ကိုဗစ် လုပ်ငန်းစဉ်ဆောင်ရွက်နေသည့် RCSS/SSA ကို အာဏာပိုင်များ တားမြစ်

သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် အတွင်း RCSS/SSA၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ဝင်များက တားမြစ်ပိတ်ပင်ကြောင်းစုံစမ်းသိရသည်။

 

RCSS/SSA ဆေးတပ်သားများကို အာဏာပိုင်များတားဆီးပိတ်ပင်နေစဉ် (Photo by Tai Freedom/ Facebook)

ယနေ့ဇွန် ၁၈ ရက် မနက် ၉ နာရီက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)၏ ကျန်းမာရေး ဝန်ထမ်းများက မိုးနဲ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား  ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ် ဆောင်ရွက်နေစဉ် လွယ်ဝပ်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး တို့က လာရောက် တားမြစ်ခဲ့ကြောင်း RCSS/SSA ဘက်က ဆိုပါသည်။

“ ဒီနေ့မနက် ကျနော်တို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် အဖွဲ့ကို လာပြီးဟန့်တားတယ်ဆိုတာဟုတ်ပါတယ်။ ကျနော့အထင်တော့ ကျနော်တို့ RCSS/SSA ကို နာမည် မရစေချင်တဲ့သဘောလားမသိဘူး” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

 

RCSS/SSA ဆေးတပ်သားများကို အာဏာပိုင်များတားဆီးပိတ်ပင်နေစဉ် (Photo by Tai Freedom/ facebook)

RCSS/SSA ဆေးဝန်ထမ်း အဖွဲ့သည် ကျိုင်းတောင်းမြို့အသွားလမ်း တနေရာတွင် ကိုဗစ်-၁၉ သံသယ လူနာ ရှိ၊ မရှိစစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်း ဆောင်ရွက်နေစဉ် လွယ်ဝပ်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်ရဲတပ်ဖွဲ့  ၂ ဦး တို့က ကားဖြင့်လာပြီး၊ ခွင့်ပြုချက် မရရှိပါက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ခြင်း မပြုရန် တားမြစ်ပိတ်ပင်ခဲ့ကြောင်း RCSS/SSA ၏သတင်းမီဒီယာ ဝက်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။

ထို့အပြင် အမိန့်မရပါက ထိုနေရာတွင် ကိုဗစ် -၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းမပြုရန် နှင့် ပြန်လည် ဆုတ်ခွာပေးရန် ပြောဆို ခြိမ်းခြောက်ခဲ့ရာ RCSS/SSA ၏ ကျန်းမာရေး ဝန်ထမ်းများသည် ထိုနေရာမှ ပြန်လည် ဆုတ်ခွာပေးခဲ့ရကြောင်းလည်း RCSS/SSA ၏ ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

ဇွန် ၁၆ ရက်နေ့တွင် ကိုဗစ်-၁၉ ကာလအတွင်း ထိန်းချုပ်ရေး ၊ကုသရေး နှင့် ပတ်သတ်ပြီး RCSS/SSA နှင့် အစိုးရ အဖွဲ့တို့သည် Vedio Conferencing အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

RCSS/SSA ဆေးတပ်သားများကို အာဏာပိုင်များတားဆီးပိတ်ပင်နေစဉ် ( Photo by Tai Freedom/facebook)

ထို့ပြင် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ကုသရေး ကာလအတွင်း အစိုးရ အဖွဲ့မှ လည်း RCSS/SSAကို ထပ်မံ ကူညီပေးမည်ဟု ပြောဆိုခဲ့သေးသည်။

လွန်ခဲ့သည့် ဧပြီလ ၇ ရက် တွင်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် တွင် RCSS/SSA ၏ ဆေးဝန်ထမ်းများကို အစိုးရ တပ်မတော်က တားမြစ်ခဲ့ပြီး၊ RCSS/SSA ၏ ထောက်ပံ့မှုကို ယူပါက ဒေသခံပြည်သူများကို ဖမ်းဆီး အရေးယူမည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...