ထိုင်းနိုင်ငံမှ တာချီလိတ်သို့ ပြန်လည်ဝင်မည့် ရွှေ့ပြောင်းအလုပ်သမား ၁၈၀ကျော်ရှိ

ထိုင်းနိုင်ငံမှ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ယနေ့ (ဇူလိုင် ၈)ရက် တွင် ပြန်လည် ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၈၀) ကျော် ရှိမည်ဟု စုံစမ်းသိရသည်။

ယနေ့ ထိုင်းနိုင်ငံမှ မြန်မာပြည် တာချီလိတ်သို့ပြန်ဝင်မည့် ရွှေ့ပြောင်းအလုပ်သမားများပုံ (Photo by U Htun Maesai/ Facebook)

ထိုင်းနိုင်ငံမှ တာချီလိတ်မြို့သို့ပြန်လည်ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ( ၁၈၀) ကျော် ထဲတွင် ထိုင်း နိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ချခံရပြီး ပြန်လွှတ်လာသည့် မြန်မာနိုင်ငံသား ( ၈) ဦးလည်း ပါဝင်ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနေ့ နေ့လည်ပိုင်း (၁) နာရီမှာ လက်ခံမှာပါ။ စာရင်း အတိအကျတော့ မသိရသေးဘူး။ (၁၈၀) ကျော် ပြန်ဝင်လာမယ်လို့ပဲ သိရပါတယ်” ဟု ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့ ထိုင်းနိုင်ငံမှ မြန်မာပြည် တာချီလိတ်သို့ပြန်ဝင်မည့် ရွှေ့ပြောင်းအလုပ်သမားများပုံ (Photo by U Htun Maesai/ Facebook)

ထိုင်းမှ ပြန်လည်ဝင်လာသည့် ရွှေ့ပြောင်းအလုပ်သမား(၁၈၀) ကျော်ထဲတွင် ဒေသခံ မဟုတ်သည့် သူများကို သက်ဆိုင်ရာမြို့နယ် သို့ပြန်လည် ပို့ဆောင်သွားမည် ဟု သိရသည်။

“ တာချီလိတ်ဒေသခံ တွေကိုတော့ ဒီမှာ Quarantine ထားရှိမယ်။ ဒေသခံ မဟုတ်တဲ့ သူတွေကို သက်ဆိုင်ရာ မြို့နယ်ကိုပို့ပြီး၊ သူတို့ မြို့နယ် မှာ Quarantine ပြန်ဝင်ရမယ်” ဟု ဦးချမ်းမြေ့စော က ဆိုသည်။

ယနေ့ ထိုင်းနိုင်ငံမှ မြန်မာပြည် တာချီလိတ်သို့ပြန်ဝင်မည့် ရွှေ့ပြောင်းအလုပ်သမားများပုံ (Photo by U Htun Maesai/ Facebook)

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချခံရပြီးပြန်လွှတ်လာသည့် (၈)ဦးသည်တာချီလိတ်ဒေသခံများဖြစ်သည့်အတွက် တာချီလိတ်တွင် Quarantine (၂၁ )ရက် ထားရှိသွားမည် ဟု ဦးချမ်းမြေ့စော က ပြောသည်။

ကိုဗစ် -၁၉ ကပ်ရောဂါ ကြောင့် ကမ္ဘာတဝှမ်းရှိ စက်ရုံများ အလုပ်ရုံများ၊ လေကြောင်းလိုင်းများ နှင့် ကားလိုင်းများ ရပ်ဆိုင်းထားခံရ သကဲ့သို့ ထိုင်းနိုင်ငံတွင် လည်း လုပ်ငန်းခွင်များစွာ ရပ်ဆိုင်းခဲ့ရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံသို့ နေ့စဉ် နှင့် အမျှ ပြန်လည်ဝင်ရောက်လာသည်။

လက်ရှိ သျှမ်းပြည်အတွင်းသို့ ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ ကျော် ရှိကြောင်းသိရသည်။

Leave a Comments

SHARE