ကျောက်မဲ ပြောင်းခင်းတွင် မိုင်းပေါက်ကွဲ အမျိုးသားတဦးသေဆုံး
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောင်းကုန်းကျေးရွာ တွင် ယနေ့ ဇူလိုင် ၂၈ ရက်က မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် အမျိုးသားတဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၂၈ နေ့လည် ၁နာရီခွဲက ကျောက်မဲမြို့နယ် ကျောင်းကုန်းကျေးရွာတွင် နေထိုင်သည့် အသက်...
မောက်မယ်မြို့ သင်္ချိုင်းမြေ တွင် ဘော်လုံးကွင်း တည်ဆောက်ရန် ကန့်ကွက်
SHAN -
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်း ဘော်လုံးကွင်း၊ တည်ဆောက်မည့် နေရာသည် သင်္ချိုင်းမြေဖြစ်နေသဖြင့် သျှမ်းထုံးတမ်းစဉ်လာအရ ထိခိုက်မည်ကို စိုးရမ်သဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ထို့ကြောင့် မြေနေရာကို အားကစားကွင်း ဆောက်လုပ်ရန်အတွက် ဒေသခံ လူငယ် (၈၀) ခန့်က မြေစာရင်းရုံးတွင် ကန့်ကွက်စာ တင်ထားကြောင်း...
မိုင်းပန်မြို့နယ် ကျေးလက် ကုန်စုံဆိုင်မှ အရက်၊ဘီယာများကို ရဲတပ်ဖွဲ့မှ ဝင်ရောက်သိမ်းဆည်း
သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ် အတွင်းရှိ ကျေးလက်အရောင်းဆိုင်များတွင် ရောင်းချနေသည့် အရက်၊ဘီယာများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှ ဝင်ရောက် သိမ်းဆည်းပြီး ဆိုင်ရှင်ကို ဒဏ်ငွေရိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဇူလိုင် ၂၀ ရက် ညနေ ၃ နာရီ က မိုင်းပန်မြို့ရဲတပ်ဖွဲ့ က မိုင်းပန်မြို့နယ်...
အလုပ်အကိုင်ရှားပါးမှုကြောင့် မူးယစ်ဆေး သုံးစွဲသူများလာ
SHAN -
အလုပ်အကိုင် အခွင့်အလမ်းနည်းသည့်အတွက် မူးယစ်ဆေးဝါး သုံးစွဲသူများ လာကြောင်း ပအိုဝ်းလူငယ် အစည်းအရုံးမှ သုတေသန စာတမ်း အရ သိရသည်။ အဆိုပါ သုတေသန စာတမ်းကို ဇူလိုင် (၂၇) ရက်က သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စိန့်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံ တွင် “ အကူအညီလိုအပ်နေသူများ”...
သျှမ်းတောင် စောင့်ကြည့်လူနာ ၂၀၀ ကျော် ကိုဗစ် ပိုး ထပ်မံပို့ဆောင်စစ်ဆေး
SHAN -
သျှမ်းပြည်တောင်ပိုင်း စောင့်ကြည့်လူနာ ၂၀၀ ကျော် တွင် ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ ရန်ကုန်အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာန သို့ ထပ်မံ ပို့ဆောင်စစ်ဆေးထားကြောင်း စုံစမ်းသိရှိရသည်။ Photo by SHAN ယနေ့ ဇူလိုင် ၂၈ ရက်တွင် သျှမ်းပြည်တောင်ပိုင်းရှိ Quarantine Center...
RCSS/SSA တပ်သား ၂၀ ထွက်ပြေးသည့်ကိစ္စ မဟုတ်မှန်ကြောင်း RCSS ပြော
SHAN -
တပ်မတော် သတင်းမှန် ထုတ်ပြန်ထားသည့် RCSS/SSA တပ်သား ၂၀ ဦး ထွက်ပြေးသည့် သတင်းသည် မမှန်ကန်ကြောင်း ဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောဆိုလိုက်သည်။ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA မှ အတင်းအဓမ္မ လူသစ်စုဆောင်ပြီး လွိုင်တိုင်းလျန်း...
ဆီဆိုင် ကုန်းမြင့်မြေ ဖော်ဆောင်ရေးကို ကန့်ကွက်မှုကြောင့် မပြုလုပ်တော့ပေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေ အစားထိုးပြန်ပေးရန် ကုန်းမြင့်လယ်ယာမြေ ဖော်ဆောင်ရေးကို ဒေသခံများကန့်ကွက်မှုကြောင့် မပြုလုပ်တော့ကြောင်း စုံစမ်းသိရသည်။ ကုန်းမြင့်လယ်ယာမြေ ဖော်ဆောင်မည့် နေရာသည် ဆီဆိုင်မြို့ရှိ ကုန်းဆွတ်ကျေးရွာ နှင့် ပင်စုံကျေးရွာအုပ်စုအတွင်းရှိ နမ့်တောင်းကျေးရွာပိုင် ကုန်းမြင့်လယ်ယာများကိုဖော်ဆောင်ပြီး တပ်သိမ်းမြေ အစားထိုး ပြန်ပေးမည် ဟု ပြောဆိုခဲ့သည်။ တပ်သိမ်းမြေ...
တရားရင်ဆိုင်နေရသည့် ခိုလမ်တောင်သူများ ကိုယ်စားလှယ် ၅ ဦးထားရှိရေး ရုံးမှလက်ခံ
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့နယ် မြေယာပြဿနာတွင် တပ်ဘက်မှ တရားစွဲဆိုထားသည့် တောင်သူများ တရားရင်ဆိုင်နိုင်ရန်အတွက် ကိုယ်စားလှယ် ၅ ဦး ထားရှိရန် လက်ခံလိုက်ကြောင်း သိရသည်။ လွန်ခဲ့သည့် ဇွန် ၉ ရက်တွင် လယ်ယာမြေများ သိမ်းဆည်းထားသော ခိုလမ်မြို့နယ် အခြေစိုက် အမှတ် ၆၆ ခြေလျင်တပ်ရင်းသည်...
အသတ်ခံရ သျှမ်းနီ ကျောင်းသား ၂ ဦးကို KIA မှ နစ်နာ လျော်ကြေးငွေ ပေး
သတ်ဖြတ်ခံရသည့် သျှမ်းနီကျောင်းသား ၂ ဦးအတွက် ကချင် လွတ်မြောက်ရေး တပ်မတော် KIA ကလျော်ကြေးငွေ ပေးခဲ့ကြောင်း အသတ်ခံရသည့် ကျောင်းသားမိဘများကပြောသည်။ သျှမ်းနီ ကျောင်းသား လူငယ် ၂ ဦးသည် စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် ပါဟုတ်ကြီးကျေးရွာ တွင်နေထိုင်များဖြစ်ကြပြီး ဇူလိုင် ၆ ရက်...
ကိုဗစ်ကြောင့် ထိုင်းမှ သျှမ်းပြည် တောင်ကြီးသို့ ရွှေ့ပြောင်းအလုပ်သမား ၂၅၀၀ ခန့် ပြန်လာ
SHAN -
ထိုင်းနိုင်ငံ မှ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် သို့ ၂လ အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၅၀၀ ခန့်ပြန်လာကြောင်း စုံစမ်းသိရသည်။ ထိုမြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံ မဲဆောက် မှ ကရင်ပြည်နယ် မြဝတီသို့ ပြန်လည်ဝင်လာပြီး၊ ထိုမှတဆင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးသို့ ပြန်လာသည့်သူများဖြစ်ကြသည်။ ထိုသူများသည် မေ (၂၇)...






