RCSS/SSA ၏ လွိုင်ကော်ဝမ်း တပ်စခန်း အနီး အစိုးရတပ် အင်အား ဖြည့်

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)ထိန်းချုပ်သည့်နေယ်မြေ လွိုင်ကော်ဝမ်း အနီးတွင် အစိုးရတပ်မတော် စစ်အင်အား ၅၀၀ ကျော် ဖြည့်တင်းရောက်ရှိနေကြောင်း စုံစမ်းသိရသည်။

၂၀၁၉ မေလ တွင် သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ ထုတ်ခဲ့သည့် လွိုင်ကော်ဝမ်း စစ်ရှောင်စခန်းတည်ရှိရာမြေပုံ

ဇွန်၂၀ရက်မှ စတင်ကာ ကျိုင်းတုံ အခြေစိုက် တပ်ရင်းဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ ၂၂၄၊ ခမရ ၅၇၁ နှင့် ခြေလျင်တပ်ရင်း ၂၂၁ တို့ပူးပေါင်းပြီး စစ်အင်အား ၅၀၀ကျော် သည် မြန်မာ-ထိုင်း နယ်စပ် သျှမ်းစစ်ရှောင် ဒုက္ခသည်များ နေထိုင်သည့် RCSS/SSA ၏ ကျိုင်းတုံစစ်ဒေသအမှတ် ၁ လွိုင်ကော်ဝမ်းတပ်စခန်း ဘက်သို့ အင်အားတိုးဖြည့်နေရာယူထားကြောင်း စစ်ရှောင်များကို ကူညီမှုပေးနေသည့် ကော်မတီထံမှ သိရသည်။

အစိုးရတပ်မတော် စစ်အင်အား တိုးချဲ့လာသည့်အတွက် စစ်ရှောင်များတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း၊ တပ်အင်အားတိုးချဲ့သည့်နေရာများသည် စစ်ရှောင်များ ဟင်းရွက်ရှာစားသည့်နေရာဖြစ်ကြောင်းလည်း မြန်မာ-ထိုင်း နယ်စပ် စစ်ရှောင်စခန်း ကူညီပေးနေသည့် ကော်မတီ အဖွဲ့ဝင် နန်းငင်းဟွမ် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ စစ်အင်အားတွေ အလုံးအရင်း ဝင်လာတော့ စစ်ရှောင်တွေက လန့်သွားတယ်။ တိုက်ပွဲဖြစ်မှာကြောက်ကြတယ်။ သူတို့တပ်စခန်းလာချတဲ့နေရာကလည်း စစ်ရှောင်တွေ ဟင်းရွက်တွေ ရှာစားတဲ့နေရာဖြစ်တယ်” ဟု နန်းငင်းဟွမ် က ဆိုသည်။

သို့သော် ယမန်နေ့ (ဇွန်၂၁)ရက် မနက်ပိုင်းတွင် အစိုးရတပ်မတော် စစ်အင်အား ဆုတ်ခွာခဲ့သော်လည်း စစ်ရှောင်များအနေဖြင့် အစာရှာရန် မသွားရဲသေးကြောင်း၊ တောင်ကြောတလျောက်တွင် စစ်အင်အားထပ်မံရှိမှာကို စိုးရိမ်နေကြဆဲ ဖြစ်ကြောင်း လွိုင်ကော်ဝမ်း စစ်ရှောင်စခန်းတွင်နေထိုင်သည့် လုံးဘ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တပ်အင်အားကတော့ ဆုတ်သွားတယ်။ ဒါပေမယ့် ကျနော်တို့ ဟင်းရွက်တွေ သွားမရှာရဲသေးဘူး။ ကြောက်တယ်။ စိတ်ပူနေတုန်းပဲ။ စစ်မချဘူး။တိုက်ပွဲဖြစ်မှာ ကြောက်နေကြတယ်” ဟု လုံးဘ က ဆိုသည်။

Shan State Refugee Committee -Thai Border

ထို အစိုးရ တပ်မတော် စစ်အင်အားတိုးချဲ့သည့်နေရာတွင် စစ်ရှောင် ဒုက္ခသည် ၂၅၀၀ ကျော်နေထိုင်သည့်နေရာဖြစ်ကြောင်းသိရသည်။

RCSS/SSA သည် တနိုင်ငံလုံ ပစ်ခတ်ရပ်စဲရေး သဘောတူညီ စာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး၊ NCAထိုးပြီးနောက်ပိုင်း အစိုးရတပ်မတော်သည် မြန်မာ-ထိုင်းနယ်စပ် RCSS/SSA တပ်စခန်း ရှိသည့် လွိုင်ကော်ဝမ်း အနီးသို့ စစ်အင်အားတိုးချဲ့မှုမျာ မကြာခဏ ပြုလုပ်လာသည်ဟုလည်း စစ်ရှောင် ပြည်သူများက ပြောသည်။

“ အစိုးရတပ်က တပ်သားတွေ ဒီဘက်ကို မကြာခဏလာတယ်။ ဟိုတလောက ၄ယောက် ခိုးလာပြီး သတင်းအချက်အလက်လာယူတယ်။ ဒီတခါကျတော့ စစ်အင်အား အလုံးအရင်လာတယ်။ ဘာသဘောလဲတော့မသိဘူး” ဟု စစ်ရှောင် ဒုက္ခသည် တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အစိုးရ တပ်မတော် စစ်အင်အား ၅၀၀ ကျော် RCSS/SSA နယ်မြေ လွိုင်ကော်ဝမ်း ဒေသ သို့ဝင်လာသည့် ကိစ္စနှင့် ပတ်သက်ပြီး RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ က “ ကျနော် သတင်းတော့ ကြားရတယ်။ သတင်းအချက်အလက် အတိအကျတော့ မရသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

NCA ထိုးပြီးနောက်ပိုင်း RCSS/SSA တပ်စခန်းများကို အစိုးရ တပ်မတော်က မကြာခဏ ဝင်ရောက် အင်အားဖြည့်တင်းမှုများ ပြုလုပ်လာပြီး၊ တိုက်ပွဲများလည်း မကြာခဏ ထိတွေ့မှု ဖြစ်လာပြီး၊ စစ်ရှောင်များအနေဖြင့် လွိုင်ကော်ဝမ်းဒေသ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် တလျောက်တွင် သျှမ်းစစ်ရှောင် ပြည်သူ ၆ထောင်ကျော်ရှိပြီး၊ NCA လက်မှတ်ထိုးပြီးနောက်ပိုင်း ထို စစ်ရှောင်များ စားနိပ်ရိက္ခာ ပြတ်တောက်မှု ရင်ဆိုင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...