Wednesday, January 28, 2026

မောက်မယ်မြို့ သင်္ချိုင်းမြေ တွင် ဘော်လုံးကွင်း တည်ဆောက်ရန် ကန့်ကွက်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်း ဘော်လုံးကွင်း၊ တည်ဆောက်မည့် နေရာသည် သင်္ချိုင်းမြေဖြစ်နေသဖြင့် သျှမ်းထုံးတမ်းစဉ်လာအရ ထိခိုက်မည်ကို စိုးရမ်သဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဘော်လုံးကွင်း တည်ဆောက်မည့် မြေနေရာ ( ဓာတ်ပုံ မောက်မယ် ဒေသခံ တဦး)

ထို့ကြောင့် မြေနေရာကို အားကစားကွင်း ဆောက်လုပ်ရန်အတွက် ဒေသခံ လူငယ် (၈၀) ခန့်က မြေစာရင်းရုံးတွင် ကန့်ကွက်စာ တင်ထားကြောင်း သိရသည်။

“ဒီအားကစားကွင်း မြေနေရာ လျာထားတဲ့နေရာက ဒေသခံ မကြိုက်တဲ့နေရာဖြစ်နေတဲ့အတွက်ကြောင့်မလို့ ကန့်ကွက်ရခြင်းဖြစ်တယ်။ သင်္ချိုင်းမြေလည်း ဖြစ်တယ်။ ပြီးတော့ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။” ဟု မောက်မယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းဖွေးဟွမ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုဘော်လုံးကွင်း ဆောက်သည့် ကိစ္စသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ဘော်လုံးကွင်း တည်ဆောက်မည့်ကိစ္စကိုလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံတစုံတရာ အကြောင်းကြားခြင်း မရှိကြောင်းလည်း နန်းဖွေးဟွမ်ဦး ကပြောသည်။

“ အမှန်ဆို ကျမရဲ့ မဲဆန္ဒနယ် ဖြစ်တယ် ဒီကိစ္စကို လုပ်တဲ့ချိန်မှာ ကျမ ကိုယ်တိုင်လည်း မသိရဘူး” ဟု နန်းဖွေးဟွမ်ဦးက ဆိုသည်။

ဘော်လုံးကွင်း တည်ဆောက်မည့် မြေနေရာ ( ဓာတ်ပုံ မောက်မယ် ဒေသခံ တဦး)

ထို အားကစားကွင်းဆောက်လုပ်ရန်အတွက် လွှတ်တော်ရန်ပုံငွေ နှင့် တစ်ပိုင်းတစ်စ အကောင်အထည်ဖော်ထားကြောင်း၊ ပြည်ထောင်စု အဆင့်တွင် ဘတ်ဂျတ်တောင်းခံထားပြီး ဘတ်ဂျတ် ကျလာပါက ဆက်လက် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မောက်မယ်မြို့နယ် ဘောလုံး အဖွဲ့ချုပ်၏ ဥက္ကဌ ဦးစိုင်းစိုးထိုက် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“အခု အကောင်အထည်ဖော်နေတာကတော့ မြို့နယ် ဘောလုံးကွင်းအသစ်ပေါ့ အားကစားရုံတွေ ဘာတွေနဲ့ အဲ့လိုမျိုး ကျနော်တို့က ပြည်ထောင်စု ဘတ်ဂျတ်နဲ့ အဲ့လိုမျိုး ဖော်ချင်တာပေ့ါ” ဟု ဦးစိုင်းစိုးထိုက် က ပြောသည်။

လက်ရှိ အားကစားဖော်ဆောင်သည့်နေရာသည် မြို့ နှင့် ဝေးသည့် အတွက် လူငယ်များက သဘောမကျကြောင်းလည်း ဦးစိုင်းစိုးထိုက် က ပြောသည်။

