Tuesday, January 27, 2026

အလုပ်အကိုင်ရှားပါးမှုကြောင့် မူးယစ်ဆေး သုံးစွဲသူများလာ

အလုပ်အကိုင် အခွင့်အလမ်းနည်းသည့်အတွက် မူးယစ်ဆေးဝါး သုံးစွဲသူများ လာကြောင်း ပအိုဝ်းလူငယ် အစည်းအရုံးမှ သုတေသန စာတမ်း အရ သိရသည်။

လူငယ်နှင့် မူးယစ်ဆေးဝါး ဖိုရမ် ဓာတ်ပုံ

အဆိုပါ သုတေသန စာတမ်းကို ဇူလိုင် (၂၇) ရက်က သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စိန့်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံ တွင် “ အကူအညီလိုအပ်နေသူများ” ဆိုသည့် မူးယစ်ဆေးဝါး သုတေသန စာတမ်း နှင့် ပတ်သတ်ပြီး လူငယ်နှင့် စိတ်ကြွဆေးပြား (ATS)ဖိုရမ်ကိုလည်း ပြုလုပ်ခဲ့သည်။

“အဓိကကတော့ အလုပ်အကိုင်အခွင့်အလမ်း မရှိတာ ဖွံ့ဖြိုးရေးပိုင်းဆိုင်ရာတွေ မရှိတာရယ် အဲ့ကြောင့် သုံးစွဲတာဖြစ်သွားတယ်။ ၁ နှစ်ကျော် အချိန်ယူပြီး သုတေသန လုပ်ရတယ်” ဟု Program Manager နန်းခမ်းဗို က ပြောသည်။

“ အကူအညီ လိုအပ်နေသူများ” သုတေသန စာတမ်း အရ မူးယစ်ဆေးဝါး သုံးစွဲသူ အများစုသည် အသက် ၁၆ မှ ၅၀ ထိ ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း ဖွံ့ဖြိုးမှု လိုအပ်နေသည့် ဒေသသများတွင် အများဆုံး ဖြစ်ကြောင်း သုတေသန စာတမ်းအရ သိရသည်။

ဆက်လက်ပြီး နန်းခမ်းဗို က “အပေါင်းအသင်းတွေ ပေါင်းမှားတာ။ အလုပ်အကိုင်အခွင့်အလှမ်းမရှိခြင်း ပညာပေး မရှိတာကြောင့် လမ်းမှားပြီး ရောက်သွားတာတွေ ရှိတယ်။ အဓိကကတော့ အလုပ်အကိုင်အခွင့်အလမ်း မရှိတာ ဖွံ့ဖြိုးရေးပိုင်းဆိုင်ရာတွေ မရှိတာရယ် အဲ့ကြောင့် သုံးစွဲတာဖြစ်သွားတယ်” ဟု ဆိုသည်။

အဆိုပါ သုနေတသန စာတမ်းကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း နှင့် လွိုင်လင် ၊ တောင်ကြီး မြို့နယ်သို့ တနှစ်ကျော် ကွင်းဆင်းပြီး ပြုလုပ်ခဲ့ကြောင်းသိရသည်။

“ မူးယစ်ဆေးဝါးက နိုင်ငံအတွက်ရော ပအိုဝ်းဒေသအရေးအတွက်ရော အရမ်းအရေးကြီးနေတဲ့ချိန်ဖြစ်နေတယ်။” ဟု နန်းခမ်းဗို က ထပ်လောင်းပြောသည်။

ထို့ပြင် မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်များကို အပြစ်ပေး အရေးယူသည်ထက် ကူညီရန်လိုအပ်ကြောင်း၊ ကြိုတင်ကာကွယ်သည့်အနေဖြင့် ပညာပေး ပြုလုပ်ရန်လိုအပ်ကြောင်း၊ ဒေသအလွှာအသီးသီး ပူးပေါင်းပါဝင်နိုင်မှသာလျှင် မူးယစ်ဆေးဝါး နွံတွင်း ရုန်းထွက်နိုင်မည် ဟုလည်း သုတေသန စာတမ်းတွင်းရေးသားဖော်ပြထားသည်။

ယခုနှစ်အတွင်း သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ကျပ်သိန်း ဘီလီယံ ၄၁၄ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင အသုံးပြုသည့် ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်၊ မူးယစ်ဆေး တစ်သန်းကျော် သိမ်းဆည်းရမိ

0
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးသယ်ဆောင်လာသည်ဟု ယူဆရသည့်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးအသေဖမ်းမိကြောင်း သတင်းသိရသည်။ တောင်တက်ကျောပိုးအိတ်ရှစ်လုံး ထဲတွင် မက်သာဖက်တမင်းဆေးပြား စုစုပေါင်း ၁,၂၀၀,၀၀၀ ခန့်နှင့် သေနတ်နှစ်လက်ကိုလည်း ထိုင်းအာဏာပိုင်များက...