တောင်ကြီး တောင်ချွန်းသွားလမ်းတလျောက် သစ်ပင် ၂၀၀၀ ခန့် စိုက်ပျိုးမည်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ တောင်ချွန်းကို ဖောက်ထားသည့် ကားလမ်း တစ်လျှောက်မှာ ရှင်သန်မြေ အစိမ်းရောင် ကွန်ရက် အဖွဲ့မှ ဦးဆောင်ပြီး သစ်ပင် (၂၀၀၀) ခန့် စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။

 


ယနေ့ တောင်ချွန်သွားရာလမ်းတလျောက် သစ်ပင်စိုက်နေသည့်ပုံ (ဓာတ်ပုံ တောင်ကြီးဒေသခံတဦး)

“တောင်ချွန်းကို ဖောက်ထားတဲ့ ကားလမ်းပေါ်မှာစိုက်တာပါ။ သစ်ပင်က အားလုံးပေါင်း ၁၇ ရက်နေ့က ၅၀၀ စိုက်ပါတယ်။ ဒီနေ့က (၃၀၀ ) စုစုပေါင်း (၈၀၀) စိုက်ပြီးသွားပါပြီ။ ၁ ထောင်ကျော် စိုက်ဖို့ ကျန်သေးတယ်” ဟု ရှင်သန်မြေ အစိမ်းရောင် ကွန်ရက် ဥက္ကဌ ဒေါ်ချယ်ရီကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့ ဇွန် (၁၉ ) ရက်မှာ ကျရောက်သော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ (၇၅) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အနေဖြင့် သစ်ပင် (၃၀၀) စိုက်ပျိုးခဲ့ကြောင်း ဒေါ်ချယ်ရီကျော်က ပြောသည်။

ရှင်သန်မြေ အစိမ်းရောင်ကွန်ရက်မှ ဦးဆောင် စိုက်ပျိုးပြီး တောင်ကြီးမြို့သူ၊ သား များနှင့် တခြား ပရဟိတ အဖွဲ့များလည်း ပူးပေါင်း ပါဝင် စိုက်ပျိုးကြကြောင်းသိရသည်။

တောင်ချွန်သွားရာလမ်းတလျောက် တွင် သစ်ပင်စိုက်ရသည့် အကြောင်းရင်းမှာ သစ်ပင်သည် ရာသီဥတုကို ထိန်းပေးခြင်း၊ အရိပ်အာဝါသ ကို ပေးဆောင်ခြင်း၊ သစ်ပင်မရှိပါက အပူချိန်မြင့်တက်လာပြီး တောင်ကြီးမြို့ရေဝေရေလဲစနစ် ပျက်စီးဆုံးရှုံးသွားမည်ကို ကာကွယ်သည့်အနေဖြင့်စိုက်ပျိုးခြင်းဖြစ်ကြောင်း ဒေါ်ချယ်ရီကျော်က ပြောသည်။

“မြေအောက်ရေကို အသုံးပြုနေရတဲ့ တောင်ကြီးမြို့က ရေဝေ ရေလဲ ပျက်စီးဆုံးရှုံးသွားမှာကို ကာကွယ်တဲ့အနေနဲ့ သစ်ပင်တွေ စိုက်ခြင်း ဖြစ်ပါတယ်” ဟု ဒေါ်ချယ်ရီကျော် က ဆိုသည်။

တောင်ချွန်းကားလမ်းပေါ် ပြန်လည် စိုက်ပျိုးမည့် သစ်ပင်များမှာ ချယ်ရီပင်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ဝက်သစ်ချ၊ ငုရွှေဝါ၊ ငုစပ်ချယ်ရီ၊ ရေမြော၊ ရေသင်းဝံ စသည် တို့ကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...