“ဘာလို့ ကန့်ကွက်ကြတာလဲဆိုတော့ သူတို့က မြို့ပြင်ဖြစ်လို့ ဆိုပြီးတော့ ကန့်ကွက်ထားတယ်။မြို့ပြင်ဆိုတော့လည်း မြို့ခြံစည်းရိုးပဲ ခြားထားပါတယ်။ ဆိုင်ကယ်နဲ့ သွားရင် တစ်မိနစ်တောင်မကြာဘူး” ဟု ဦးစိုင်းစိုးထိုက် က ဆိုသည်။

မောက်မယ်မြို့နယ်တွင် သီးသန့် ဘောလုံးကွင်း မရှိဘဲ အများပြည်သူပိုင် မြေနေရာတွင် ဂေါက်ကွင်းရိုက်ခြင်း ၊ ဘောလုံးကစားခြင်း၊ အားကစားပြုလုပ်ခြင်း နှင့် ပွဲလမ်းသဘင် လုပ်လျှင်လည်း ထို ကွင်းမှာ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောက်မယ်မြို့ ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်မောက်မယ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၇ ရက်) မနက် ၃ နာရီခွဲကျော်စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မောက်မယ်မြို့တွင် ချောင်းရေမြင့်တက်ပြီး ကွန်ကိုင်းရပ်ကွက်၊ဈေးတန်းရပ်ကွက်၊မွှေတော်ရပ်ကွက် စသည့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရေတွေကတော့...

စစ်ရှောင်ပြီး နေရပ်ပြန်ရောက်သည့် ကဒူးကြီးဒေသမှ ကလေးငယ်များ နှာစေးချောင်းဆိုးဖြစ်

0
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီး ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ထွက်ပြေးရသည့် ဒေသခံ ကလေးငယ်များ ရွာလုံးကျွတ်နီးပါး နှာစေးချောင်းဆိုးနေကြကြောင်း စုံစမ်းသိရသည်။ ကဒူးကြီးဒေသ စစ်ရှောင်ထွက်ပြေးသည့် ကလေးငယ်များ ပြီးခဲ့သည့် ဧပြီလ အစပိုင်းကာလ၌ မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နားဟီးကျေးရွာအုပ်စုမှ နမ့်ပါတက်ရွာ အနီး RCSS/SSA နှင့်...

မောက်မယ်မြို့နယ်အတွင်း RCSS နှင့် PNLO ထိတွေ့တိုက်ပွဲအကြား ထိခိုက်သေဆုံးမှုများရှိ

0
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/ PNLA) ထိတွေ့တိုက်ပွဲအကြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့တွင် မောက်မယ်မြို့နယ်၊...

မောက်မယ် Local Semi lockdown ကာလ ကိုဗစ်ကူးစက်မှု ပိုမြင့်တက်

0
သျှမ်းတောင် မောက်မယ်မြို့နယ်တွင် Local Semi Lockdown သတ်မှတ်ထားသော်လည်း ကိုဗစ်ကူးစက်မှု ပိုမိုမြင့်တက်လာကြောင်း သတင်းသိရသည်။ မောက်မယ်မြို့နယ်တွင် နိုဝင်ဘာလ (၂)ရက်နေ့က စပြီး Local Semi Lockdown သတ်မှတ်ထားတာဖြစ်ပြီး ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ရောဂါကူးစက်မှု တစ်ရက်လျှင် အယောက် (၄၀)နီးပါး ကိုဗစ်တွေ့ရှိကြောင်း ဒေသခံထံမှ...

ကိုဗစ်ကာလအစိုးရ ရက်ထပ်တိုးချိန် မောက်မယ်မြို့ ပြည်သူ့လွှတ်တော်အမတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

0
ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ  လူစုလူဝေး မပြုလုပ်ရေး  နေပြည်တော်အစိုးရမှ ဇူလိုင်လ ၁၅ ရက်အထိ တိုးမြင့်သတ်မှတ်ထား ချိန် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့  တွင်ဂေါက်သီး  ရိုက်ပြိုင်ပွဲ ကျင်းပနေကြောင်း ဒေသအတွင်း သတင်းရပ်ကွက်မှသိရပါသည်။ ၂၀၂၀ ခု ဇွန်လ ၂၇ ညနေပိုင်းက လင်းခေးခရိုင် မောက်မယ်မြို့တွင်...