မိုးနဲ RCSS/SSA ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ် တပ်မှ ဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် အတွင်း RCSS/SSA ၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်ကို အစိုးရ တပ်မတော် က လာရောက် ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖျက်ဆီးခံရတဲ့ RCSS/SSA၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်နေရာ (Photo by Tai Freedom/Facebook )

ဖြစ်စဉ်မှာ ယမန်နေ့ ဇွန် ၂၁ ရက်တွင် မိုးနဲမြို့နယ် နားခန်ကျေးရွာ အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်ကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းမှူး အမိန့်ဖြင့် လာရောက်ဖျက်ဆီးခဲ့သည် ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ခြေမြန်တပ်ရင်း ခမရ ၅၇၅ တပ် အင်အား ၃၀ ကျော်လောက် လာဖျက်တာပါ။ ရလခတိုင်းမှူး အမိန့်နဲ့ လာဖျက်တာပါ။ အရင်ကတည်းက ကျနော်တို့ စစ်ဆေးနေတဲ့ဂိတ်ပါ။ ဘာမှ မဖြစ်ပါဘူး။ ကျနော်တို့ ကျေးရွာတွေမှာလည်း ကျန်းမာရေး စစ်ဆေးဂိတ်တွေ အများကြီးရှိပါတယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။

ဖျက်ဆီးခံရတဲ့ RCSS/SSA၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်နေရာ (Photo by Tai Freedom/ Facebook)

RCSS/SSA ၏ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အတွက် တည်ဆောက်ထားသည့် ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်ကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းမှူးဗိုလ်ချုပ် သန်းလှိုင် အမိန့် အရ လာရောက်ဖျက်ဆီးခဲ့ကြောင်း RCSS/SSA ၏ သတင်းဝက်ဆိုဒ် တွင် ရေးသားဖော်ပြထားသည်။

ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးသည့် ဂိတ်ကို လာရောက်ဖျက်ဆီးသည့် နားလောကျေးရွာ အုပ်စု မိုင်းပန်မြို့နယ် အခြေစိုက် သည့် ခမရ ၅၇၅ သည် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ-ခိုလမ်) လက်အောက်ခံ အမှတ် ၁၇ စစ်ဆင်ရေး ကွပ်ကဲရေး ဌာနချုပ် စကခ ၁၇ ၏ တပ်ရင်း ဖြစ်ကြောင်း သိရသည်။

ဇွန် ၁၈ ရက် မနက် ၉ နာရီ တွင်လည်း သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း RCSS/SSA ၏ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ် တွင် တာဝန်ထမ်းဆောင်သည့် RCSS/SSA ကျန်းမာရေး ဝန်ထမ်းများကိုအာဏာပိုင်များက ဆောင်ရွက်ခြင်းမပြုရန် တားဆီး ပိတ်ပင်ခဲ့ကာ ယနေ့အချိန်ထိ ကျန်းမာရေး ဝန်ဆောင်မှု မပေးနိုင်ခဲ့ကြောင်း လည်း RCSS/SSA အသိုင်းအဝန်းက ပြောသည်။

RCSS/SSA၏ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများသည် အစိုးရအာဏာပိုင်များ၏ တားဆီးပိတ်ပင်မှုကို မကြာခဏ ခံရသော်လည်း တဖက်တွင်လည်း RCSS/SSA ၏ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် အစိုးရ၊ တပ်ပိုင်းဆိုင်ရာက ထောက်ပံ့မှုများ ပေးဝေနေသည်မှာ စဉ်းစားစရာဖြစ်နေသည် ဟုလည်း ဒေသခံ ပြည်သူများ က ပြောဆိုလာကြသည်။

“ တဖက်က ကိုဗစ် အတွက် ထောက်ပံ့မှုတွေ ပေးတယ်။ တဖက်မှာတော့ တားဆီးနေတယ်။ အခုဆိုရင် ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်ကိုတောင် ဖျက်ဆီးလာတော့ မြေပြင်နဲ့ အပေါ်ပိုင်းနဲ့ က ဝေးကွာနေတယ်” ဟု သျှမ်းပြည် မိုးနဲဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇွန် ၁၆ ရက်တွင်လည်း ကိုဗစ်-၁၉ ကာလ အတွင်း ထိန်းချုပ်ရေး ၊ ကုသရေး နှင့် ပတ်သက်ပြီး RCSS/SSAနှင့် အစိုးရ အဖွဲ့တို့သည် Vedio Conferencing အစည်းအဝေးပြုလုပ်ကာ အစိုးရ မှ RCSS/SSA၏ ကိုဗစ်-၁၉ လုပ်ဆောင်ချက် အပေါ် ထောက်ပံ့ပစ္စည်းများ ထပ်မံပေးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

“အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော

0
ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...