Tuesday, January 27, 2026

သျှမ်းတောင် စောင့်ကြည့်လူနာ ၂၀၀ ကျော် ကိုဗစ် ပိုး ထပ်မံပို့ဆောင်စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း စောင့်ကြည့်လူနာ ၂၀၀ ကျော် တွင် ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ ရန်ကုန်အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာန သို့ ထပ်မံ ပို့ဆောင်စစ်ဆေးထားကြောင်း စုံစမ်းသိရှိရသည်။

Photo by SHAN

ယနေ့ ဇူလိုင် ၂၈ ရက်တွင် သျှမ်းပြည်တောင်ပိုင်းရှိ Quarantine Center မှ စောင့်ကြည့်လူနာ စုစုပေါင်း ၂၁၅ ဦး ရှိပြီး ဓါတ်ခွဲ နမူနာ ပို့ဆောင် စစ်ဆေးထားကြောင်း ပြည်နယ် အထူးရောဂါ နှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို ထံမှ သိရသည်။

“သျှမ်းတောင်မှာရှိတဲ့ မြို့နယ် ၁၂ ခုရဲ့ ဓါတ်ခွဲနမူနာ ၂၁၅ ဦး ကို ပို့ဆောင်စစ်ဆေးထားပါတယ်။” ဟု ဒေါက်တာဇဝနကို က ပြောသည်။

ထိုမြို့နယ် ၁၂ ခုမှာ ကျေးသီး ၈ ဦး၊ ညောင်ရွှေ ၃၀ ၊ တောင်ကြီး ၉၈ ၊ မောက်မယ် ၃ ဦး၊ ကွန်ဟိန်း ၇ ဦး၊ နမ့်စန် ၈ ဦး၊ ဖယ်ခုံ ၁ ဦး ၊ မိုးနဲ ၅ ဦး၊ မိုင်းပန် ၅ ဦး၊ ရပ်စောက် ၃၅ ဦး၊ လင်းခေး ၁၃ ဦး၊ လွိုင်လင် ၂ ဦး စသည်တို့ ဖြစ်သည်။

ကရင်ပြည်နယ် မြဝတီမှတစ်ဆင့် သျှမ်းပြည်အတွင်းသို့ မေ ၂၇ ရက်မှ ဇူလိုင် ၂၇ အထိ ထိုင်းနိုင်ငံမှ ပြန်၀င်လာသူ ရွှေ့ပြောင်းအလုပ်သမား ၂၅၈၃ ဦး ရှိကြောင်း သျှမ်းပြည်နယ် အစိုးရ အဖွဲ့မှ လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း ထံ သိရသည်။

အဆိုပါပြန်၀င်လာသူများအား ဓါတ်ခွဲနမူနာ စစ်ဆေးပေးရာတွင် လက်ရှိ ဓါတ်ခွဲနမူနာယူရန် ၅၂၂ ဦး ကျန်ရှိနေသေးကြောင်း ဒေါက်တာမျိုးထွန်း ထံ သိရသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၁၀) ဦးရှိပြီး လူနာ (၁၀) ဦး စလုံး ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း သျှမ်းပြည်နယ် အစိုးရထံ မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ (၃၅၀) ဦး၊ ပြန်လည် သက်သာလာသူ( ၂၉၂)ဦး ၊ သေဆုံးသူ (၆) ဦး နှင့် ယခု လက်ရှိလူနာ (၅၂ ) ဦး ကျန်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်နှင့် ကရင်နီတွင် စစ်ရေးဖောင်ဆောင်ရန်အတွက် SSNDF တပ်သားသစ်ခေါ်ယူ

0
သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်အတွင်းရှိ စစ်ကောင်စီတပ်များကို အမြန်ဆုံး တိုက်ထုတ်နိုင်ရန်အတွက် သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF/ KNDF က တပ်သားသစ်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ရှေ့တန်းစစ်မျက်နှာပြင်တွင်ရှိသော စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) မှ SSNDF/ KNDF B-103...

