Tuesday, January 27, 2026

ပင်လုံတွင် ထိုင်းပြန် ရွှေ့ပြောင်းအလုပ်သမား ၈၀ရောက်ရှိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ်တွင် ထိုင်းမှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမား ၈၀ကျော် ရှိကြောင်း စုံစမ်းသိရသည်။

 

Photo by Nang Myint Myint Swe/ Facebook

အဆိုပါ ထိုင်းမှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ကရင်ပြည်နယ်မြဝတီ ဘက်မှ တဆင့် ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်။

ထိုရွှေ့ပြောင်းအလုပ်သမားများသည် ယနေ့(ဇွန် ၁၇)ရက်တွင် ပင်လုံမြို့နယ် သို့ ရွှေ့ပြောင်းအလုပ်သမား ၄၀ဦး ပြန်ရောက်လာပြီး၊ ဇွန် ၁၅ရက်တွင်ရွှေ့ပြောင်းအလုပ်သမား ၄၁ဦးရောက်ရှိလာကြောင်း၊ လွိုင်လင်မြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော် အမတ် နန်းမြထွေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။d

Photo by Nang Myint Myint Swe/ Facebook

“သူတို့ရဲ့ ဓါတ်ခွဲနမူနာ ယူပြီးတော့ ၅ ရက်မြောက်နေ့မှာ စစ်ဆေးသွားမယ်။ Negative ဖြစ်ရင် သက်ဆိုင်ရာ မြို့နယ်တွေကို ပြန်လို့ရပါပြီ” ဟု ပြည်နယ် လွှတ်တော်အမတ် နန်းမြထွေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို ရွှေ့ပြောင်းအလုပ်သမားများ (၈၁) ဦးကို ပင်လုံတက္ကသိုလ်တွင်ထားရှိပြီး၊ Quarantine ဝင်သည့်သူများထံ စားစရိတ်ကောက်ခံကြောင်း၊ ငွေကြေး မထည့်နိုင်သည့် သူများလည်းရှိကြောင်းသိရသည်။

Photo by Nang Myint Myint Swe/ Facebook

“Quarantine ဝင်တဲ့သူ အားလုံးကို သူတို့စားသောက်ဖို့အတွက် စားစရိတ်တွေ ထည့်ရတယ်။ ဒါပေမယ့် တစ်ချို့က ထည့်နိုင်တယ်။ တစ်ချို့က မထည့်နိုင်ဘူး။ အစိုးရဘက်ကတော့ တစ်နေ့ကို တစ်ယောက် ၂ ထောင်နှုန်းနဲ့ ထောက်ပံ့ပေးတယ်။ ဒါပေမယ့် လုံလောက်မှု မရှိဘူး” ဟု လွှတ်တော်အမတ် နန်းမြထွေး က ဆိုသည်။

ပင်လုံမြို့နယ်အတွင်းသို့ ထိုင်းမှ ပြန်လာမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ကျော်ထပ်မံ ရောက်ရှိလာရန်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တဆင့် ကရင်ပြည်နယ် မြဝတီသို့ ပြန်လည်ဝင်ရောက်မည့် သျှမ်းပြည်သို့ လာမည့် ရွှေ့ပြောင်း အလုပ်သမား (၂၀၀၀) ကျော် ရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူနည်းပါး၊ လူထုစိတ်မဝင်စား

0
သျှမ်းပြည် လွိုင်လင်မြို့နယ်ရှိ လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်မြို့များတွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ နည်းပါးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်လင်မြို့နယ်လည်း ပါဝင်ပြီး လွိုင်လင်မြို့၊ ပင်လုံမြို့၊ မိုင်းပွန်မြို့နှင့်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

တောင်ကြီး – ပင်လုံကြား ကျောက်တန်းလမ်း လက်နက်ကိုင် စစ်ဆေးရေးဂိတ်များလာ

0
သျှမ်းပြည် တောင်ကြီး - ပင်လုံကြား ရှိ ကျောက်တန်းလမ်းတွင် လက်နက်ကိုင် စစ်ဆေးရေးဂိတ်များလာကြောင်း စုံစမ်းသိရသည်။ လွိုင်လင် နှင့် မိုင်းပွန်ကြားတွင် မကြာခဏ တောင်ပြိုမှုကြောင့် ကားသမားများက ကျောက်တန်းလမ်းကို အသုံးပြုသွားလာနေရကြောင်း ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ လက်နက်ကိုင် စစ်ဆေးရေး ဂိတ်များ လာကြောင်း အသက် ၄၀...

ပင်လုံတွင် PNO စစ်သားစုဆောင်းလို့ လူငယ်များထွက်ပြေးနေရ 

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ပင်လုံ(အရှေ့) ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် (PNO) မှ စစ်သားစုဆောင်းနေတာကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို တရားဝင်ပြဌာန်းခဲ့ပြီးနောက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့မှ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ရပ်ရွာအလိုက် မဲနှိပ်ကာ တပ်သား စုဆောင်းခြင်းများ...

ပင်လုံ SSPP တပ်စခန်းနေရာကို စစ်ကောင်စီတပ် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲ

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့အနီး ဆနင်းတောင်ကြောရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၇ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ပင်လုံမြို့အနီး ဆနင်းတောင်ကြောပေါ် နားစင်းရွာ...