Tuesday, January 27, 2026

ထိုင်းမှ နေရပ်ပြန် သျှမ်းပြည်သား ၁၀၀ကျော် COVID-19 စစ်ဆေးနေ

ထိုင်းနိုင်ငံမှ ပြန်လာသည့် သျှမ်းပြည်တောင်ပိုင်း ရွှေ့ပြောင်းအလုပ်သမား (၁၀၀) ကျော် ၏ ဓာတ်ခွဲနမူနာများကို ယူဆောင် စစ်ဆေးထားကြောင်း စုံစမ်းသိရသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်သည် ထိုင်းနိုင်ငံ မဲဆောက်မှ မြဝတီနယ်စပ်ဂိတ်သို့ဝင်လာပြီး ထိုမှ တဆင့် သျှမ်းပြည်သို့ပြန်လာသည်သူများဖြစ်ကြောင်း သိရသည်။

ထိုနေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၁၁၂ ဦးသည် ယနေ့ ဇူလိုင် ၁၃ ရက်က တောင်ကြီးမြို့ ကွန်ပျူတာ တက္ကသိုလ်တွင် တည်းခိုနေထိုင်ပြီး၊ ထိုရွှေ့ပြောင်းအလုပ်သမားများ၏ နှာခေါင်းတို့ပတ် Nasopharyngeal Swab နှင့် အာခေါင်တို့ပတ် Oropharyngeal Swab တို့အား ဓာတ်ခွဲနမူနာ စစ်ဆေးရန် ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

ယနေ့ အချိန်ထိ မြဝတီနယ်စပ်ဂိတ်မှ တဆင့် သျှမ်းပြည်သို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၂၁၂ ဦး ရှိပြီး တို့ပတ်များယူဆောင် စစ်ဆေးထားသူ ၁၇၅၉ ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။

Swab ယူပြီး စစ်ဆေးသူထဲများထဲမှ ကိုဗစ် – ၁၉ ရောဂါ ပိုးမတွေ့ရှိသူ (၁၆၃၀) ဦး ရှိပြီး ကျန်သည့်သူတွင် အဖြေစောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် မှသိရသည်။

၄င်းတို့အနက် Swab ယူရန် ကျန်ရှိသူ (၄၅၃) ဦးရှိကြောင်း သျှမ်းပြည်နယ် အစိုးရ အဖွဲ့ ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ထံမှ သိရသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ (၁၀) ဦးရှိပြီး ( ၉ ) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ အတည်ပြု လူနာ (၃၃၁) ဦးရှိပြီး၊ ပြန်လည်သက်သာလာသူ (၂၆၁)၊ သေဆုံး (၆) ဦး နှင့် ဆေးရုံမှ ဆေးကုသမှု ခံယူသူ (၇၀) ဦး ကျန်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကိုဗစ်ကြောင့် ထိုင်းမှ သျှမ်းပြည် တောင်ကြီးသို့ ရွှေ့ပြောင်းအလုပ်သမား ၂၅၀၀ ခန့် ပြန်လာ

0
ထိုင်းနိုင်ငံ မှ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် သို့ ၂လ အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၅၀၀ ခန့်ပြန်လာကြောင်း စုံစမ်းသိရသည်။ ထိုမြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံ မဲဆောက် မှ ကရင်ပြည်နယ် မြဝတီသို့ ပြန်လည်ဝင်လာပြီး၊ ထိုမှတဆင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးသို့ ပြန်လာသည့်သူများဖြစ်ကြသည်။ ထိုသူများသည် မေ (၂၇)...

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ ပြန်လည်ဝင်မည့် ရွှေ့ပြောင်းအလုပ်သမား ၁၈၀ကျော်ရှိ

0
ထိုင်းနိုင်ငံမှ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ယနေ့ (ဇူလိုင် ၈)ရက် တွင် ပြန်လည် ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၈၀) ကျော် ရှိမည်ဟု စုံစမ်းသိရသည်။ ထိုင်းနိုင်ငံမှ တာချီလိတ်မြို့သို့ပြန်လည်ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ( ၁၈၀) ကျော် ထဲတွင် ထိုင်း နိုင်ငံတွင်...

ပင်လုံတွင် ထိုင်းပြန် ရွှေ့ပြောင်းအလုပ်သမား ၈၀ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ်တွင် ထိုင်းမှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမား ၈၀ကျော် ရှိကြောင်း စုံစမ်းသိရသည်။   အဆိုပါ ထိုင်းမှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ကရင်ပြည်နယ်မြဝတီ ဘက်မှ တဆင့် ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်။ ထိုရွှေ့ပြောင်းအလုပ်သမားများသည် ယနေ့(ဇွန် ၁၇)ရက်တွင် ပင်လုံမြို့နယ် သို့ ရွှေ့ပြောင်းအလုပ်သမား ၄၀ဦး ပြန်ရောက်လာပြီး၊ ဇွန်...