ပဋိပက္ခကြား မူးယစ်ဆေး သုံးစွဲမှု ပိုကြီးထွားနေ

0
“WY ဆေးနှစ်ပြားလောက် သုံးထားရင် အရမ်းကို နေလို့ကောင်းသွားတယ်၊ မပင်ပန်းဘူး” လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တစ်ဦးဖြစ်တဲ့ ကိုမောင်ငယ်က ပြောနေပါတယ်။ ကိုမောင်ငယ်က စိုက်ပျိုးရေးလုပ်ကိုင်သူ ဖြစ်တဲ့အလျောက် ပေါက်ပြားတစ်လက်နဲ့ ခြံဆွရတယ်။ တောတွေ ရှင်းရတယ်၊ ထင်းခုတ်ရတယ်။ ဒီအလုပ်က သူ့ရဲ့နိစ္စဓူဝ လုပ်ရတော့ ပင်ပန်းမှုတွေ ဖြစ်လာတဲ့အတွက် တစ်ရက် “၁၀၀၀”ကျပ်...

သျှမ်းပြည်တောင်ပိုင်း စစ်ရှောင်များအတွက် သန္ဓေတားဆေး ပြတ်လပ်မှုဖြစ်လာနိုင်

0
သျှမ်းပြည်တောင်ပိုင်းအတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ဆေးဝါးပြတ်လပ်မှု စတင်ကြုံတွေ့နေရပြီး အမျိုးသမီးများအတွက်လည်း အရေးပေါ် သန္ဓေတားဆေး ပြတ်လပ်မှု ဖြစ်လာနိုင်ကြောင်း သတင်းရရှိသည်။ လက်ရှိ ဆေးဝါးပြတ်လပ်နေသည့် စစ်ဘေးရှောင်စခန်းများမှာ ဆီဆိုင်၊ အင်းလေးဒေသ နှင့် သျှမ်း-ကရင်နီ နယ်စပ်တကြော ဖြစ်သည်။ “ကျမတို့ဆီမှာက ဆေးဝါးတွေကတော့ စပြတ်နေပြီ၊ အမျိုးသမီးတွေ အတွက်ကတော့ သန္ဓေတားဆေး...

ခေါင်းစဉ်အမျိုးမျိုးဖြင့် သျှမ်းတောင်မှ ပြည်သူများ အခွန်အခများထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ တောင်ကြီးနှင့် အနီးတဝိုက်မြို့နယ်များအတွင်း မီးမလာသော်လည်း မီတာခများမြင့်တက်လာသည့်အပြင် ပြည်သူများမှာ ခေါင်းစဉ်အမျိုးမျိုးဖြင့် အခွန်ဆောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ မီတာခများအား တစ်ယူနစ် ကျပ်(၃၀)မှ ကျပ်(၅၀) ထိ တိုးမြှင့်ကောက်ခံခဲ့ပြီသော်လည်း လက်ရှိတွင်...

သျှမ်းတောင် ရေကြီးမှုနောက်ဆက်တွဲ ကုန်စိမ်းသီးနှံဈေးနှုန်းများ နှစ်ဆကျော် မြင့်တက်

0
ရေကြီးမှုဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသော သျှမ်းပြည်တောင်ပိုင်းတွင် နောက်ဆက်တွဲအဖြစ် ကုန်စိမ်းဈေးနှုန်း ထပ်မံမြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိသည်။ စက်တင်ဘာလ ပထမအပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် သျှမ်းပြည်တောင်ပိုင်းတွင် နေရာအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်ယာစိုက်ခင်းများ၊ သီးနှံစိုက်ခင်းများစွာ ပျက်စီးခဲ့ပြီးနောက် လက်ရှိတွင် ကုန်စိမ်းပစ္စည်း ဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း အောင်ပန်းမြို့...