောက်ထဲမှာပဲ စုစည်းနေတာ”

0
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၁၈) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မဲအများဆုံးရရှိသူ အနိုင်ရသည့် (First Past the Post – FPTP)...

နိုင်သူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် နှစ်မျိုးလုံးကို လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဟုဆို

0
၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာလတွင် စစ်ကောင်စီ ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် (FPTP) စနစ်နှင့် အချိုးကျ ကိုယ်စားပြု (PR) စနစ် နှစ်မျိုးလုံးကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (မတ်လ ၂၅ ရက်) တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့်...

SNLD၊ SNDP၊ SSPP ခေါင်းဆောင်များအပြင် ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီ လူမှုထူးချွန်ဆုပေး

0
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ယခင်နှင့် လက်ရှိခေါင်းဆောင်များအပြင် သျှမ်းပြည်တွင်း ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီက လူမှုထူးချွန်ဆု ပေးအပ်လိုက်ကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် ကျရောက်သည့် (၇၇)...

စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ အလုပ်အဖွဲ့နှင့် NSPNC တို့ အခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေး

0
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများ၏ အလုပ်အဖွဲ့တို့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၉၊ ၂၀ ရက်)တို့တွင် စစ်ကောင်စီထံ ပြန်လည်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...