Tuesday, January 27, 2026

ကိုဗစ်ကြောင့် ထိုင်းမှ သျှမ်းပြည် တောင်ကြီးသို့ ရွှေ့ပြောင်းအလုပ်သမား ၂၅၀၀ ခန့် ပြန်လာ

ထိုင်းနိုင်ငံ မှ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် သို့ ၂လ အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၅၀၀ ခန့်ပြန်လာကြောင်း စုံစမ်းသိရသည်။

Photo by Win Naing Soe/ Facebook

ထိုမြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံ မဲဆောက် မှ ကရင်ပြည်နယ် မြဝတီသို့ ပြန်လည်ဝင်လာပြီး၊ ထိုမှတဆင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးသို့ ပြန်လာသည့်သူများဖြစ်ကြသည်။

ထိုသူများသည် မေ (၂၇) ရက်နေ့မှ ဇူလိုင် (၂၄ ) ရက်နေ့ အထိ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ( ၂၄၇၈) ဦးရှိကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ပြောသည်။

ထို (၂၄၇၈) ဦးထဲမှ Swap ဓါတ်ခွဲနမူနာ ယူထားသည့် ရွှေ့ပြောင်းအလုပ်သမား (၂၀၁၆) ဦး ရှိကြောင်း၊ ဓါတ်ခွဲနမူနာ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ပိုးမတွေ့ ရှိသူ (၁၉၈၁) ဦးရှိပြီး ကျန်သည့် (၃၅) ဦးမှာ အဖြေစောင့်ဆိုင်းနေဆဲ ဟု ဒေါက်တာမျိုးထွန်း က ပြောသည်။

“ဓါတ်ခွဲ နမူနာ ယူရန် ကျန်ရှိသူ (၄၆၂) ဦး ရှိပါတယ်” ဟု ဒေါက်တာမျိုးထွန်း ကပြောသည်။

ယနေ့ အချိန်ထိ သျှမ်းပြည်တဝှမ်းတွင် ကိုဗစ် စောင့်ကြည့်လူနာ စုစုပေါင်း (၄၈၇)ဦး ရှိခဲ့ကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ထံ စုံစမ်းသိရှိရသည်။

သျှမ်းပြည်တောင်ပိုင်းရှိ Quarantine Center တွင် ဇူလိုင် ၂၂ရက် ၌ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၄၄) ဦး ကိုဗစ် -၁၉ ရှိ၊ မရှိ စစ်ဆေးရာ တွင် ၁၄၂ ဦး မှာ ပိုးမတွေ့ရှိကြောင်း ပြည်နယ် အထူးရောဂါနှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို ကပြောသည်။

“၁၄၂ ယောက်မှာ ပိုးမတွေ့ပါ။ ကျန်တဲ့ ၂ ယောက်ကတော့ အဖြေစောင့်နေတုန်းပါ” ဒေါက်တာဇဝနကို ကပြောသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၁၀) ဦး ရှိပြီး လူနာ အားလုံး ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ အတည်ပြု လူနာ ၃၄၃ ဦး ၊ ပြန်လည်သက်သာလာသူ ၂၈၂ ဦး ၊ သေဆုံးသူ ၆ ဦး နှင့် လက်ရှိ ကုသဆဲလူနာ (၅၅ ) ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းမှ နေရပ်ပြန် သျှမ်းပြည်သား ၁၀၀ကျော် COVID-19 စစ်ဆေးနေ

0
ထိုင်းနိုင်ငံမှ ပြန်လာသည့် သျှမ်းပြည်တောင်ပိုင်း ရွှေ့ပြောင်းအလုပ်သမား (၁၀၀) ကျော် ၏ ဓာတ်ခွဲနမူနာများကို ယူဆောင် စစ်ဆေးထားကြောင်း စုံစမ်းသိရသည်။ အဆိုပါ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်သည် ထိုင်းနိုင်ငံ မဲဆောက်မှ မြဝတီနယ်စပ်ဂိတ်သို့ဝင်လာပြီး ထိုမှ တဆင့် သျှမ်းပြည်သို့ပြန်လာသည်သူများဖြစ်ကြောင်း သိရသည်။ ထိုနေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၁၁၂...

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ ပြန်လည်ဝင်မည့် ရွှေ့ပြောင်းအလုပ်သမား ၁၈၀ကျော်ရှိ

0
ထိုင်းနိုင်ငံမှ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ယနေ့ (ဇူလိုင် ၈)ရက် တွင် ပြန်လည် ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၈၀) ကျော် ရှိမည်ဟု စုံစမ်းသိရသည်။ ထိုင်းနိုင်ငံမှ တာချီလိတ်မြို့သို့ပြန်လည်ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ( ၁၈၀) ကျော် ထဲတွင် ထိုင်း နိုင်ငံတွင်...

ပင်လုံတွင် ထိုင်းပြန် ရွှေ့ပြောင်းအလုပ်သမား ၈၀ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ်တွင် ထိုင်းမှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမား ၈၀ကျော် ရှိကြောင်း စုံစမ်းသိရသည်။   အဆိုပါ ထိုင်းမှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ကရင်ပြည်နယ်မြဝတီ ဘက်မှ တဆင့် ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်။ ထိုရွှေ့ပြောင်းအလုပ်သမားများသည် ယနေ့(ဇွန် ၁၇)ရက်တွင် ပင်လုံမြို့နယ် သို့ ရွှေ့ပြောင်းအလုပ်သမား ၄၀ဦး ပြန်ရောက်လာပြီး၊ ဇွန်...