Wednesday, January 28, 2026

သျှမ်းတောင် ကိုဗစ် ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၄၇၀ ရှိ

သျှမ်းပြည်တောင်ပိုင်း တွင် ကိုဗစ်-၁၉ ဓါတ်ခွဲနမူနာ စစ်ဆေးရန်အတွက် အသွားအလာ ကန့်သတ်ထားသူ (၄၇၀) ခန့်ကို ရန်ကုန်အမျိုးသား ကျန်းမာရေး ဓါတ်ခွဲဌာန (NHL) သို့ ပို့ဆောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

Photo by Taunggyi/ facebook

ယနေ့ ဇွန် (၁၈) ရက် ည ပိုင်း  NHL သို့ ပို့ဆောင် စစ်ဆေးသွားမည် ဖြစ်ပြီး (၄၇၀) ဦးသည် အသွားအလာ ကန့်သတ်ထားသည့် သူများ ဖြစ်ကြောင်း သျှမ်းပြည် အထူး ရောဂါ နှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“၄၇၀ ဦးက အသွားအလာကန့်သတ်ထားတဲ့ သူတွေ ဖြစ်တယ်။ ကလောမှာက စောင့်ကြည့်လူနာ တစ်ယောက် ပါတယ်။ ဒီနေ့ည NHL သို့ ပို့ဆောင် စစ်ဆေးသွားပါမယ်” ဟု ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အသွားအလာကန့်သတ်ထားသူ အားလုံးသည် သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ ဟိုပုံး၊ ဆီဆိုင် ၊ ပင်လောင်း ၊ ဖယ်ခုံ ၊ လွိုင်လင် ၊ ကျေးသီး၊ မိုင်းရှုး၊ လင်းခေး၊ မိုင်းပန် ၊ မောက်မယ်၊ မိုးနဲ နှင့် နမ့်စန် တို့ ဖြစ်သည်။

“စုစုပေါင်း ဒီညနေ့ ပို့ဆောင် စစ်ဆေးသွားမှာကတော့ (၄၇၃) ဦး ရှိပါတယ်။ အတည်ပြု လူနာ ၂ ဦးရဲ့ ဓါတ်ခွဲနာမူနာ အပါအဝင်ပါ။” ဟု ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်တောင်ပိုင်းမှာ ဇွန် (၁၈) ရက်ထိ တို့ဖတ်နမူနာ ပေးပို့ထားပြီး ဓါတ်ခွဲအဖြေစောင့်ဆိုင်းသူ (၈၀၀) ကျော် ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်တောင်ပိုင်း ၁ပတ်အတွင်း စစ်ဘေးရှောင် ၁၀၀၀ ကျော် ထပ်တိုး

0
သျှမ်းပြည် တောင်ပိုင်း တိုက်ပွဲ ၁ ပတ်အတွင်းတွင် စစ်ကောင်စီမှ လက်နက်ကြီး အကြိမ် ၁၀၀ ထပ်မနည်းပစ်ခတ်ပြီး စစ်ဘေးရှောင် တစ်ထောင်ကျော် တိုးလာပြီးကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီမှ ၁ ပတ်အတွင် လက်နက်ကြီး ပတ်ခတ်မှု...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

စစ်ကောင်စီအုပ်စု ယန္တရားမလည်ပတ်နိုင်အောင် PNLOနှင့်အတူ ပူးပေါင်ပြီး တော်လှန်မည်ဟု SSLRU က ထုတ်ပြန်

0
သျှမ်းပြည် တောင်ပိုင်း စစ်ကောင်စီအုပ်စုယန္တရားများ မလည်ပတ် နိုင်တော့သည်အထိ (PNLO) တို့နှင့် ပူပေါင်းပြီး တော်လှန်စစ် ဆင်နွဲသွားမည်းဖြစ်ကြောင်း ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (S.S.L.R.U) က ထုတ်ပြန်လိုက်ပါသည်။ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေး၊ အမျိုးသားရေးတန်းတူညီမျှခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရရှိရေးအတွက် PNLO နဲ့ အတူတကွပူးပေါင်းကာ စစ်ကောင်စီ ယန္တယားတွေ မလည်ပတ် နိုင်တော့တဲ့အထိ...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...